ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီပုံရိပ်

စစ်အင်အားတိုးချဲ့ဖို့ ပြန်ပေးဆွဲနေတဲ့ စစ်ကောင်စီ

Dawei Watch

August 2, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကြာလာချိန်တွင် ဆိုးဆိုးရွားရွားဖြစ်လာသည်က စစ်ကောင်စီတပ် စစ်အင်အားချဲ့ရန် အဓမ္မနည်းမျိုးစုံသုံးလာခြင်းဖြစ်သည်။ လတ်တလောတွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့ပေါ်ဒေသများတွင် လူငယ်လူရွယ်များ နေအိမ်တွင် မနေရဲသလို ညပိုင်းအပြင်မထွက် ရဲကြသည်အထိဖြစ်နေသည်။ စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းစေရန်အတွက် ပြန်ပေးဆွဲသလို လုပ်ဆောင်နေခြင်းဖြစ်ပြီး ညဘက်ဧည့်စာရင်း အကြောင်းပြကာ ဝင်ဆွဲသည်မျိုးရှိသလို လမ်းမပေါ်နှင့် စစ်ဆေးရေးဂိတ်များတွင်လည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခေါ်ဆောင် သွားခြင်းမျိုး လုပ်လာသည်။ ဖမ်းဆီးခံရသူ အများစုမှာ စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံလိုက်ရပြီး အလိုက်ကောင်းသူ အချို့သာ ပြန်လွတ်လာကြောင်း သိရှိရသည်။ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသက်သွင်းပြီး စစ်မှုမထမ်းမနေရ စနစ်ကို ဥပဒေနှင့်အညီ လုပ်ဆောင်မည်ဆိုကာ ဥပဒေ၊နည်းဥပဒေများ ပြဌာန်းခဲ့သည်။ သို့သော်လက်တွေ့တွင်မူ ၎င်းတို့ပြဌာန်းထားသော ဥပဒေနှင့်အညီ လပိုင်းခန့်သာ လုပ်ပြခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဂိုဏ်းများကဲ့သို့ […]

ရွတ်သမျှပြ၊ ငွေထုပ်ပိုက်ထားမှ ခရီးသွားလို့ရတဲ့ခေတ်

Dawei Watch

July 27, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာချိန်တွင် ပြည်သူများမှာ ခရီးသွားဖို့ပင် မလွယ်ကူတော့သည့် အခြေအနေကို ဆိုက်လာနေသည်။ များလှစွာသော စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များမှာ ပြည်သူများကို အမဲဖျက်ရန် ရည်ရွယ်၍ ဖွင့်ထားသလားဟုပင် ထင်မှတ်ရသည်။ စစ်ဆေးရေး ဂိတ်တစ်ခုရောက်ပါက ၎င်းတို့ပါးစပ်မှ ရွတ်သမျှ အထောက်အထားကို ပြသကြရသလို ပိုက်ဆံကလည်း အဆင်သင့်ပြင်ထားရသည်။ အထောက်အထား တစ်ခုမဟုတ်တစ်ခု လိုအပ်လာချိန်တွင် ပိုက်ဆံက အစားထိုးအထောက်အထား ဖြစ်လာသည်။ အထောက်အထား လိုအပ်ချက်များရင်များသလို ပိုက်ဆံပမာဏပိုများများ ပေးရမည်သာ။ အထောက်အထားဆိုသည်မှာလည်း တရားဝင် စာထုတ်ထားသည်မဟုတ် ပါးစပ်ထဲတွေ့သမျှရွတ်ပြီး တောင်းနေခြင်းသာဖြစ်သည်။ ယင်းကြောင့် ပြည်သူများမှာ ခရီးတစ်ခုသွားမည်ဆိုပါက မည်သည့်အထောက်အထားများ လိုသည်ကို လက်လှမ်းမီသမျှစုံစမ်းပြီး လိုမည်ထင်ရာအကုန် ယူဆောင်သွားကြရန် ပြင်ကြရသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးမတည်ဆောက်ထားနိုင်သော ဒေသများဆိုပါက ရပ်/ကျေး ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာရဖို့ မလွယ်ကူသဖြင့် […]

