ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

အလုခံရမလား… အတိုက်ခံရမလား…

diz_admin

June 18, 2022

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် ဓားပြတိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စုံစမ်းရရှိထားသည့် အချက်အလက်များအရ မေလ ၁၇ ရက်မှ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း လောင်းလုံးမြို့နယ်တစ်ခုတည်းတွင်ပင် ဓားပြတိုက်ခံခဲ့ရမှု ၆ ကြိမ်အထိ ရှိပြီဖြစ်သည်။ ယင်းမှာ စုံစမ်းရရှိထားသော အချက်အလက်များအရ သိရှိရခြင်းသာဖြစ်ပြီး ဓားပြတိုက်ခံရသူများမှာ အသက် အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ထုတ်ဖော်ပြောကြားခြင်း မရှိပေရာ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင် တွေ့ရသည်။ ဓားပြတိုက်သည်ဆိုသော အသံမကြားရသည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဖြစ်သော ဒေသခံများအတွက် ယခုအခြေအနေအပေါ် စိုးရိမ်ထိတ်လန့်မှုများစွာ ခံစားနေကြရသည်။ ယခုအခြေအနေမှာ လုယက်ခံရမလား…… ဓားပြတိုက်ခံရမလား…… ဆိုသည်ကို အချိန်ပြည့် စိုးရိမ်နေကြရသည်။ ယင်းကြောင့် ယခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဒေသခံများ ကြုံတွေ့နေရသော အခြေအနေကို မေးမြန်းဖော်ပြအပ်ပါသည်။ […]

ဓားပြဗျို့… ဓားပြ

diz_admin

June 18, 2022

ဘုရာစင်အောက်ထားလည်းမလုံ၊ မီးဖိုအောက်ထားလည်း စိတ်မချနဲ့ ငွေထုတ်ပိုက်ထားရတဲ့ ဦးထွန်း (အမည်လွှဲ) မှာ စိတ်မသက်သာလှပေ။ ခွေးဟောင်သံကြားတိုင်းလည်း လန့်နိုးနိုးလာလေ့ရှိတာကြောင့် ညဘက်လည်း ကောင်းကောင်းမအိပ်ရတာ အတော်ကြာနေပြီ။ လောင်းလုံးမြို့နယ်တစ်ကျောမှာ ဆူဆူပူပူဖြစ်နေတဲ့ ဓားပြရန်ကြောင့် ဦးထွန်းတစ်ယောက် အခုလို ဥစ္စာအပူမိနေရတာဖြစ်ပါတယ်။ ဒီငွေတွေနဲ့ ပွင့်လင်းရာသီရောက်ရင် ကထိန်းခင်းဖို့ ရည်စူးထားတာလို့ ဦးထွန်းက ဆိုပါတယ်။ “အရင်က သူခိုး၊ အခု ဓားပြရန်ပါကြောက်နေရတယ်ကွာ” လို့ ၎င်းက ဆိုပါတယ်။ သူနေထိုင်ရာ ပတ်ဝန်းကျင်ဟာ မူးယစ်ဆေးသမားနဲ့ သူခိုးရန်ကို ကြောက်နေရတဲ့ အခြေအနေကနေ အခုဆိုရင် လက်နက်ပြခြိမ်းခြောက် အနုကြမ်းစီးတဲ့ ဓားပြရန်ကိုပါ ကြောက်လန့်လာနေရပြီလို့ သူကဆိုပါတယ်။ Dawei Watch ရဲ့ မှတ်တမ်းတွေအရ မေလ ၁၇ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း […]

ဆေးသမားတွေကို ကြောက်နေရတယ်

diz_admin

June 11, 2022

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးထုတ်လုပ်မှုနှင့် မှောင်ခိုတင်ပို့မှုတိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး (UNODC) အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ယခုနှစ်ဆန်းပိုင်းက ပြောဆိုထားသည်။ တည်ငြိမ်မှု၊ ဥပဒေစိုးမိုးမှု အားနည်းနေသည့် မြန်မာနိုင်ငံရေး အခြေအနေကြောင့် ပြည်တွင်း၌လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြသည်။ တနင်္သာရီတိုင်းတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများမှာ ပေါ်ပေါ်ထင်ထင်သုံးစွဲကြယုံမျှမကဘဲ လမ်းသွားလမ်းလာများကိုပါ ရန်ရှာခြင်း၊ လုယက်ခြင်း၊ ဥယျာဉ်ခြံများအတွင်း ဝင်ရောက်ခိုးယူခြင်းတို့ လုပ်ဆောင်လာကြသည်။ မူယစ်ဆေးသုံးသူများမှာ လယ်တဲများ၊ ဆီအုန်းတောများ၊ ခြုံများအနီးတို့တွင် မူးယစ်ဆေးသုံးစွဲကြပြီး လယ်တဲများကို ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်လာကြသည်။ ခေတ်ကာလ မကောင်း၍ ပြည်သူများမှာ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ကြရသည့် အခြေအနေတွင် မူးယစ်ဆေးသုံးစွဲသူတို့၏ အန္တရာယ်ကိုကြောက်၍ လုပ်ငန်းခွင်မသွားရဲအောင်ပင် ဖြစ်လာနေသည်။ ယင်းအခြေအနေများအပေါ် ကိုယ်တိုင်ကြုံတွေ့နေရသည့် […]

