၅၀ +
diz_admin
March 8, 2021စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းအရ ၄၉ ဦး ရှိပြီး ကုလသမဂ္ဂကမူ ၅၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ အယ်ဒီတာ (မတ် ၅၊ ၂၀၂၁)
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါစစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းအရ ၄၉ ဦး ရှိပြီး ကုလသမဂ္ဂကမူ ၅၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ အယ်ဒီတာ (မတ် ၅၊ ၂၀၂၁)
ဖေဖော်ဝါရီလ (၁)ရက်နေ့ မနက် ခြောက်နာရီလောက်မှာ ဖုန်း Ringtone သံတစ်ခုက အိပ်ပျော်နေတာကို လှုပ်နှိုး လိုက်သည်။ ဖုန်းခေါ်ဆိုသူကိုကြည့် လိုက်တော့ ရင်းနှီးသည့်ဆရာတစ်ယောက် ဖြစ်နေသည်။ ဖုန်းကိုင်လိုက်သည်နှင့် “အိပ်နေ တုန်းလား. . .၊ အာဏာသိမ်းလိုက်ပြီနော်” ဆိုသည့် စကားကို ဗြုန်းစားကြီး ကြားလိုက်ရတော့သည်။ ဆရာ့အနေနဲ့ နောက်ထပ် ဆက်ပြောသည့် စကားလုံး များကို ကျွန်တော်ကြားနိုင်စွမ်း မရှိ တော့ပါ။ အာဏာသိမ်းလိုက်ပြီနော် ဆိုသည့် စကားရပ်ကို ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းသွားတော့သည်။ ဦး နှောက်တစ်ခုလုံးလည်း အစိုင်အခဲတစ်ခု လို တောင့်တင်းသွားရတော့သည်။ တကယ် လုပ်လိုက်ပြီပဲဆိုသည့်အသိက လူကို ဆွံ့အ၊ မှင်သက် သွားစေခဲ့သည်။ မျက်လုံး တို့က အိပ်ပျော်နေဆဲဖြစ်သည့် အပြစ် […]
ကျွန်တော်တို့ ဆေးပညာနဲ့ပတ်သက်သော အသက်မွေးဝမ်းကျောင်းအလုပ်ကို မြင့်မြတ်သော အသက်မွေးဝမ်းကျောင်းလို့ အများက သိကြပါသည်။ လူသားတွေ ရဲ့ အသက်ကို ကယ်ကြရတာကိုး။ သည့်အတွက်လည်း တင်းကျပ်စွာ လိုက်နာကြရသော ဆေးပညာ ကျင့်ဝတ်နဲ့ ဟစ်ပိုခရေးတီးရဲ့ ကျိန်စာလို့ ဆိုရမည့် လိုက်နာစောင့်ထိန်းကျင့်ကြံအပ်သော သစ္စာတရားကို ဘွဲ့ရယူစဉ်ကတည်း က ကျိန်ဆိုပြီးမှ ဆေးပညာဘွဲ့ကို ရယူခဲ့ ကြရသည်။ သည့်အတွက်လည်း မြင့်မြတ်သော အသက်မွေး ဝမ်းကျောင်းအလုပ်၊ ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင် သက်သေအဖြစ် အထူးတလည်အသိအမှတ်ပြုကြတာ လည်းဖြစ်သည်။ သည်ပညာရှင်တွေရဲ့ အခန်းကဏ္ဍသည် အရေးပါသလို သည်ကျွမ်းကျင် ပညာရှင်တွေရဲ့ တန်ဖိုးကလည်း မသေးလှပါ။ သည့်အတွက်လည်း သည်လူ့ဘောင်တွင် အများက တန်ဖိုးထားကြ၊ လေးစားသမှု ပြုကြတာလည်းဖြစ်သည်။ လတ်တလော ကျွန်တော်တို့ ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် ရုတ်တရက် […]
