ကျွန်တော်အမည်က မောင်သာပျော်ပါ ခင်ဗျာ့
diz_admin
July 13, 2020မောင်သာပျော်မှာ စိတ်ကူးယဉ်ထား တဲ့ အိပ်မက်အကြီးကြီးတစ်ခုတော့ ရှိပါ တယ်။ ဒီအိပ်မက်ကြီးကို ဘယ်သူ့ကိုမှ ပြောပြဖူးတာ မဟုတ်ဘူးဗျ။ အခုတော့ မအောင့်နိုင်တော့လို့ ကြုံတုန်း ပြောပြပါ့မယ်။ ကျွန်တော့်ရဲ့အိပ်မက်ကတော့ ၂၀၇၀ ခုနှစ်မှာ သူဌေးအကြီးစားတစ်ယောက် ဖြစ် ကို ဖြစ်ရမယ်ဆိုတာပါ။ သူဌေးကြီး ဖြစ်ရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးဗျ။ သူဌေးကြီးဖြစ်ပြီ ဆိုရင် ပထမဆုံးလုပ်မယ်လို့ စိတ်ကူးထား တာက ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ကြီးတွေနဲ့ ပုဂ္ဂိုလ်ကြီးတွေဆီ ချဉ်းကပ်မယ်။ ချဉ်းကပ်ပြီးတာနဲ့ စေတနာသဒ္ဓါ ထက် ထက်သန်သန်နဲ့ နိုင်ငံတော်အတွက် ငွေ တွေ လှူပစ်မယ်လေ။ ကိုသာပျော်ကို မနာလိုတဲ့ လူအချို့ ကတော့ ပြောကြမှာပဲလေ။ အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဆိုပြီးပေါ့။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လောက် ပြောနေပါစေ။ ကိုယ့်စေတနာကို ကိုယ်ပဲ […]