ထိုက်တန်သောဘဝ
diz_admin
November 23, 2020၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ပါတီအသစ်များ အခြေမလှဘဲ အရှုံးနှင့် ရင်ဆိုင်သွားရပြီး တိုင်းရင်းသားပါတီအချို့သာလျှင် ယခင်ထက် အနည်းငယ်ပိုသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရရှိခဲ့သည်။ အနိုင်ရပါတီ အရေအတွက် ပိုမိုနည်းပါးလာပြီး ပါတီ ငါးပုံလေးပုံမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ မရရှိခဲ့ပေ။ NLD ပါတီသာလျှင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များကို စိတ်ကြိုက် စိုးမိုးနိုင်သည့် အနေအထားဖြင့် ဆက်လက်အောင်ပွဲ ခံသွားသည်။ ပါတီဒုတိယ ဥက္ကဋ္ဌအဖွဲ့၏ အဆိုအရ အစိုးရအဖွဲ့ကို ယခင်ထက် ပိုမိုအားကောင်းသော ပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟုဆိုသည်။ သဘာဝ သယံဇာတပေါကြွယ်ဝသော်လည်း လူ့စွမ်းအားအရင်းအမြစ် ချို့တဲ့သော နိုင်ငံ၊ စိုက်ပျိုး လုပ်ကိုင်စားသောက်ရန် […]