လူမှုဒုက္ခများစွာဖြင့် လျှပ်စစ်မီး ဖြတ်တောက်ခံဒေသများ

Dawei Watch

July 19, 2025

အာဏာသိမ်းစစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းသည့် ဒေသများကို ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေပြီး အချို့ဒေသများကို လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်ထားသည်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီစသည့် အခြေခံမရှိမဖြစ် ပစ္စည်းများကို ဖြတ်တောက်ပိတ်ဆို့ ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်ခံရမှုကြောင့် နေ့စဉ်လူမှုဘဝတွင် အခက်အခဲများ ပိုမိုကြုံတွေ့နေရသည်။ အချို့ဒေသများမှာ ကာလတစ်ခုခန့်သာ လျှပ်စစ်မီးဖြတ်တောက်ခံရသော်လည်း ထားဝယ်အရှေ့တော ကဲ့သို့သောဒေသများဆိုလျှင် နှစ်ချီကြာ ဓာတ်အားဖြတ်တောက် ခံထားရသဖြင့် ဆက်သွယ်ရေး အခက်အခဲများပါ ကြုံတွေ့နေကြရသည်။ လျှပ်စစ်မီးမရှိခြင်းမှာ ပြည်သူများအတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အသက်မွေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများပါ တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားရစေသည်။ ယင်းအပြင် ကလေးများ၏ ပညာရေးအပေါ်လည်း ကြီးကြီးမားမား သက်ရောက်မှုများ ရှိနေသည်။ မနက်အိပ်ရာထ ထမင်းချက်ပြုတ်ခြင်းမှသည် ညပိုင်းအိပ်ချိန်အထိ အခက်အခဲမျိုးစုံ ကြုံတွေ့ကြရသည်။ ထို့ပြင် လျှပ်စစ်မီးကြာရှည်ပြတ်တောက်မှုကြောင့် […]

ပုံဆွဲပြရတော့မည့် မြိတ်ကျွန်းစုက ဒီရေတောများ

Dawei Watch

July 12, 2025

ပျူးမီးသွေး ဟုဆိုလိုက်ပါက ရိုးရိုးမီးသွေးများထက် နှစ်ဆခန့်ဈေးကြီးလေ့ရှိပြီး တာရှည်အသုံးခံလေ့ရှိသည့်အတွက် တနင်္သာရီတိုင်းထွက်ကုန်အဖြစ် လူသိများလှသည်။ နာမည်ကြီးလှသည့် ပျူးမီးသွေးမှာ ဒီရေတောအတွင်းပေါက်ရောက်နေသည့် သစ်ပင်များ(ဒေသအခေါ် ရေထင်း)ကို အသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါဒီရေတောမီးသွေးကို မြိတ်ကျွန်းစုဒေသတွင် အများဆုံးထုတ်လုပ်သော်လည်း ပြည်တွင်းသုံးစွဲမှုထက် ဈေးကောင်းရသည့် ထိုင်းနိုင်ငံကို အဓိကထား တင်ပို့ကြသည်။ မူကထ ဆိုင်ဟုခေါ်သည့် အသားကင်ဆိုင်များက ဒီရေတောမီးသွေးကို အဓိကအသုံးပြုလေ့ရှိသဖြင့် မူကထဆိုင်ပေါင်းများစွာရှိသည့် ထိုင်းနိုင်ငံက ယင်းမီးသွေးများကို စျေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်။ ထိုင်းစျေးကွက်၏ ဒီရေတောမီးသွေးဝယ်လိုအားကို မြိတ်ကျွန်းစုဒေသက အဓိကဖြည့်ဆည်းပေးနေသည်။ ထိုကြောင့်လည်း မြိတ်ကျွန်းစုဒေသမှထွက်သည့် ဒီရေတောမီးသွေးတင်လှေကြီးများမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကို လူးလားခေါက်ပြန် တင်ပို့နေကြသည်။ ဝမ်းဗိုက်အကျယ် ၁၈ ပေရှိသည့် မီးသွေးလှေကြီးတစ်စီးလျှင် ဒီရေတောမီးသွေး ကီလိုတစ်သိန်းကျော်(မီးသွေး ၂၆၀၀အိတ်)အထိ တင်ဆောင်လေ့ရှိပြီး တစ်လလျှင် ၄ ခေါက်ခန့် တင်ပို့နေကြသည်။ ထိုကဲ့သို့ […]

