ရလဒ်နှင့် ဖြစ်စဉ်
diz_admin
November 2, 2020ကိစ္စရပ်တစ်ခုခုကို အကောင်အထည်ဖော်တိုင်း ဖြစ်စဉ်နှင့် ရလဒ်ဟူ၍ ရှိသည်။ ရလဒ်မှာ ကိစ္စရပ်တစ်ခုခု အကောင်အထည်ဖော်ပြီးချိန် ထွက်ပေါ်လာသော အရာဖြစ်ပြီး ဖြစ်စဉ်မှာ (ထွက်ပေါ်လာသော) ရလဒ်ကို မည်သို့ အကောင် အထည်ဖော် လုပ်ဆောင်ခဲ့သနည်းဟူသော လုပ်ငန်းစနစ်ဖြစ်သည်။ ဥပမာအားဖြင့် ဘောလုံးပွဲတစ်ပွဲတွင် အနိုင်၊ အရှုံးမှာ ရလဒ် ကိစ္စဖြစ်ပြီး ယင်း ပွဲကို နိုင်အောင် မည်သို့သော နည်းနာ၊ လုပ်ငန်းစဉ်များ အသုံးပြုကစားခဲ့သည် ဆိုသည်မှာ ဖြစ်စဉ်ဖြစ်သည်။ အသင်းတစ်သင်းသည် အခြားတစ်သင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်သွား ဆိုပါစို့။ နှစ်ဂိုး တစ်ဂိုးဆိုသည့် အနိုင်မှာ ရလဒ်ဖြစ်သည်။ သို့သော် ထိုအနိုင်ရ အသင်းသည် ဒိုင်လူကြီး ဘက်လိုက်မှုဖြင့်လည်း နိုင်ကောင်း နိုင်နိုင်သည်၊ အိမ်ကွင်းပရိသတ်အားကြောင့်လည်း နိုင်ကောင်းနိုင်နိုင်သည်၊ ဘောလုံးမကန်ဘဲ လူချကစား၍လည်း နိုင်ကောင်းနိုင်နိုင်သည်။ […]


