ကိုလံဘီယာပါရမီရှင် လူငယ်ကစားသမား ‘အိုရော့ဇ်ကို’ ကို ခေါ်ယူရန် မန်ယူ မူအရသဘောတူညီမှုရရှိ
Dawei Watch
September 25, 2025မန်ယူဟာ အသင်းဆီကို ခေါ်ယူစမ်းသပ်ခဲ့တဲ့ ကိုလံဘီယာပါရမီရှင် လူငယ်ကစားသမားလေး ‘အိုရော့ဇ်ကို’ ကို ခေါ်ယူဖို့အတွက် မူးအရ သဘောတူညီမှုရရှိသွားပြီလို့ Yahoo Sports က ဖော်ပြထားပါတယ်။ အသင်းစွမ်းအင်ရင်းမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်ဟာ တောင်အမေရိက ဘောလုံးလောကရဲ့ လူငယ်ပါရမီရှင် အိုရော့ဇ်ကို,ကို အသင်းဆီ ရောက်လာစေဖို့အတွက် စနစ်တကျ အကောင်အထည်ဖော်လိုက်တာဖြစ်ပြီး မန်ယူရှယ်ယာရှင်သစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်ကလည်း အသင်းအတွက် လူငယ်ရင်းမြစ်သစ်တွေ စုစည်းဖို့လိုလားနေကြောင်း Manchester Evening သတင်းဌာနက ရေးသားထားပါတယ်။ အသက် ၁၈ နှစ်အရွယ် အိုရော့ဇ်ကို ဟာ ဗဟိုခံစစ်သာမကဘဲ ကွင်းလယ်ခံစစ်ကိုပါ စနစ်တကျ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ နည်းပြ အေမိုရင်က သူ့ကို အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်ဖို့ ပွဲစဉ်နှစ်ပွဲစာ ခေါ်ယူသွားခဲ့ပေမယ့် ပွဲကစားတာမှာတော့ ထည့်သွင်းအသုံးပြုတာ […]


