အဖြူထည်ကူညီမှုတွေကို ဖြန့်ဝေကြပါစို့
diz_admin
January 16, 2021လူဆိုတာ အသိုက်အဝန်းနဲ့ နေထိုင်ကြတဲ့ သတ္တဝါတွေမို့ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် ဖေးမကူညီမှု တွေတော့ အစဉ်အမြဲရှိနေကြမှာပါပဲ။ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီမှုတွေ ပြုလုပ်ကြရင်း မျှော်လင့်ချက်တွေ အပြန်အလှန်ထားမိတဲ့ အခါများစွာလည်း ရှိမှာပါပဲ။ ကိုယ်ပေးသလောက် ပြန်ရရမယ်ဆိုတဲ့စိတ်ဟာ ရင်းနှီးချစ်ခင်သူတွေ ကြားမှာ အမြစ်တွယ်လာတာနဲ့အမျှ ချစ်ခင်ရင်းနှီးမှု လျှောကျပျက်စီးတဲ့ လမ်းကြောင်းကို ဦးတည်လာပါတော့တယ်။ မိသားစုဝင်အချင်းချင်းပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း ကြားမှာပဲဖြစ်ဖြစ် ကိုယ်နဲ့ ရင်းနှီးပတ်သက်သူတွေကို အကူအညီ ပေးလိုက်တဲ့အခါ တစ်ချိန်ချိန်မှာ ကိုယ့်လိုအပ်ချက်ကို ပြန်လည်ဖြည့် ဆည်းပေးမှာပါပဲဆိုတဲ့ မျှော်လင့်ချက်ဟာ မသိမသာ ကပ်ပါလာတတ်ကြပါ တယ်။ တစ်ဦးအပေါ်တစ်ဦးထားတဲ့ မျှော်လင့်ချက်တွေ ကြီးမားလာတာနဲ့အမျှ နာကျင်စရာ၊ စိတ်ပင်ပန်းစရာတွေလည်း ပိုမိုကြီးထွားလာတတ်တာ သဘာဝ တရားပဲ ထင်ပါတယ်။ ဒါ့ကြောင့်လည်း အောက်စဖို့ဒ် ဆရာတော်ဘုရားက “ချစ်ခြင်းက […]