ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေခဲလုံးရောင်းသူအမျိုးသား ရလိုင်တံတားပေါ်တွင် ပစ်သတ်ခံရ

diz_admin

November 28, 2022

အသက် ၃၀ ကျော်အရွယ်ရှိ ရေခဲလုံးရောင်းသူ အမျိုးသားတစ်ဦး ရေဖြူမြို့နယ် ရလိုင်တံတားပေါ်တွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နေ့လယ် ၁၂နာရီဝန်းကျင်တွင် တံတားဖက်က သေနတ်ပစ်ခတ်သံနှစ်ချက် ဆက်တိုက်ကြားရပြီးနောက် တံတားပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆိုသည်။ အဆိုပါအမျိုးသားသည် ဆိုင်ကယ်စီးလျက်သား လဲကျနေခြင်းဖြစ်ပြီး ဦးခေါင်းတွင် သွေးများစီးကျနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ ဆိုင်ကယ်နောက်ထိုင်ခံတွင် ရေခဲချောင်းထည့်ထားပြီး အဝါရောင်တိတ်ဖြင့် ပတ်ထားသည့် ပုံးအဝါတစ်လုံးပါကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ရလိုင်၊ ပုဂေါဇွန်းကျေးရွာဘက်တွင် နို့အေးလုံးရေခဲချောင်း လာရောင်းနေသည်မှာ မကြာသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ သို့သော် ယင်းအမျိုးသား၏ အမည်နှင့် […]

ထောင် ၁၁နှစ်ချခံထားရသည့် တိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို အမှုနှစ်ခုဖြင့်ထပ်တိုးတရားစွဲ

diz_admin

November 28, 2022

NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်ကို စစ်ကောင်စီက အမှုနှစ်ခုဖြင့် ယခုရက်ပိုင်းအတွင်း ထပ်မံတရားစွဲဆိုကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ နိုဝင်ဘာလ ၂၈ သတင်းထုတ်ပြန်သည်။ ဦးမောင်မြင့်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ စသော အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁နှစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။ လက်ရှိ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် အမှုနှစ်ခု ထပ်တိုးတရားစွဲဆိုခြင်း ဖြစ်ကြောင်း DPPN ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ဖျောက်ဖျက်ခြင်း၊ ဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်းရုံး ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့ကို […]

မြိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

diz_admin

November 28, 2022

မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်နှစ်ဦး ကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် တောကြီးမြွှေဟောက် (King Cobra Force) အဖွဲ့က ရဲဘော် မိုက်သည် နိုဝင်ဘာလ ၂၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ မည်သည့်အကြောင်းကြောင့် ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ နိုဝင်ဘာလ ၂၄ ရက်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် ပျုစောထီးအပါအဝင် စစ်ကောင်စီတပ်နှင့် တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ရဲဘော် မိုက် သည် တိုက်ပွဲ၌ ပစ်ခတ်တိုက်ခိုက်ကြရာတွင် ကျဆုံးခြင်းမဟုတ်ဘဲ မိုင်းများသယ်လာစဉ် ဆိုင်ကယ် မတော်တဆဖြစ်၍ မိုင်းကွဲကာ ကျဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အလားတူ […]

မြိတ်တွင် ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဖမ်းမိဟုဆို

diz_admin

November 28, 2022

မြိတ်မြို့နယ်မှ အန်ဒမန်ပင်လယ်ပြင်သို့သယ်ဆောင်သွားမည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှုထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာလ ၂၆ရက်က ထုတ်ပြန်သည်။ အလေးချိန် တစ်တန်ရှိသည့် အိုက်စ်အမျိုးအစား မူးယစ်ဆေးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ မြိတ်မြို့သို့သယ်ယူပြီး ယင်းမှတစ်ဆင့် အန်ဒမန်ပင်လယ်ကိုဖြတ်ကာ ပြည်ပသို့ပို့ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ ယင်းမူးယစ်ဆေးဝါးများ ပင်လယ်သို့မရောက်မီ မြိတ်မြို့နယ် လယ်ကယ်ကျေးရွာအနီးတွင် မော်တော်ယာဉ် နှစ်စီးပေါ်တွင် နိုဝင်ဘာလ ၉ ရက်က စစ်ဆေးတွေ့ရှိခဲ့သည်ဟုဆိုသည်။ ယင်းမူးယစ်ဆေးနှင့် ဆက်စပ်သူ ၁၃ ဦးကိုလည်းဖမ်းဆီးထားသည်ဟုဆိုသည်။ မြိတ်မြို့ ကလွင်ကျေးရွာနှင့် အနောက်လယ်ရပ်ကွက် ဘောတံတားအနီးတွင် အမျိုးသားခြောက်ဦး၊ မွန်၊ တနင်္သာရီတိုင်းအစပ်က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇနီးမောင်နှံနှစ်ဦး၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် တည်းခိုခန်းတစ်ခုတွင် အမျိုးသားနှစ်ဦး၊ ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရှမ်းပြည်နယ် […]

