BREAKING
July 27, 2024
EN MM

ကျန်းမာရေး

တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိ၊ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်မပြုနိုင်သေး

diz_admin

July 15, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်က ကိုဗစ်ဂေါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းစစ်ဆေးတွေ့ရှိသည့် ကိုဗစ်မှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲအသစ် ဟုတ်မဟုတ် အတည်မပြုမနိုင်ကြောင်း ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့တွင် ကူးစက်မြန် အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်  BA.4 နှင့် BA.5 ကူးစက်မှုစတင်တွေ့ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် ယင်းမျိုးကွဲသစ် ကူးစက်ခံရကြောင်း  စစ်ဆေးတွေ့ရှိထားပြီး ဖြစ်သည်။ ယင်းအတွက်ကြောင့် ယခုရေဖြူမြို့တွင် စစ်ဆေးတွေ့ရှိသော ကိုဗစ်‌ရောဂါမှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲသစ် ဟုတ်မဟုတ် သိရှိနိုင်ရန် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကို Dawei Watch ယနေ့ဆက်သွယ်မေးမြန်း ခဲ့ခြင်းဖြစ်သည်။ အသစ်ထွက်‌ပေါ်လာသော ကိုဗစ်မျိုးကွဲများအား ဓာတ်ခွဲစစ်ဆေးမူများကို ရန်ကုန်၊ မော်လမြိုင်မြို့တို့တွင်သာ စစ်ဆေးလေ့ရှိပြီးမှ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်ပြုထုတ်ပြန်လေ့ရှိသည်။ ယခုပိုးတွေ့လူနာကိုမူ ထားဝယ်မြို့တွင်သာ စစ်ဆေးထားခြင်းဖြစ်ပြီး ကိုဗစ်မျိုးကွဲအသစ်ဟုတ်မဟုတ် စစ်ဆေးရန် […]

အဆိုးကျော့သံသရာထဲက အရေးပေါ်လူနာတင်ကား ပရဟိတများ

diz_admin

July 10, 2022

အရေးပေါ်လူနာတင်ကား အကူအညီပေးရေးအဖွဲတွေ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပြီး အဖွဲ့တော်တော်များများက ရပ်ဆိုင်းလုလုဖြစ်နေပါပြီ။ “အဖွဲ့မှာရှိတဲ့ ရန်ပုံငွေကလည်း ကုန်လာပြီဆိုတော့ ဒီလကုန်ဆိုရင် (ဇူလိုင်လကုန်) ရပ်နားဖို့အခြေအနေများတယ်” လို့ ဆိုလာသူက ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်) ဥက္ကဌ ဦးနိုင်မျိုးသွင်။ ဇမ္ဗူသီရိအဖွဲ့က လုပ်ဆောင်ပေးနေတဲ့ လူနာသယ်ဆောင်ရေးအပါအဝင် လူမူကူညီရေးလုပ်ငန်းတွေအားလုံး ဇူလိုင်လအကုန်လောက်မှာ ရပ်နားရတော့မှာဖြစ်တယ်လို့ သူကပြောပြပါတယ်။ အာဏာမသိမ်းခင်က ထားဝယ်ခရိုင်က ကျေးရွာတိုင်းလိုလိုမှာ ပရဟိတအရေးပေါ် လူနာသယ်ဆောင်ရေး အဖွဲ့တွေရှိပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ လုံခြုံရေးအခြေအနေ၊ ယာဉ်မှတ်ပုံတင်ပြဿနာ စတဲ့အကြောင်းအရာတွေကြောင့် အချို့လူနာသယ်ဆောင်ရေး ပရဟိတအဖွဲ့တွေ ရပ်နားလိုက်ကြရပါပြီ။ အခုကတော့ ခက်ခဲလှတဲ့ အခြေအနေတွေကို တောင့်ခံရပ်တည်လာတဲ့ အ‌ရေးပေါ်လူနာသယ်ဆောင်ရေး လက်ကျန်ပရဟိတအဖွဲ့တွေပါ ရပ်နားရဖို့ဖြစ်လာတာပါ။ ကျေးလက်ပြည်သူတွေ အားကိုးရာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပူးပေါင်းပါဝင်ကြတဲ့ တနင်္သာရီတိုင်းက ဝန်ထမ်းတွေထဲမှာ […]

မွန်တွင် လူတစ်ထောင်ကျော် သွေးလွန်တုပ်ကွေးကူးစက်၊ သုံးဦးသေဆုံး

diz_admin

July 6, 2022

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ သုံးဦးအထိ ရှိလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိကာ ရေးမြို့နယ်က ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်က ကလေးနှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကလေးတွေ ဖျားရင် သတိထားရပါမယ်။ သွေးလန့်တဲ့လက္ခဏာတွေ အဖျားကျလာပြီးတော့ အေးစက်သွားတယ်၊ မှိန်းသွားတယ်၊ အန်တဲ့အခါ အညိုရောင်ဖြစ်တဲ့အခါ ဝမ်းအမဲရောင်ဖြစ်တာ၊ ဒါမျိုးလေး တစ်ခုခုဖြစ်တာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြကြဖို့ အချိန်မီကုသဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။ သွေးလွန်တုပ်ကွေးအဖြစ်များသည့် မြို့နယ်များမှာ မော်လမြိုင်၊ ပေါင်၊ […]

