ကောက်ချက်ချတာ မစောစေချင်ပါ
diz_admin
October 23, 2020မြန်နှုန်းခေတ်(Speed Age)ကို ရောက်နေလို့ထင်ပါတယ်။ လူတိုင်းဟာ အလျင်လိုနေကြတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့စာ ရှည်ရင်မဖတ်ချင်တော့ဘူး။ ကျွန်တော်အပါအဝင်ပေါ့။ ဆွဲဆောင်မှု ရှိပြီး၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်း အရာမျိုးဆိုရင်တော့ ဘယ်လောက်ရှည် ရှည် အဆုံးထိဖတ်ပါတယ်။ Phone screen တို့ Computer screen တို့က ထွက်တဲ့ အလင်းကြောင့်လည်း မျက်စိက ကြာကြာမခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဖုန်းမှာက စာလုံးသေးတော့ မျက်စိက အားယူဖတ်နေရတာကြောင့် စာရှည်ရင် မဖတ်နိုင်ကြတော့ဘူး။ အချိန်မပေးနိုင်တာကလည်း ရှည်တဲ့စာတွေကို မဖတ်ချင်တဲ့အချက်တွေ ထဲက တစ်ချက်ဖြစ်ချင်ဖြစ်နေမှာပါ။ အခုခေတ်လူငယ်တွေက ကွေ့ဝိုက်တာတွေကို မကြိုက်ဘူး။ ရှင်းလင်းပြတ်သားပြီး တဲ့တိုးပြောတာကို ပိုကြိုက်ကြတယ်။ ဒါကြောင့်ပဲ Classical သီချင်းတွေထက် Rap သီချင်းတွေကို အရူးအမူးစွဲလမ်း ကြတာဖြစ်မှာပါ။ ရည်းစားထားတာတောင် အချိန်အကြာကြီး ပေးပြီးတော့ […]


