ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

diz_admin

December 15, 2022

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲဆီကို နှစ်ကြိမ်ဆက်တိုက် ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဆိုတဲ့ စံချိန်ကိုလည်း ပြင်သစ်က ရရှိသွားခဲ့ပါတယ်။ ခံစစ်မာကျောလှပါတယ်ဆိုတဲ့ မော်ရိုကို ဟာ ပြင်သစ်ကို ပွဲစပြီး ၅ မိနစ်အကြာမှာ ဂိုးပေးလိုက်ရတာကြောင့် ဟန်ချက်ပျက်သလို ဖြစ်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ပြင်သစ်ကပဲ ပွဲကို အသာစီးကနေ ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးကို နောက်ခံလူ ဟာနန်ဒက်ဇ်က သွင်းယူပေးသွားခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုတော့ တိုက်စစ်မှူး ကိုလို မူအာနီက ပွဲကစားချိန် ၇၉ မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။ […]

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

diz_admin

December 15, 2022

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲဆီကို နှစ်ကြိမ်ဆက်တိုက် ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဆိုတဲ့ စံချိန်ကိုလည်း ပြင်သစ်က ရရှိသွားခဲ့ပါတယ်။ ခံစစ်မာကျောလှပါတယ်ဆိုတဲ့ မော်ရိုကို ဟာ ပြင်သစ်ကို ပွဲစပြီး ၅ မိနစ်အကြာမှာ ဂိုးပေးလိုက်ရတာကြောင့် ဟန်ချက်ပျက်သလို ဖြစ်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ပြင်သစ်ကပဲ ပွဲကို အသာစီးကနေ ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးကို နောက်ခံလူ ဟာနန်ဒက်ဇ်က သွင်းယူပေးသွားခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုတော့ တိုက်စစ်မှူး ကိုလို မူအာနီက ပွဲကစားချိန် ၇၉ မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။ […]

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ် ပစ်ခတ်မှုဖြစ်ပြီး လေးနာရီခန့်လမ်းပိတ်ခဲ့

diz_admin

December 14, 2022

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်  ယနေ့ နံနက် ၉ နာရီဝန်းကျင်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လေးနာရီအကြာ လမ်းပိတ်မိခဲ့သည်ဟု ကားသမားများကပြောသည်။ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် မော်တုံးနှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး မြိတ်မှလာသည့် ကုန်တင်ကား၊ခရီးသည်တင်ကား အပါအဝင်ယာဥ်အားလုံးကို   နံနက် ၈ နာရီခွဲခန့်မှစပြီး သွားခွင့်မပေးတော့ဘဲ မွန်းတည့် ၁၂ အထိစောင့်ဆိုင်းခဲ့ရသည်ဟု ကားသမားများ ကပြောသည်။ “ဇဝဲရွာမှာ ပိတ်မိနေတာ ကားတန်းကအရှည်ကြီးပဲ။ ရှေ့မှာတိုက်ပွဲဖြစ်နေတယ်လို့ပဲ သိရတယ်။ ကျန်တာမသိရဘူး”ဟု မြိတ်-ကော့သောင်းသို့သွားသည့် ကားသမားတစ်ဦးကပြောသည်။ မြိတ်နှင့်တနင်္သာရီမြို့အကြား မော်တုံးကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည်ဟု ကြားသိရပြီး ၅၅၆ အမြှောက်တပ်မှလည်း မော်တုံးကျေးရွာအောက်ဖက် ဘန်းလမွတ်ကျေးရွာနှင့် ယမ်းဖိုကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ကို ကြားရသည်ဟု ဇဝဲကျေးရွာနေ အမျိုးသမီး ကပြောသည်။ “ပျူစောထီးတွေ သေတယ်လို့ကြားရတယ်။ ကျွန်မတို့လည်း အတိအကျမသိဘူး”ဟု […]

ပြင်သစ်ဆီမှာ ဒီလိုထူးခြားတဲ့ အစဉ်အလာ မှတ်တမ်းလေးရှိတယ်

diz_admin

December 14, 2022

ပြင်သစ်ရဲ့ထူးခြားမှတ်တမ်း အချက်အလက်တစ်ခုက ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သက်လို့ နေပါတယ်။ ပြင်သစ်ဟာ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေထဲက ပြင်သစ်ရဲ့ထူးခြားချက်ကို ပြောပြချင်ပါတယ်။ ပြင်သစ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ နောက်ခံလူ လီလီသူရမ်ရဲ့သွင်းဂိုးတွေနဲ့အတူ ပြင်သစ်က ခရိုအေးရှားကို အနိုင်ရရှိခဲ့ပါတယ်။ ဖိုင်နယ်မှာ ပြင်သစ်က ဘရာဇီးကို ဆက်လက် အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပြင်သစ်က ပေါ်တူဂီနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်အတွက် အနိုင်ဂိုးကို ပင်နယ်တီကနေတဆင့် ဇီဒန်းက သွင်းယူပေးသွားခဲ့ပါတယ်။ ကွင်းလယ်လူ သွင်းယူပေးတဲ့ဂိုးပါ။ အဲ့ဒီတစ်ကြိမ်မှာတော့ ပြင်သစ်က ချန်ပီယံ မဖြစ်ခဲ့ပါဘူး။ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်မှာ […]

