ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လွန်ခဲ့သည့် နှစ်၃ဝက အေးခဲသိမ်းဆည်းထားသော သန္ဓေသားလောင်းဖြင့် အမွှာကလေးနှစ်ဦး အောင်မြင်စွာမွေးဖွား

diz_admin

November 24, 2022

အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်တွင် လွန်ခဲ့သည့် အနှစ် ၃၀ က အေးခဲသိမ်းဆည်းထားသည့် သန္ဓေသားလောင်းကို ကလေးအဖြစ် မွေးဖွားစေခဲ့ရာ အမွှာကလေးနှစ်ဦး ထွန်းကားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ အရှည်ကြာဆုံး အေးခဲထားသော သန္ဓေသားလောင်းကို အောင်မြင်စွာ မွေးဖွားမှုတစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ အဆိုပါသန္ဓေသားလောင်းကို အနုတ် ၁၂၈ ဒီဂရီစင်တီဂရိတ် နိုက်ထရိုဂျင်အရည်ထဲတွင် ၁၉၉၂ ခုနှစ် ဧပြီလ ၂၂ ရက်ကတည်းက ထည့်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ အော်ရီဂွန်ပြည်နယ်သူ အမျိုးသမီး ရေချယ်ရစ်ဂ်ျဝေး၏ ကလေးများဖြစ်ကာ ဖခင်ဖြစ်သူ မစ္စတာဖိလစ်ရစ်ဂ်ျဝေးက ဘာပြောရမှန်းမသိလောက်အောင် ခံစားနေရကြောင်း ပြောပြသည်။ လှူပေးထားသော မျိုးဥများထဲမှ ကလေးငယ်ပေါင်း ၁၂၀၀ ကျော်ကို မွေးထုတ်ပေးထားသည့် အမျိုးသား သန္ဓေသားလောင်း လှူဒါန်းရေးစင်တာက […]

လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာသားနှစ်ဦး တစ်ညတည်း ပစ်သတ်ခံရ

diz_admin

November 23, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူများမှာ ကိုဝက်ကြီးဟုဆိုသူနှင့် ကိုအောင်ဇော်လင်း (ခေါ်) ခြေဘဲ ဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညနေကတည်းကနေ သေနတ်သံတွေ ဆူညံနေတယ်။ ၅နာရီလောက်ကနေ ၈နာရီလောက်အထိ ကြားရတယ်” ဟု ၎င်းက ဆိုသည်။ ကိုဝက်ကြီးမှာ ညနေ ၅ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကိုအောင်ဇော်လင်းမှာ ည ၈ နာရီတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကိုဝက်ကြီးဆိုသူမှာ မူးယစ်ဆေးသုံးစွဲလေ့ရှိကာ ခိုးဝှက်လေ့ရှိသူဟုပြောဆိုကြသည်ဟု ဒေသခံအချို့က ပြောဆိုပြီး ကိုအောင်ဇော်လင်းဆိုသူမှာမူ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ကိုအောင်ဇော်လင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး […]

ဗီဇာသက်တမ်းတိုးပြီး ပတ်စ်ပို့ပြန်ပေးမည်ဟု ဆန္ဒပြမြန်မာလုပ်သားများကို အလုပ်ရှင်ကတိပြု

diz_admin

November 23, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာခရိုင် သစ်စက်ရုံတွင် ဆန္ဒပြသည့် မြန်မာအလုပ်သမားများကို ဗီဇာသက်တမ်းတိုးပေးပြီး သိမ်းဆည်းထားသည့် နိုင်ငံကူးလက်မှတ်ကိုလည်းပြန်ပေးမည်ဟု အလုပ်ရှင်က ကတိပေးကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) အဖွဲ့ထံမှ သိရသည်။ စွန်ခရာခရိုင် ဟတ်ယိုင်ဒေသက APK သစ်စက်ရုံရှိ ၃၀၀ နီးပါးသည် နိုဝင်ဘာလ ၁၇ ရက်ညနေပိုင်းတွင် ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ နိုင်ငံကူးလက်မှတ်သိမ်းဆည်းခံထားရခြင်း၊ ဗီဇာသက်တမ်းတိုးပေးရန် ငွေကောက်ခံထားသော်လည်း မတိုးပေးခြင်း၊ လုပ်အားခအပြည့်အဝ မရရှိခြင်းစသော အခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။ ဗီဇာသက်တမ်း တိုးပေးရန် ဇွန်လမှစ၍ ဘတ် ၇၀၀၀ တစ်ကြိမ်၊ ဘတ် ၄၇၀၀ တစ်ကြိမ် စုစုပေါင်း ဘတ်တစ်သောင်း ကျော် ကောက်ခံခဲ့သော်လည်း နိုဝင်ဘာလအထိ သက်တမ်းတိုးပေးခြင်းမရှိကြောင်း အလုပ်သမားများထံမှ သိရသည်။ […]

ရေးမြို့က စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ၊ ရေး-ထားဝယ်ကားလမ်း အစစ်အဆေးတင်းကျပ်

diz_admin

November 23, 2022

မွန်ပြည်နယ် ရေးမြို့နယ် မြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သား နှစ်းဦးကို ပစ်သတ်ခံရပြီး အစစ်အဆေးများလည်း တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့ကို ယနေ့ နိုဝင်ဘာလ ၂၃ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင်က ရေးမြို့နယ် အခြေစိုက် တပ်ရင်း (၁၉) အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ချက်ထားသည်။ M16 A1 တစ်လက်၊ စခန်းမှူးကိုင်သည့် ခြောက်လုံးပြူး တစ်လက်နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း ထုတ်ပြန်ထားသည်။ ယင်းသို့ ပစ်သတ်ခံရပြီးနောက် ရေး-ထားဝယ် ကားလမ်းတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရေးမြို့ပေါ်တွင်လည်း စစ်ဆေးမှု တင်းကျပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ကားလမ်းမှာလည်း စစ်ဆေးမှုလုပ်နေတယ်။ မြို့ပေါ်မှာလည်း စစ်ဆေးနေတယ်။ […]

