ရွာ
Dawei Watch
December 20, 2025ဖြတ်သန်းလာခဲ့ပြီးတဲ့ ဆယ်စုနှစ်ငါးခုကျော်သက်တမ်းအတွင်းမှာ အလွမ်းဆုံးကတော့ ရွာပါပဲ။ တမ်းတခဲ့ရတဲ့ ရွာ။ ရွာ တစ်ရွာလိုချင်ခဲ့တာ။ ကိုယ့်ရွာ လို့ပြောချင်ခဲ့တာ။ ကိုယ့်မှာ ရွာရှိမနေခဲ့ဘူး။ ကိုယ်လည်းရွာမှာမရှိနေခဲ့ပါဘူး။ ရွာနဲ့ကိုယ်နဲ့က မတည့်တာလည်းမဟုတ်ဘူး။ ရွာကို ကိုယ်ချစ်တာပေါ့။ ကိုယ့်ကိုလည်း ရွာကချစ်မှာပေါ့။ သိတယ်။ သေချာပါတယ်။ ကိုယ့်မှာ ရွာ ရှိလာဖို့ပဲလိုတာပါ။ အဲသလိုနဲ့ ကိုယ်ဟာ ရွာ လိုက်ရှာနေရင်း ရွာလည်နေတာ။ ရွာတွေတော်တော်များများကို ရောက်ဖူးပါတယ်။ နေခဲ့ဖူးပါတယ်။ ပြည်နယ်၊ပြည်မ ရွာတွေသာမက ပြည်ပက ရွာအချို့ကိုလည်း ရောက်ဖူးပါရဲ့။ ရေမြေသဘာဝ ကွဲပြားခြားနားကြပေမဲ့၊ ယဥ်ကျေးမှု ဓလေ့ထုံးစံ လူနေမှုဟန်ပန်မတူကြပေမဲ့ ရွာတွေက ချစ်ဖို့ကောင်းတာချည်းပဲ။ ဆင်းရဲတဲ့ရွာလည်း ချစ်တာပဲ။ ချမ်းသာတဲ့ရွာလည်းချစ်တာပဲ။ ရွာ ဖြစ်နေဖို့ပဲလိုတာ။ ခရီးသွားဟန်လွဲဝင်ခဲ့ဖူးတဲ့ ရွာ။ ရက် ကြာကြာ နေဖူးခဲ့တဲ့ ရွာ။ […]


