❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း ❞
Dawei Watch
July 24, 2023ကိုယ်တွေ ဆယ်ကျော်သက်အရွယ် ခပ်ငယ်ငယ်တုန်းကတော့ “ငါကြီးလာရင် ဘာကြီး ဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်” ဘာညာစတဲ့ တက်ကြွတဲ့ အတွေးစိတ်ကူးတွေနဲ့ပေါ့။ လောကလှိုင်းတံပိုးတွေ မုန်တိုင်းတွေ လေပြေတွေ ဖြတ်သန်းပြီးတဲ့ အသက်အရွယ် အပိုင်းကို ရောက်လာချိန်မှာတော့ “ငါတို့ ငယ်ငယ်တုန်းက ဘာတွေကို ဘယ်လိုလုပ်ခဲ့တယ်” ဆိုတဲ့ အတွေးတွေနဲ့ ငယ်ဘဝကို လွမ်းခဲ့ရ ပြန်ရောလေ . . . မြို့နဲ့ (၁၀)မိုင်ကျော်ဝေးတဲ့ တံငါရွာလေးဟာ ကိုယ့်ဇာတိပေါ့။ ဝါဝင် ဝါကျွတ် တစ်အိမ် တစ်ယောက်လုပ်အားပေးနဲ့ နှစ်တိုင်းပြင်ရတဲ့ မိုးတွင်းဗွတ်ထ နွေမှာဖုန်ထူ မြေနီတစ်ဝက် ကျောက်တစ်ဝက်ရှိတဲ့ ရွာလမ်းလေးကို လွမ်းမိသလို မိုးရာသီမှာ ကိုယ်တို့ကလေးတသိုက်ကို ရေချိုးမပျင်းဖို့ သင်ပေးခဲ့တဲ့ ရွာအဝင်က စမ်းချောင်းလေးကိုလည်း မြင်ယောင်မိပါသေးတယ်။ ဒီစမ်းချောင်းလေးက ရွာထိပ်ကနေ ရွာအဆုံး ပင်လယ်ထဲအထိ […]