ထားဝယ်တွင် ခြေတုလက်တုများကို အခမဲ့ ပြန်လည်ပြုပြင်ပေးမည်

diz_admin

November 23, 2022

ထားဝယ်ခရိုင်တွင်းရှိ မသန်စွမ်းလူနာများတွင် တပ်ဆင်ထားသော ခြေတု၊ လက်တုများကို အခမဲ့ ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် မသန်စွမ်းသူများအထိမ်းအမှတ်နေ့အဖြစ် နိုဝင်ဘာလ ၁၆ ရက်တွင် တစ်ရက်တာ ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း ယင်းအသင်းခွဲထံမှ သိရသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ထားဝယ်မြို့ဆေးရုံလမ်း ကရပ်ပြင်မြောက်ရပ်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် အခမဲ့ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကက တပ်ဆင်ပြီးသား လူနာတွေကိုပေါ့နော်။ အသစ်ကျတော့ ကျွန်နော်တို့အနေနဲ့ လုပ်ပေးလို့မရဘူး။ အဲဒါက ကရင်ပြည်နယ် ဘားအံမှာရှိတဲ့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ခွဲမှာပဲ လုပ်ပေးလို့ရတယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်ခရိုင်တွင် တိုက်ပွဲကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ၊ […]

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကုန်အထိ မိုးရွာမည်၊ မိုးကြောင့် ဆားလုပ်ငန်း ရပ်ထားရ

diz_admin

November 23, 2022

တနင်္သာရီတိုင်းတွင် နိုဝင်ဘာလကုန်အထိ မိုးရွာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ကော့သောင်း၌ နိုဝင်ဘာလ ၂၂ ရက်နှသ့် ၂၃ ရက်တို့တွင် မိုးရွာခဲ့ပြီး မြိတ်တွင် ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်၊ ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် ၂၂ ရက်တို့တွင် မိုးရွာသွန်းခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။ “အခု မိုးရွာတာက အရှေ့ဘက်ကနေပြီးတော့ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေကြောင့် နိုဝင်ဘာလ ၂၃ ကနေ လကုန်ရက်အထိ တနင်္သာရီတိုင်းမှာ မိုးရွာသွန်းဖို့ ရှိတယ်ပေါ့နော်” ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။ နိုဝင်ဘာလတွင် တိုင်းအတွင်းရှိ လယ်သမားများ စပါးရိတ်သိမ်းကာလ၊ ကွမ်းသီးခြောက်လုပ်သည့်ကာလ၊ ရော်ဘာခြစ်သည့်ကာလ၊ ဆားချက်လုပ်သည့် ကာလဖြစ်သည်။ ဆားချက်လုပ်သည့်ရာသီတွင် မိုးရွာနေသဖြင့် လုပ်ငန်းရပ်နားထားရကြောင်း […]

ပုလောတွင် ကားမိုင်းဆွဲခံရမှုတွင် ဘုန်းတော်ကြီးတစ်ပါးပျံလွန်ဟုဆို

diz_admin

November 23, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ကားမိုင်းဆွဲခံရပြီး ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူသွား ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ကဒဲရွာအနီး ရေကျော်ထန်းပင်တန်းတွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး ကားနှစ်စီးအနက် ဘုန်းတော်ကြီး လိုက်ပါလာသည့်ကား မိုင်းထိသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “ဘုန်းကြီးက ပျံလွန်တော်မူသွားပြီး လူတချို့လည်း ထိခိုက်လို့ ပလဆေးရုံတင်ထားရတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပျံလွန်တော်မူသွားသည်ဆိုသည့် ဘုန်းတော်ကြီး၏ ဘွဲ့အမည်နှင့် သီတင်းသုံးနေသည့် ကျောင်းတိုက်တို့ကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။ မိုင်းဆွဲခံရပြီးနောက် ကားမှာ အသုံးပြု၍မရတော့ဘဲ ခရီးသည်များအား မင်းထိန်ကျေးရွာသားများက ထမင်းကျွေးကာ ညအိပ်နေစေခဲ့ရကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။ “ဖြစ်တာက ည ၉ နာရီ ၄၅ […]

လောင်းလုံးမြို့နယ်ပညာရေးမှူး ပစ်ခတ်ခံရ

diz_admin

November 23, 2022

လောင်းလုံးမြို့နယ် ပညာရေးမှူး ဦးဇော်ဇော်စိုးကို အမည်မသိသူများက နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နှင့် ကပ်လျက် သဗျာကျေးရွာအုပ်စု ထားဝယ်-လောင်းလုံး-ရှင်မော် သွားသည့် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာပြီး သုံးလေးချက် ပစ်တာလို့ ပြောသံကြားရတယ်” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဇော်စိုး သေနတ်ဖြင့် ပစ်ခတ်ခံရသည်မှာ မှန်ကန်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။ “ဘာမှတော့ မဖြစ်ဘူး။ ဒဏ်ရာလည်း မရသွားဘူး။ တော်သေးတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ၎င်းအား မည်သူတို့က မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးဇော်ဇော်စိုးမှာ အာဏာမသိမ်းမီကတည်းက […]