တရုတ်တွင် ဆန္ဒပြသူများက သမ္မတဆင်းပေးရန်၊ ကွန်မြူနစ်ပါတီဖယ်ပေးရန်အထိ တောင်းဆို

diz_admin

November 28, 2022

တရုတ်တွင် ကိုဗစ် lockdown ချထားမှုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့ရာ ဒုတိယမြောက်ညတွင် မြို့ကြီးများစွာကို ကူးစက်ကာ သမ္မတဆင်းပေးရန်၊ ကွန်မြူနစ်ပါတီ ဆင်းပေးရန်အထိ တောင်းဆိုနေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ မြို့တော်ဘေဂျင်း နှင့် ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်း တို့တွင် ဆန္ဒပြသူများ စုစည်းခဲ့ပြီး အချို့က သမ္မတရှီကျင့်ဖျင် ဆင်းပေးရန် ဟစ်အော်ခဲ့ကြသည်။ ကိုဗစ်နိုင်တင်းကြောင့် အစုလိုက်အပြုံလိုက် ဆေးစစ်ရခြင်း၊ အစုလိုက်အပြုံလိုက် သီးခြားခွဲနေထိုင်ရခြင်း၊ အသွားအလာကန့်သတ်ခြင်းတို့ ပါဝင်သည့် ရှီကျင့်ဖျင် အစိုးရ၏ ဇီးရိုးကိုဗစ် မူဝါဒကို ဆန္ဒပြသူများက  အပြစ်တင်သွားခဲ့သည်။ ကိုဗစ်ကူးစက်မှုကြောင့် တိုက်ခန်းမြင့်တစ်ခု အသွားအလာကန့်သတ်ထားချိန်တွင် မီးလောင်ရာ လူ ၁၀ ဦးသေဆုံးခဲ့ရာမှ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အူရန်ကျီမြို့တွင် ဆန္ဒပြပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။ အသွားအလာ ကန့်သတ် ပိတ်ဆို့ထားခြင်းက ကယ်ဆယ်ရေးလုပ်ငန်းများကို နှေးကွေးစေခဲ့သည်ဟု ဆန္ဒပြသူများက […]

မြိတ်-တနင်္သာရီလမ်း ညဖက် မသွားလာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

November 27, 2022

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းအား ည ၈ နာရီမှ နံနက် ၄ နာရီအထိ ယာဉ်များ မောင်းနှင်သွားလာခြင်း မပြုကြရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ရက် ထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ ၂၇ ရက် ညမှစတင်၍ သွားလာခြင်း မပြုကြရန် တားမြစ်ထားသလို နေ့ခင်းအချိန်ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများအနေဖြင့် အမိုးအကာ တာလပတ်များ ဖုံးအုပ်ထားခြင်း မပြုကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်မယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နောက်ထုတ်ပြန်ချက် မထွက်ခင်အချိန်အထိ ယခုတားမြစ်ချက်ကို တစ်စုံတစ်ရာပြောင်းလဲသွားမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ တားမြစ်သည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသည့် ပျူစောထီး […]

ကိုဗစ်လော့ဒေါင်းကာလ မီးလောင်မှုတွင် လူများသေဆုံးရာမှ တရုတ်မြို့ကြီးတစ်မြို့တွင် ဆန္ဒပြပွဲများဖြစ်ပွား

diz_admin

November 27, 2022

တိုက်ခန်းမီးလောင်ရာ လူ ၁၀ ဦး သေဆုံးသွားပြီးနောက် ကိုဗစ်ကန့်သတ်ချက်များကို ကန့်ကွက်သည့် ဆန္ဒပြပွဲများ တရုတ်တွင် ဖြစ်ပွားနေသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ အူရန်ကျီ မြို့ရှိ လူအများသည် အရာရှိများနှင့် ဒေါသတကြီး ရင်ဆိုင်လျက်ရှိကာ အတားအဆီးများကို ရိုက်ချိုးခြင်း၊ “Covid lockdown များ အဆုံးသတ်ပေး” ဟု ဟစ်အော်ခြင်းများ ပြုလုပ်နေသည်ကို ဗီဒီယိုများတွင် တွေ့ရှိရသည်။ တရုတ်တွင် တင်းကျပ်သော ဇီးရိုးကိုဗစ် မူဝါဒချမှတ်ထားသော်လည်း ကူးစက်မှုနူန်းများက ဆက်လက်မြင့်မား နေဆဲ ဖြစ်သည်။ အနောက်ပိုင်း ရှင်ကျန် ပြည်နယ်၏ မြို့တော်ဖြစ်သော အူရန်ကျီတွင် ကိုဗစ်တင်းကျပ်မှုများကို ဩဂုတ်လကတည်းက ပြုလုပ်ထားသည်။ နိုဝင်ဘာလ ၂၄ ရက်က တိုက်ခန်းများ မီးလောင်စဉ်က လူအများပိတ်မိခဲ့သည်။ အပြင်ထွက်ခွင့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

November 26, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ လူသတ်မြေမြှုပ်မိုင်း အသုံးပြုမှုများလာ မြန်မာနိုင်ငံတွင် လူသေစေသည့် မြေမြှုပ်မိုင်း Anti-personnel landmine အသုံးပြုမှုများလာကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှုတားဆီးရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှင့်ချီပြီး အသုံးပြုလာသည့် အဆိုပါမြေမြှုပ်မိုင်းများသည် အာဏာသိမ်းပြီးနောက်ပိုင်း အသုံးပြုမှု ပိုများလာသည်ဟု ဆိုသည်။ နှစ်ဆယ်ချီ အသုံးပြုထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်၊ တနင်္သာရီတိုင်း တို့တွင် ပေါက်ကွဲသေကြေနိုင်သည့်အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ လူသေစေသည့် မြေမြှုပ်မိုင်းများကို ကမ္ဘာတွင် မြန်မာနှင့် ရုရှားနိုင်ငံတို့တွင်သာ အသုံးပြုကြတော့ကြောင်းလည်း အစီရင်ခံစာက […]