နိုင်ငံတကာအစိုးရများသည် လတ်တလော ဆန္ဒပြမှုကို ထောက်ခံသင့်သော်လည်း လက်တွေ့မကျသည့်မျှော်လင့်ချက်များ မပေးသင့်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖော်ပြထားသော ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်ဖြစ်ခဲ့သူ သမိုင်းပညာရှင်လည်းဖြစ်သူ ဒေါက်တာသန့်မြင့်ဦးနှင့် အင်တာဗျူးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။ ပြညောမေ သြတ ၏ဘာသာပြန်ဆိုချက်ကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။ မေး။ ။ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဘယ်လို မျှော်လင့်ထားသလဲ။ အစိုးရက ဒီထက်ပြင်းပြင်း ထန်ထန် ဖြိုခွင်းနိုင်လား၊ ခုချိန်ထိတော့ ဖမ်းဆီးခံရမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေက ပြောသလောက် မဆိုးသေးဘူး။ တကယ်လို့ ပြင်းပြင်းထန်ထန်ဖြိုခွင်း ခံရရင် ဆန္ဒပြမှုတွေ ရပ်တန့်သွားနိုင်လား။ ဖြေ။ ။ […]
မြန်မာ့သမိုင်းမှာ တစ်ပတ်ပြီး တစ်ပတ် ပြန်လည်နေသည်။ သို့သော် အဆိုးကျော့ သံသရာအတွင်း သက်ဆင်းရင်း ပြန်လည်နေခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ် လူထုက ယင်းကို လက်မခံနိုင်တော့ပါ။ အထူးသဖြင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားလိုသော လူငယ်ထုမှာ ယင်းအဖြစ်ကို ခါးခါးသီးသီး ငြင်းပယ်နေကြပြီဖြစ်သည်။ ဖေဖော်ဝါရီရက်စွဲများက မြန်မာလူထု၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဒီမီုကရေစီကို တစ်ပြားသားမျှ ဈေးမလျှော့လိုသော ခိုင်ကြည်စိတ်တို့ကို အထင်းသား ပြသနေနှင့်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ အမျိုးမျိုးသော ယူနီဖောင်းများ အလွန်တွင် ရှိနေသော အရေးအရာဖြစ်သည်။ ယင်းမှာ အဲကွန်းခန်းများ၏ အလွန်၊ ဘယ်ရီဂိတ်များ၊ နံရံတံတိုင်းများ၊ ခြံစည်းရိုးများ၏ အလွန်တွင် ရှိသော အရေးအရာဖြစ်သည်။ တစ်နိုင်ငံလုံး မြို့ကြီးအများအပြားတွင် ပြည်သူလူထု၏ ဆန္ဒကို တစ်ခဲနက် ပြခဲ့ပြီးဖြစ်သည်။ […]
၁၉၆၄ခုနှစ်ဧပြီလ ၂၀ရက် နေ့မှာ အကျဉ်းသား နယ်လ်ဆင် မင်ဒဲလားဟာ တောင်အာဖရိက တရားရုံးတစ်ခုမှာ ရောက်နေခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ အလေးနက်ဆုံးစွဲချက်ကို သူနဲ့ သူ့ရဲဘော်တွေ ရင်ဆိုင်နေကြရတာပါ။ အသားအရောင် ခွဲခြားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေများလွန်းတဲ့ အာဏာရှင်ကို မင်ဒဲလားနဲ့ သူ့ရဲဘော်တွေတိုက်ပွဲဝင်ခဲ့ကြ တာဖြစ်ပါတယ်။ နယ်လ်ဆင် မင်ဒဲလားက