ဝယ်ကြဦးမလား …… ဟောဒီက စပါး

Dawei Watch

June 28, 2025

စပါးလေးတင်းရောင်းပါမှ ဝက်သားတစ်ပိဿာသာရသည့် အခြေအနေဖြင့် တောင်သူလယ်သမားများ ရင်ဆိုင်နေကြရသည်။ ဝက်သားတစ်ပိဿာ လေးသောင်းကျပ် စျေးပေါက်နေချိန် ဒေသတွင်းစပါးများထဲမှ ဒေသခံများ အများဆုံးစိုက်ကြသည့် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းမှာ တစ်သောင်းကျပ်သာ ရရှိနေသည်။ စပါးလေးတင်း ရဖို့က လွယ်ကူလှသည်တော့မဟုတ် စစ်အာဏာသိမ်းပြီးချိန်မှစကာ ပြင်းထန်လာသည့် ပဋိပက္ခနှင့်တိုက်ပွဲများအကြား အသက်စွန့်ကာ လယ်ထဲဆင်းကြရသလို စပါးသိမ်းချိန် တိုက်ပွဲများဖြစ်လာပါက လယ်စွန့်၊ယာစွန့် ထွက်ပြေးကြရပြန်သည်။ စပါးစိုက်ဖို့အတွက် မဖြစ်မနေလိုအပ်သည့် စက်သုံးဆီ၊ ဓာတ်မြေသြဇာစျေးနှုန်းမှာလည်း စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဝယ်ယူရခက်ခဲသလို စျေးနှုန်းကြီးမြင့်မှုနှင့်လည်း ကြုံနေကြရသည်။ စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုအပြင် ကျပ်ငွေတန်ဖိုးကျဆင်းနေမှုကြောင့် အစစအရာရာ စျေးတက်နေချိန်တွင် စပါးတစ်မျိုးတည်းကသာ စျေးကျနေသည်က လယ်သမားများအတွက် တစ်ပူပေါ်နှစ်ပူဆင့် ခံပြီးရင်းခံနေကြရသည့် အဖြစ်မျိုးဖြစ်နေသည်။ စပါးရောင်းရငွေဖြင့် စားနပ်ရိက္ခာပြန်ဝယ်ချိန်တွင် စျေးမြင့်ပေးရသလို၊ စပါးစိုက်ရန် သွင်းအားစုများ ဝယ်ယူချိန်တွင်လည်း စံချိန်တင်စျေးများပေးဝယ်ကြရသည်။ စပါးပေါ်ချိန်တွင်တော့ […]

တော်လှန်ရေးနယ်မြေက ပညာရေးခရီးကြမ်း

Dawei Watch

June 21, 2025

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် အဖက်ဖက်က ယိုယွင်းပျက်စီးနေပြီး ပညာရေးကဏ္ဍနိမ့်ကျသွားမှုနှင့်အတူ ကလေးငယ်များ၊ လူငယ်လူရွယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများရှိနေသည်။ တိုက်ပွဲများ၊ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ဒေသအများစုတွင် စာသင်ကျောင်းများ ပိတ်ထားရသလို တော်လှန်ရေးနယ်မြေများတွင် ရသည့်နည်းဖြင့် ဖွင့်လှစ်နေကြသည့် စာသင်ကျောင်းများမှာလည်း စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေကြရသည်။ တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီ၏ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသော်လည်း အမျိုသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကျောင်းများအပါအဝင် စာသင်ဝိုင်းများဖွင့်ကာ ကလေးများ ပညာရေးအတွက် ဖြည့်ဆည်းပေးနေကြသည်။ တနင်္သာရီတိုင်းအတွင်းတွင်လည်း မြို့နယ်အများစုတွင် မြေပြင်ကျောင်းများ၊ အွန်လိုင်းကျောင်းများဖွင့်လှစ်ပြီး ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး ကြိုးပမ်းလာကြသည်။ သို့ရာတွင် ပဋိပက္ခနှင့် တိုက်ပွဲကာလကြားတွင် ဖွင့်လှစ်ရသည်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင် ရှေ့ဆက်သွားနေကြသည်။ […]

