တာဝန်ခံမှု Vs လျှို့ဝှက်ချက်
diz_admin
July 1, 2020တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ ရဲဝံ့သော သဘောထားမှတ်ချက်ကို ကြိုဆိုဂုဏ်ပြုရမည်ဖြစ်သည်။ ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီကို နောက်ထပ် သက်တမ်းတိုး ခွင့်မပြုသင့်ဟု တိုင်းအစိုးရက ပြည်ထောင်စု အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ပေးပို့လိုက်သည်။အဆိုပါကုမ္ပဏီသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းလိုက်နာမှု အားနည်းသည်ဟုဆိုကာ ဆက်လက်လုပ်ကိုင်ခွင့် မပြုသင့်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောထားပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့သော ရဲဝံ့သော သဘောထားသည် ပြည်ထောင်စု အစိုးရ အဖွဲ့က အဆိုပါကုမ္ပဏီကို ဆက်လုပ်ခွင့် မပြုသင့်ကြောင်း နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရာတွင် များစွာအရေးပါသော ထည့်သွင်းစဉ်းစားချက်ဖြစ်သွားစေသည်။ ထိုအပြင် ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်နေသော လုပ်ငန်းဖြစ်သည်နှင့် အညီ ပြည်သူ့သဘောထားကို ထင်ဟပ်စေသော သဘောထားအဖြစ် ကောက်ယူနိုင်သည်။ ထိုသို့သော သဘောထားကို လူသိရှင်ကြား အသိပေးသဖြင့်လည်း များစွာကြိုဆိုရမည့် […]