သက်သေတွေနဲ့ အပြန်အလှန် ထွက်ဆိုဖို့ အခွင့်အရေးကိုငြင်းဆိုပြီး တစ်ကြိမ်တည်းနဲ့ လျှောက်လဲချက်ပေးဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ သုံးနာရီကြာတဲ့ သူ့ရဲ့ ခုခံ လျှောက်လဲချက်ရဲ့ အဆုံးမှာ မင်ဒဲလားက အခုလို ပြောခဲ့ပါတယ်။ “အာဖရိကန်ပြည်သူတွေရဲ့ တိုက်ပွဲအတွက် ကျွန်တော့် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ပြီးပါပြီ။ လူဖြူ လွှမ်းမိုးရေးကိုလည်း ကျွန်တော်ဆန့်ကျင်ခဲ့ပါတယ်။ လူမည်းလွှမ်း မိုးရေးကိုလည်း ဆန့်ကျင် ခဲ့ပါတယ်။ လူသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးတွေနဲ့ ဟန်ချက် ညီညီနေနိုင်တဲ့ […]
“ဆရာ” “ဘာလဲကွ” “မာလ်တီမီဒီယာပွဲမှာ စာရိုက်ပြရတာ ရိုးသလားလို့ပါ”“ဟေ” ကျွန်တော်က မာလ်တီမီဒီယာ လံကြုပ်ပွဲကို ဦးဆောင်နေရစဉ်က ဖြစ်သည်။တပည့်ကျော် မော်ကျော်ဇေယျက ကျွန်တော့်ကို စာမရိုက်ပြချင်ကြောင်း လာပြောနေသည်။ “မောင်ကျော်ဇေယျ” “ဗျာ” “မင်းက စာမရိုက်ပြချင်တော့ ဘာလုပ်ပြချင်သလဲကွယ်” “ဒီလိုရှိပါတယ်ဆရာ” “အေး … ဘယ်လိုရှိသလဲ” “ကျွန်တော် ကွန်ပျူတာကို တစ်စစီ ဖြုတ်ချင်တယ်” “အလိုကွယ် … ဘာကြောင့်များလဲ” “တစ်စစီဖြုတ်ပြီး အားလုံးကို ပြန်တပ်ဆင်ပြလိုက်ရင် သူများတွေ လုပ်ပြနေတာထက် ကွဲသွားမလားလို့ပါ” “ဟာ ကောင်းလိုက်တဲ့ အကြံကွယ် … ငါဘာကြောင့် မတွေးမိတာလဲ” ကျွန်တော့်တပည့် မောင်ကျော်ဇေယျ ကား အလွန်တော်သူဖြစ်သည်။ သူက ဆယ်တန်းသာရှိသေးသည် ကွန်ပျူတာ တွင် ကျွန်တော့်ထက် ဆရာကျသည်။ ကျွန်တော်က ဌာနမှပေးထားသော “ကလုတ် […]
ပွင့်လင်းလွတ်လပ်၊ ဖူးသစ်စနိုင်ငံတစ်ခုကို ဖေဖော်ဝါရီ ၁ ရက် ဖြစ်ရပ်က ကြက်သေသေသွားစေသည်။ မြန်မာနိုင်ငံရှိ သန်းချီသော လူငယ်များမှာ နှစ်အနည်းငယ်ကြာမျှ ဖြစ်ထွန်းသီးပွင့်ခဲ့သော အညှောင့်ပေါက်စ ဒီမိုကရေစီ ၏ အရသာကို မြည်းစမ်းဖူးသူများဖြစ်ပြီး တောက်ပသော ၎င်းတို့၏ အနာဂတ် အတွက် မျှော်လင့်ချက်ကြီးစွာ ကြိုးစားနေသည့် မျိုးဆက် တစ်ခုလည်း ဖြစ် သည်။ ယင်းမျှော်လင့်ချက်များသည် မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်လည်း ဖြစ်သည်။ ယနေ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ ဆုံးဖြတ်ချက်တစ်ရပ်၊ အရွေ့တစ်ချက်သည် နိုင်ငံ၏ သမိုင်းတစ်ဆစ်ချိုး ဖြစ်ပြီး နိုင်ငံ၏ ပစ္စုပ္ပန်၊ နိုင်ငံ၏ အနာဂတ်၊ နိုင်ငံ၏ မျိုးဆက်တစ်ခုနှင့် အလောင်းအစား လုပ်နေရကြောင်း သတိပြုမိရန် များစွာ […]