ကလေးတွေ ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတော့

diz_admin

July 3, 2022

ကလေးမွေးစမှ ၂လ၊ ၄လ၊ ၆လ၊ ၇လ၊ ၉လ၊ တစ်နှစ်၊ တစ်နှစ်ခွဲ စသဖြင့် ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးပေးကြရသည်။ ကာကွယ်ဆေး မထိုးပေးပါက ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းထိခိုက်မှုမှသည် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။ သို့သော် ကိုဗစ်ကပ်ဘေးနှင့် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးမှု လုပ်ငန်းစဉ်များ နေရာအများစုတွင် ရပ်ဆိုင်းသွားကြောင်း တွေ့ရသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းရှားပါးမှုနှင့်အတူ ပြည်သူများမှာ ကျန်းမာရေးအတွက် မြို့ပြကိုသာ အားပြုလာကြရသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျန်းမာရေး ဝန်ထမ်းများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။ ယင်းကြောင့် ကျန်းမာရေး ဝန်ထမ်းရှားပါးသည့် တနင်္သာရီတိုင်းတွင်လည်း ကလေးများမှာ ပုံမှန်ကာကွယ်ဆေးထိုးရန် အခက်အခဲများရှိနေပြီး ပိုက်ဆံတတ်နိုင်သူများက ပုဂ္ဂလိကဆေးရုံများတွင် သွားရောက်ထိုးနှံကြသည်။ […]

တိုက်ပွဲကြောင့် ဒဏ်ရာရပြီးထွက်ပြေးလာသည့် မြန်မာနှစ်ဦးကို ဆေးကုပေးထားသည်ဟု ထိုင်းပြော

diz_admin

June 29, 2022

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိပြီး ယနေ့ (ဇွန် ၂၉) ထွက်ပြေးလာသည့် ရွာသားနှစ်ဦးကို ထိုင်းနိုင်ငံဘက်က ဆေးဝါးကုသမှုပေးခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားကာ ယင်းသတင်းတွင် ဖော်ပြသည်။ မြဝတီမြို့နယ် ဝေါလေဒေသတွင် ယနေ့ နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်လာသဖြင့် ဒဏ်ရာရရှိလာသော ယင်းဒေသက ရွာသားနှစ်ဦးသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာပြီး အကူအညီတောင်းခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါရွာသားအမျိုးသားနှစ်ဦးမှာ အသက် ၃၀ နှင့် ၃၃ နှစ်အရွယ်တို့ဖြစ်ကြပြီး ဦးခေါင်းနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဌာနက တာဝန်ရှိသူများက ပြောဆိုသည်။ ဗုံးစထိမှန်ထားသည်ဟု စစ်ဆေးချက်အရသိရပြီး ၎င်းတို့ကို တာ့ခ်ခရိုင် ဖို့ဖရဆေးရုံသို့ ပို့ဆောင်ကာ […]

‘မျောက်ကျောက်’ ဆိုတာကြောက်စရာလား

diz_admin

May 23, 2022

Monkeypox အကြောင်းက လူသိနည်းသေးတယ် ဆိုပေမယ့် ဥရောပနိုင်ငံတွေ ဗြိတိန်၊ ပြီးတော့ အမေရိကန်ဘက်ခြမ်းမှာ အမေရိကန်နဲ့ကနေဒါ ၊ သမုဒ္ဒရာပိုင်းမှာ သြစတြေးလျ အထိ တွေ့နေရပါပြီ။ ပြီးခဲ့တဲ့ သောကြာနေ့ကတင် ဗြိတိန်မှာ ကူးစက်ခံရသူ (၂၀) လောက်ဖြစ်နေပါပြီ။ ကူးစက်မှုအသစ်တွေ (၁၁) ခုအထိ တွေ့နေရပြီးတော့ ရောဂါဝေဒနာတော့ အားပျော့တယ်လို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီး ဆာဂျစ်ဂျာဗစ် က ပြောကြားတယ်။ မျောက်ကျောက်ရောဂါကို ကာကွယ်ဖို့အတွက် ဗြိတိန်အစိုးရက ကျောက်ရောဂါ ကာကွယ်ဆေး တွေကို အဆင်သင့်ပြင်နေပါပြီ။ မျောက်ကျောက် (Monkeypox) ဟာ ဘယ်လောက်တွေ့ရများသလဲ မျောက်ကျောက် ဟာ monkeypox ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေကျောက်၊ ကျောက်ကြီး စတဲ့ smallpox ဗိုင်းရပ်စ် အနွယ်ဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ မျောက်ကျောက်က ပြင်းထန်မှုအားပိုပျော့ပြီး ကူးစက်ခံရမှုနူန်းက နိမ့်တယ်။ အပူပိုင်းမိုးသစ်တောတွေနဲ့ နီးတဲ့ အာဖရိက […]