တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ
diz_admin
October 18, 2020ခိုင်လုံမဲနှင့် ပယ်မဲ ရွေးကောက်ပွဲမှာ မိမိပေးလိုက်တဲ့ မဲပြားတွေဟာ အလဟဿဖြစ်သွားမယ်ဆိုရင် မဲပေးရကျိုးလည်း နပ်တော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ်အနိုင်ရစေလိုတဲ့ ကိုယ်စားလှယ်အတွက်လည်း နစ်နာမှုဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့မဲပြားဟာ ခိုင်လုံမဲဖြစ်ဖို့ အရေးကြီးပါတယ်။ မဲရလဒ်တွေ ရေတွက်ရာမှာ မိမိရဲ့မဲပြားလေး ပါဝင်သွားစေဖို့၊ အပယ်မခံရဖို့ ဒီအချက်တွေကို ကြိုပြီးသိထားဖို့ လိုပါမယ်။ ခိုင်လုံမဲ အရင်ဆုံးတော့ မိမိကို ထုတ်ပေးလိုက်တဲ့ ဆန္ဒမဲလက်မှတ်ကို သေချာစစ်ဆေးကြည့်ဖို့ လိုပါမယ်။ စုတ်ပြဲနေတာ၊ စွန်းထင်းနေတာမျိုးတွေ ပါနေရင် ပြန်လဲခိုင်းရပါမယ်။ ပြီးတော့ အောက်ခြေနားမှာ မဲရုံးမှူးရဲ့ လက်မှတ်လည်း ပါရပါမယ်။ မပါရင် လဲခိုင်းရပါမယ်။ ပြီးတော့ တစ်စုံတစ်ရာ အမှတ်အသားလုပ်ထားတာ ရှိနေလား၊ အဲဒါဆိုရင်လည်း ပြန်လဲခိုင်းရပါမယ်။ အဲဒါမှသာ ခိုင်လုံမဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိမိမဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ဘေးမှာ တံဆိပ်တုံးတစ်ချက် […]