သရက်ချောင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွား

diz_admin

December 14, 2022

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဝဲရစ်ရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတစ်လုံးနှင့် ရှော့တိုက်မိုင်းတစ်လုံးခွဲခဲ့ကြောင်း၊ ယင်းနောက်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၄) နံနက် ၅ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာရှိ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လာရောက်တိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီယာဉ်တန်းမှာ ပဲဒက်ပြည်သူ့စစ်အဖွဲ့ကို လာကူသည့် စစ်ကူအင်အားဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က ရေကြောင်း၊ ကုန်းကြောင်းအသုံးပြုကာ ဖြန့်ကျက်လာနေကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်းမကြီးမှာ နေ့လယ် ၁၂ နာရီအထိ လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ၁၂ နာရီနောက်ပိုင်းမှ လမ်းကြောင်းပြန်ဖွင့်ပေးခဲ့သည်ဟု […]

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရပြီး ရထားခရီးစဉ်များ ဖျက်သိမ်းထား

diz_admin

December 14, 2022

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ ပြီးနောက် ရထားခရီးစဉ်များ ဖျက်သိမ်းထားရကြောင်း ခရီးသွားဒေသခံများနှင့် မြန်မာ့မီးရထားရုံးတို့ထံမှ သိရသည်။ သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲခန့်က ကုန်တင်ရထား မိုင်းဆွဲခံရပြီး ရထားလမ်းပိုင်းပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မိုင်းဆွဲခံရတာက ကုန်ရထားဆိုတော့ လူ ထိတာတော့မရှိဘူး။ ရထားနဲ့ လမ်းကတော့ ပျက်စီးသွားတယ်။ ပြင်နေကြလို့ ရထားခရီးစဉ်တွေ ရပ်ထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရထားလမ်းပိုင်း ပြုပြင်နေရသည့်အတွက် ရန်ကုန် – မော်လမြိုင် အစုန်အဆန် ညရထားနှင့် နေ့ရထားခရီးစဉ်များ ဖျက်သိမ်းထားရကြောင်း စုံစမ်းသိရှိရသည်။ ပျက်ဆီးသွားသော ရထားလမ်းပိုင်းကို ပြင်ဆင်၍ မပြီးသေးကြောင်း မြန်မာ့မီးရထားက ယနေ့ ဒီဇင်ဘာ […]

နိုင်ငံရေးခိုလှုံခွင့်တောင်းသူအပါအဝင် မြန်မာတစ်ရာကျော်ကို ပြန်ပို့ရန် မလေးရှားဆုံးဖြတ်ချက် ကန့်ကွက်ခံရ

diz_admin

December 14, 2022

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် တရားရုံးက ဆုံးဖြတ်လိုက်သည့်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြသည်။ မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်လည်ပို့ဆောင်ပေးမည့် အစီအစဉ်ကို ရပ်တန့်ရန်နှင့် အလေးအနက်ပြန်လည် စဉ်းစားပေးရန် Amnesty International Malaysia အဖွဲ့နှင့် Asylum Access အဖွဲ့များက ပူးတွဲထုတ်ပြန်တောင်းဆိုထားသည်။ အဆိုပါမြန်မာ ၁၁၄ဦးကို နေရပ်ပြန်ပို့မည့်အရေး ဆိုင်းငံ့ထားသည်ကို တရားရုံက ဒီဇင်ဘာလ ၁၃ ရက်တွင် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများ၏ နေထိုင်ခွင့်ကို ရုတ်သိမ်းပေးရန် မလေးရှားအစိုးရက ယခုနှစ် မေလတွင် တရားရုံးသို့ လျှောက်ထားခဲ့မှုကို တရားရုံးက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းတွင် မလေးရှားအစိုးရသည် မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို […]

ကပ်နိုင်တဲ့ရလဒ်မျိုးနဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ဆီကို ပြင်သစ် တက်လှမ်းလိမ့်မယ်

diz_admin

December 14, 2022

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက် ဒီနေ့ညမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဒုတိယမြောက် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ ခံစစ်ကစားပုံ သေသပ်လွန်းတာကြောင့် နာမည်ကောင်းရရှိနေတဲ့ မော်ရိုကိုဟာ ပြင်သစ်တိုက်စစ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါ့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။ လက်ရှိချန်ပီယံ ပြင်သစ်ကလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက် ဆွတ်ခူးရရှိတဲ့အသင်းအဖြစ် သမိုင်းမှတ်တမ်းတစ်ခုရေးဖို့ ဆန္ဒပြင်းပြနေပါတယ်။ မော်ရိုကိုအနေနဲ့ကတော့ သာမန်ပွဲကစားချိန် မိနစ် ၉၀၊ အချိန်ပို မိနစ် ၃၀ တွေမှာ ပြင်သစ်တိုက်စစ်ကို တောင့်ခံပြီး ပင်နယ်တီအဆုံးအဖြတ်ဆီ ရောက်တဲ့အထိ ပွဲကို ဆွဲခေါ်နိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒီပွဲစဉ်ကို မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1s7svl Dawei […]