လယ်သစ်ကျေးရွာတွင် ၇ နာရီကျော်ကြာတိုက်ပွဲဖြစ်၊ လက်နက်ကြီး ပစ်ခတ်မှုများလည်းရှိ
diz_admin
November 26, 2022မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့နံနက်(နိုဝင်ဘာ ၂၆ ရက်) ၁၀ နာရီကျော်ဝန်းကျင်မှ စတင်ကာ ညနေ ၅ နာရီကျော်သည်အထိ တစ်နေကုန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ လယ်သစ်ကျေးရွာအနောက်ကမ်း၌ နေရာယူထားသည့် ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လယ်သစ်အရှေ့ကမ်းသို့ အဆက်မပြတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖက်မှလည်း ပြန်လှန်ပစ်ခတ်ခဲ့သည့် အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “စစ်တပ်ဖက်က လက်နက်ကြီးချည်းပဲ ပစ်တာအချက်ရေ သုံးဆယ်ကျော် လေးဆယ်လောက်ရှိမယ်။လက်နက်ငယ်ကတော့ ပစ်တာ ဆူညံနေတာပဲ”ဟု ဒေသခံအမျိုးသားကပြောသည်။ တစ်နေကုန်ဖြစ်သည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း ကြားရကြောင်း ဒေသခံများကပြောသည်။ “ကျတဲ့ ရဲဘော်နာမည်က ဒေါင်းမင်း လို့သိရတယ်။လက်နက်ကြီးကျည်မှန်ပြီး ကျဆုံးတယ်ကြားရတယ်။ တိတိကျကျတော့ […]