မိုးရာသီတဲ့လား…. ရင်ထဲမှာ နွေထက်ပူတယ်

Dawei Watch

May 31, 2025

မုတ်သုန်ရာသီရောက်တိုင်း မိုးရောလေပါ ပြင်းထန်လေ့ရှိသည့်အတွက် တနင်္သာရီတိုင်းသားများမှာ မိုးရာသီအတွက် စားနပ်ရိက္ခာနှင့် ငွေကြေးကို ကြိုတင်စုဆောင်းလေ့ရှိကြသည်။ အီကွေတာနှင့်ပိုနီးသည့် တနင်္သာရီတိုင်းတွင် တစ်နှစ်မိုးရေချိန်လက်မ ၂၀၀ ဝန်းကျင်ရွာသွန်းလေ့ရှိသည့်အတွက် မြန်မာနိုင်ငံရှိ အခြားဒေသများထက် မိုးများသည်ဟု ဆိုနိုင်သည်။ အခြေခံလူတန်းစားများ၏ အလုပ်အကိုင်အများစုကလည်း မိုးရာသီတွင် လုပ်ငန်းရပ်နားရလေ့ရှိသည့်အတွက် ဝင်ငွေမဲ့သွားကြပြီး စားဝတ်နေရေး အခက်ကြုံရလေ့သည်။ ငါးဖမ်းလုပ်ငန်း၊ ငါးပိငါးခြောက်လုပ်ငန်း၊ ပန်းရံလုပ်ငန်း စသည့်အလုပ်အကိုင်များမှာ မိုးရာသီရောက်တိုင်း အလုပ်ရပ်နားရလေ့ရှိသလို အခြားအလုပ်အကိုင်များလည်း ဝင်ငွေလျော့နည်းသွားကြသည်။ တစ်ဖက်တွင်လည်း အာဏာသိမ်းဂယက်ကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် အခြေခံလူထုလူတန်းစားများမှာ ခက်ခဲကျပ်တည်းမှု အသီးသီးဖြင့်ရင်ဆိုင်နေကြရသည်။ အမိုးမလုံသည့် အိမ်များဆိုလျှင်လည်း ဓနိဖက်စျေးမတတ်နိုင်သဖြင့် မိုးရေယိုယိုဖြင့်သာ နေထိုင်ကြရမည့် အခြေအနေရှိသည်။ ခေတ်ကာလကောင်းချိန်ကတည်းက မိုးရာသီရောက်တိုင်း စားဝတ်နေရေးကျပ်တည်းလေ့ရှိသည့် ပြည်သူလူထုမှာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်လာပြီး စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ကိုပါ ခံစားလာရသည်။ ယင်းကြောင့် သည်းထန်လှသည့် […]

စားဖို့ခက်၊ သွားဖို့ခက် စက်သုံးဆီဂယက်

Dawei Watch

May 24, 2025

စစ်ကောင်စီက ထားဝယ်ခရိုင်အတွင်း စက်သုံးဆီ သယ်ယူရောင်းချခွင့် ပိတ်ဆို့ဖြတ်တောက် ထားသည်မှာ ရက်ပေါင်း ၃၀ အထိရှိလာပြီဖြစ်သည်။ ယင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရက်အရှည်ကြာဆုံး ဖြတ်တောက်မှုလည်းဖြစ်သည်။ ထားဝယ်မြို့တွင်းရှိ စက်သုံးဆီကို မြို့ပြင်သို့ သယ်ယူခွင့်မပေးရန် စစ်ကောင်စီတပ်က ဆီလုပ်ငန်းများကို အကျပ်ကိုင်ညွှန်ကြားထားပြီး မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်တို့တွင်လည်း စစ်ဆေးဖမ်းဆီးနေသဖြင့် အဖမ်းခံရသူများလည်း ရှိနေသည်။ လချီကြာစက်သုံးဆီ ဖြတ်တောက်ထားခြင်းခံနေရသည့် ဒေသခံများမှာ တစ်လီတာကို ကျပ် ၇၀၀၀ အထိဈေးကြီးပေး ဝယ်ယူနေကြရသည်။ နေ့စဉ်လူနေမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် မရှိမဖြစ်အရေးပါသည့် စက်သုံးဆီ ဖြတ်တောက်ခြင်းခံနေရသဖြင့် လယ်သမား၊ ခြံသမားများမှာ စက်သုံးဆီကို ရရာနေရာမှ ဈေးကြီးပေး ဝယ်ယူနေကြရခြင်းဖြစ်သည်။ စက်သုံးဆီ ဝယ်ယူရခက်ခဲခြင်းနှင့် စျေးမြင့်တက်မှုတို့ကြောင့် ဒေသတွင်း အခက်အခဲ အကျပ်အတည်းများလည်း ပိုမိုများပြားလာနေပြီး ကုန်စျေးနှုန်းကြီးမြင့်မှုများလည်း ရှိနေသည်။ စက်သုံးဆီပိတ်ဆို့ခံရမှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့် အခက်အခဲ […]