သားဆက်ခြားကျန်းမာရေး ဘေးကင်းရန်လိုသည်
Dawei Watch
December 2, 2023အဆင်သင့် မဖြစ်သေးသည့်အချိန် ကလေးတစ်ယောက်မွေးပြီး ပြုစုစောင့်ရှောက်ရမည့်အရေးမှာ အင်မတန်ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်သည်။ လူသားတစ်ဦး လူ့လောကအတွင်း ရောက်လာသည့်အချိန်မှ အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရသည့် အဆင့်တိုင်းတွင် မိဘအနေဖြင့် အဆင်သင့်မဖြစ်သေးပါက အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ရမည်ဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် လက်ရှိအခင်းအကျင်းတွင်ပို၍ပင် ရုန်းကန်လှုပ်ရှားရမည်ဖြစ်သည်။ အဆင်သင့်မဖြစ်ချိန် ကိုယ်ဝန်ဆောင်လိုက်ရသဖြင့် ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရတဲ့ အန္တရာယ်တွေကလည်း ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အစီရင်ခံစာအရ ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများတွင် အမျိုးသမီး ၇၄ သန်းမှာ ကလေးယူရန် အဆင်သင့်မဖြစ်သေးမီ ကိုယ်ဝန်လွယ်ထားရသည်ဟု ဆိုသည်။ ၎င်းတို့အနက် အန္တရာယ်မကင်းသည့် ကိုယ်ဝန်ဖျက်ချမှုကြောင့် နှစ်စဉ်အမျိုးသမီးသေဆုံးမှု ၄၇၀၀၀ ဝန်းကျင်ရှိနေပြီး စိတ်ကျန်းမာရေးယိုယွင်းလာကာ ဆယ်ကျော်သက်များ သတ်သေမှုလည်း ဖြစ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကြောင့် ကလေးတစ်ယောက်ယူရန် […]