❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၈) ❞
Dawei Watch
September 11, 2023ကိုယ်တို့ အလယ်တန်းအောင်တော့ ကိုယ်တို့ရွာနဲ့ (၁၀)မိုင်နီးပါး ကွာဝေးတဲ့ရွာမှာ အထက်တန်း ကျောင်းကို သွားတက်ခဲ့ရပါတယ်။ ကိုယ်တက်ခဲ့ရတဲ့ကျောင်းက ရွာနှစ်ရွာရဲ့အစပ် မြို့ကိုသွားတဲ့ ကား လမ်းမနံဘေးမှာ ရှိပါတယ်။ ပင်မကျောင်းဆောင်ကြီးက သွပ်မိုး ကွန်ကရစ် (C) ပုံသဏ္ဍန် တစ်ထပ် ကျောင်းဆောင်ပါ။ ကပ်လျက်မှာတော့ အစည်းအဝေးခန်းမကြီးပါတဲ့ သစ်သားနှစ်ထပ် ကျောင်းဆောင် ကြီးနဲ့ အခြားစာသင်ဆောင်တွေလည်း သီးခြားစီ ရှိကြပါသေးတယ်။ ကျောင်းရဲ့မျက်နှာစာမှာ အလံတိုင်၊ စုဝေးကွင်းနဲ့ ဘေးနှစ်ဘက်တွေမှာ မုန့်ဆိုင်တန်းတွေ ရှိပါ တယ်။ နောက်ကျောဘက်မှာ မြောက်ကနေတောင်ကို စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုလည်း ရှိပါတယ်။ ရွာကျောင်းဆိုပေမဲ့ မြို့နဲ့ကမြစ်တစ်ခုပဲ ခြားလေတော့ တောမကျ မြို့မကျ နေရာလို့ ပြောနိုင်တာပေါ့။ ဒီကျောင်းမှာ ကိုယ်တက်ဖြစ်ခဲ့တဲ့အကြောင်း နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဒီကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဟာ ကိုယ်တို့ရွာသားဖြစ်ပြီး […]