ရွာမှာလူငယ်တွေ မရှိတော့ဘူး

diz_admin

June 4, 2022

ကိုဗစ်ကြောင့် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးမှာ အာဏာသိမ်းမှုအပြီးတွင်တော့ ပြိုကျသွားခဲ့ရသည်။ စီးပွားရေး ပြိုကျမှုနှင့်အတူ အလုပ်အကိုင်ရှားပါးမှုများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာမှုများကြောင့် တနင်္သာရီတိုင်းသားများမှာ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မှု များပြားလာခဲ့သည်။ ယခု ၂၀၂၂ ခုနှစ်တွင်တော့ တနင်္သာရီတိုင်းမှ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းသူများ အားလုံးလိုလို မွေးရပ်ကို စွန့်ခွာကာ အလုပ်အကိုင်ရရှိရေးအတွက် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်း များမှတစ်ဆင့် သွားရောက်မှု အလွန်များပြားလာခဲ့သည်။ အချို့ကျေးရွာများတွင် ရွာလုံးကျွတ်သည်အထိ အလုပ်ရှာဖွေရန် ပြည်ပထွက်ခွာ နေကြသည်။ ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အသက် ၁၅ နှစ် ၁၆ နှစ်တွေဆိုလည်း တစ်ယောက်မှ မရှိတော့ဘူး” သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး DW ။ အမတို့ရွာမှာ […]

ကျောင်းနားမလား၊ တက်မလား

diz_admin

May 29, 2022

ကိုဗစ်ကြောင့် ကျောင်းတစ်နှစ် နားလိုက်ရပြီး နောက်နှစ်မှာလည်း အာဏာသိမ်းမှုကြောင့် ကျောင်းသားမိဘ အများစုက သားသမီးများကို ကျောင်းမပို့ခဲ့ကြပေ။ ယခုပညာသင်နှစ်တွင်လည်း ကျောင်းသားမိဘတွေ ခေါင်းစားနေရပြန်သည်။ စစ်ကောင်စီက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်မည်လော၊ မအပ်ဘဲနေမည်လော ဟုပင်။ စစ်ကောင်စီကို သပိတ်မှောက်ပြီး ကျောင်းမတက်လျှင် သားသမီး အသက်ကြီးလာပြီး ပညာရေး နောက်ကျ သွားမည်ကို စိုးရိမ်ကြသည်။ ကျောင်းတက်လိုက်ပြန်လည်း စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်မည် ကိုလည်း ထောက်ပြကြသည်။ ကျောင်းအနီး ဗုံးပေါက်မှုများကလည်း သားသမီး လုံခြုံရေးအတွက် စိတ်ပူရပြန်သည်။ သို့သော် ယင်းကျောင်းမတက်လျှင် မည်သည့်ပညာရေးကို ရယူရမည်နည်းဆိုသည့် မေးခွန်းကလည်း ရှိသည်။ အွန်လိုင်းပညာရေးစနစ် အားကောင်းလာသည့်တိုင် လူတိုင်းလက်လှမ်းမီဖို့ ဝေးနေသေးသည်။ ကျောင်းမတက်ဘဲ မည်သည့်အချိန်ကာလအထိ တောင့်ခံထားရမည်ဆိုသည့်အဖြေကလည်း သေသေ ချာချာ မရှိသေးပေ။   […]

အကြွေးနွံထဲကျနေတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ

diz_admin

May 22, 2022

တနင်္သာရီတောင်ပိုင်းရှိ အသေးစား စီးပွားရေး လုပ်ငန်းများမှာ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေတို့ကြောင့် ရပ်တည်ရခက်ခဲလာပြီး လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားကြရသည်။ ဆက်လက်လုပ်ကိုင်နေသည့် လုပ်ငန်းများမှာလည်း အကြွေးများဖြင့် လည်ပတ်နေရသည့်အတွက် အတိုးပိကာ အကြွေးနွံထဲကျရောက်နေကြရသည်။ ယင်းကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်အချို့ကို တွေ့ဆုံကာ လုပ်ငန်းလည်ပတ်နေမှု အခြေအနေနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းကာ ယခုအပတ်တနင်္သာရီပုံရိပ်များ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။ “မနက်ဖြန်အတွက် ရင်းဖို့တောင် သိပ်မကျန်တော့ဘူးလေ” တစ်နိုင်တပိုင် လက်ဖက်ရည်ဆိုင်ရှင်အမျိုးသမီး (ထားဝယ်မြို့) DW ။ လက်ရှိဆိုရင် အကြွေးဘယ်လောက်ရှိပြီး ဘယ်လိုဆပ်နေရလဲ ဖြေ ။  အခုဆိုရင် အကြွေးအနေနဲ့ နေ့ပေး (ကျပ်)လေးသိန်းနဲ့ နေ့ပြန်တိုး (ကျပ်)တစ်သိန်းပေးနေရတယ်၊ ချေးထားတဲ့ လေးသိန်းအတွက် တစ်ရက်ကို တစ်သောင်းပေးနေရတာ။ နေ့ပြန်တိုးကတော့ တစ်ရက်ကို တစ်ထောင်ကျပေးနေရတယ်။ အကြွေးရှင်ကတော့ စုစုပေါင်း ၂ […]

တိုက်ပွဲများကြားက ကဆုန်ညောင်ရေ

diz_admin

May 14, 2022

တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေကြသည့် ထားဝယ်ဒေသက ညောင်ရေသွန်းပွဲ အခြေအနေက မည်သို့ရှိပါသနည်း။ ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွက်အမြတ်ထားရသည့် ပွဲတော်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်ကို မွေးဖွားသန့်စင်တော့မူသည့်နေ့ဖြစ်သည့် ဗုဒ္ဓနေ့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် ညောင်ရေသွန်းပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပလေ့ရှိရာ ထားဝယ်ဒေသတွင်း အစည်ကားဆုံးပွဲတော်များအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။ ယခုတော့ ထားဝယ်ဒေသမှာ ညောင်ရေသွန်းပွဲတော် စည်စည်ကားကား မဖြစ်‌သည်မှာ သုံးနှစ်ဆက်တိုက် ရှိလာလေပြီ။ ကိုရိုနာညောင်ရေ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံနှံ့ကူးစက်ခြင်းကိုကာကွယ်တဲ့အနေနဲ့ ၂၀၂၀ ခုနှစ်မှစပြီး အခြာသော ဘာသာရေး ပွဲတော်များနည်းတူ ညောင်ရေသွန်းပွဲတော်ကိုလည်း အကျဉ်းရုံးပြီး ကျင်းပခဲ့ကြသည်။ ထိုကြောင့် အချို့က ကိုရိုနာညောင်ရေဟု တင်းစာပြောဆိုကြလေသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ညောင်ရေ ၂၀၂၁ ခုနှစ်တွင်မူ စစ်အာဏာရှင် ဆန့်ကျင်ရေးညောင်ရေဟု သမုတ်ပြီး ကဆုန်လပြည့်နေ့တွင် […]

အဖက်ဖက်က ပိတ်ပင်ခံနေရသည့် CDM များ

diz_admin

May 14, 2022

“လုံးဝ အလုပ်ပြန်မဝင်ဘူး။ ကျွန်မတို့ကို သူများဖိအားပေးလို့ လုပ်ထားတာမှ မဟုတ်တာ။ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်တာ” တနင်္သာရီ ပုံရိပ်များ နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် လှုပ်ရှားမှုတစ်ခုဖြစ်သော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူများမှာ လက်ရှိကာလ၌ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနေချိန်တွင် နိုင်ငံရေးမတည်ငြိမ်မှုဆင့်လာသဖြင့် ပြည်တွင်း၌ စီးပွားရေး အလွန်အမင်းကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုများလည်း ဖြစ်ပေါ်လာပြီး CDM များမှာ စားဝတ်နေရေး ပိုမိုခက်ခဲသော အခြေအနေဖြင့် ရင်ဆိုင်နေကြရသည်။ ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်လိုသော်လည်း CDM များ တရားဝင် ပြည်ပထွက်ခွာခွင့် မရှိဖြစ်နေသည်။ ပြည်တွင်း၌ အလုပ်ရှာဖွေရာတွင်လည်း အလုပ်ရှင်အချို့က CDM များကို အလုပ်ခန့်လိုခြင်းမရှိသည်ကို တွေ့ကြုံရသည်ဟုဆိုသည်။ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး တရားမဝင် လမ်းကြောင်းများမှ […]