ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အာရှမြေမှာ တောင်အမေရိကအသင်းပဲ ချန်ပီယံဖြစ်တဲ့စံချိန်ကို ဆက်ထူပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြလိုက်တဲ့ အာဂျင်တီးနား

diz_admin

December 19, 2022

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ လက်ရှိချန်ပီယံပြင်သစ်တို့ အားပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းချိန်မှာ အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ လက်ရှိချန်ပီယံပြင်သစ်ကို ပထမပိုင်း ၄၅ မိနစ်မှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၈၀ နဲ့ ၈၁ မိနစ်တွေမှာ ပြင်သစ်က နှစ်ဂိုးပြန်သွင်းပြီး သရေရလဒ်ရယူသွားခဲ့လို့ အချိန်ပိုမိနစ် ၃၀ ဆက်ကစားရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ပင်နယ်တီကတဆင့် မက်ဆီ သွင်းယူပေးတဲ့ဂိုးနဲ့အတူ ပွဲအစ ၂၃ မိနစ်မှာတင် ပြင်သစ်ဘက်ကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး အာဂျင်တီးနားအတွက် ဒုတိယမြောက်ဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ ဒီမာရီယာက ဆက်လက် သွင်းယူပေးသွားခဲ့ပါတယ်။ ပြင်သစ်အတွက် ပထမချေပဂိုးကို ပင်နယ်တီကတဆင့် […]

ခေတ်သစ်နော်စတာဒါးမတ်စ် ဟောကိန်းထုတ်အပြီး တိုက်တိုက်ဆိုင်ဆိုင် ပြင်သစ်ကစားသမားအချို့ ဖျားနာ

diz_admin

December 18, 2022

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ နာမည်ကျော်စောနေတဲ့ ရှေ့ဖြစ်ဟောဆရာ အောသော့စ်ဆလုမ်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနား အနိုင်ရမယ်လို့ ဟောကိန်းထုတ်လိုက်ပြီး နာရီပိုင်းအကြာမှာတင် ပြင်သစ်ကစားတွေထဲက ဖျားနာသူတွေ၊ မအီမသာဖြစ်သူတွေ ပေါ်ထွက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ခေတ်သစ် နော်စတာဒါးမတ်စ်လို့ တင်စားခံရတဲ့ အေသော့စ် ဆလုမ်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီကို တက်ရောက်မယ့်အသင်းနှစ်သင်းက အာဂျင်တီးနားနဲ့ ပြင်သစ်တို့ဖြစ်တယ်ဆိုတဲ့ဟောကိန်းကို မှန်ကန်အောင် ဟောကိန်းထုတ်ခဲ့သူဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်အကြိုဟောကိန်းမှာ ဒီနှစ်က အာဂျင်တီးနားရဲ့နှစ်လို့ ထပ်မံဟောကြားခဲ့တာဖြစ်ပါတယ်။ မော်ရိုကိုနဲ့ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ ပြင်သစ်ကစားသမား နှစ်ယောက်ဖြစ်တဲ့ ရာဘီအော့တ်နဲ့ အူပါမီကာနို တို့ အဖျားဝေဒနာ ခံစားနေခဲ့ရပြီး အဲ့ဒီနောက်မှာ ကိုးမန်း၊ ဗာရန်းနဲ့ ကိုနာတေးတို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလိုပဲ ဖျားနာလာခဲ့ကြတာဖြစ်ပါတယ်။ အေသော့စ်ဆလုမ်း ဟာ ကိုဗစ်အရေး၊ ဘုရင်မကြီး အဲလိဇဘက် နတ်ရွာစံမယ့်အရေးတွေကို ဟောကိန်းထုတ်ခဲ့ရာမှာလည်း တိကျမှန်ကန်မှု […]

အင်းဝတောင်တွင် အလှူလုပ်နေချိန် တောင်တက်လမ်းတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

diz_admin

December 18, 2022

လောင်းလုံးမြို့နယ်၊ သဲပုံရွာရှိ အင်းဝတောင် (ခေါ် ) ဘုရားတောင်ပေါ်တွင် ဒီဇင်ဘာလ ၁၈ ရက် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံလုပ်ငန်းရှင်တစ်ဦး၏ သိမ်အလှူတရားတော်နာနေချိန် တောင်အတက်လမ်းပိုင်းတစ်နေရာတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အလှူပွဲသို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးကပြောသည်။ “အသံက နှစ်ချက်ပဲ။ အသံဗုံးလို့ပဲ ယူဆနေကြတယ်။ ဘယ်သူမှတော့ ထိခိုက်တာမျိုးမရှိဘူး” ဟု ၎င်းကပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် အလှူပွဲသို့ရောက်လာကြသည့် ဒေသခံအချို့မှာ ထိတ်လန့် ခဲ့ကြသည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။ “ကားဘီး ပေါက်တယ်လို့အချင်းချင်း ပြောထားရတယ်။ တချို့ကလည်း တောင်အောက်ကို ပြန်ဆင်းသွားတယ်။ တချို့ကလည်း တည်တည်ငြိမ်ငြိမ်ပဲ တောင်ပေါ်မှာပဲ ရှိနေပြီး အခြေနေစောင့်ကြည့် နေတာမျိုးလဲရှိကြတယ်” ဟု ထိုဒေသခံကပြောဆိုသည်။ အဆိုပါပေါက်ကွဲမှု ဖြစ်ပွားသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။ […]

ပြင်သစ် နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်မလား၊ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အောင်ပွဲခံမလား

diz_admin

December 18, 2022

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် အားလုံးမျှော်စောင့်နေတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်ရောက်ရင် ယှဉ်ပြိုင်ကစားစေတော့မှာပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲ မစတင်ခင်မှာ ပြိုင်ပွဲပိတ်သိမ်းမှုအစီအစဉ်အဖြစ် ဖျော်ဖြေရေးအခမ်းအနားလည်း ပါဝင်မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ ဒီနေ့ည ဗိုလ်လုပွဲဟာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ အားပြိုင်တဲ့ပွဲစဉ်ဖြစ်သလို ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့အနက်က ဘယ်သူဟာ ရွှေဘောလုံးဆုပိုင်ရှင်၊ ရွှေဖိနပ်ဆုပိုင်ရှင် ဖြစ်လာလေမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ၁၆ သင်းရှုံးထွက်အဆင့်မှာ ဒီနှစ်သင်း ဆုံခဲ့ဖူးပြီး အဲ့ဒီပွဲစဉ်မှာတော့ ပြင်သစ်က နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဗိုလ်လုပွဲပြိုင်ဘက်တွေအဖြစ် ဒီနှစ်သင်း ဆုံတွေ့ကြပါပြီ။ ဘယ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို သိမ်းပိုက်သွားလေမလဲ။ Dawei Watch Podcast […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 18, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကုလတွင် ကိုယ်စားပြုခွင့်ဆုံးရှုံးသွားသည့် စစ်ကောင်စီ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြုလက်ခံလိုက်ပြီဖြစ်သည်။ ကုလသမဂ္ဂကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee) က ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး ယင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly)က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆုံးဖြတ်ရာ ကန့်ကွက်သည့်နိုင်ငံမရှိဘဲ လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆို […]

တတိယနေရာလုပွဲမှာ အောင်ပွဲခံသွားခဲ့တဲ့ ခရိုအေးရှား

diz_admin

December 18, 2022

ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားတတိယနေရာလုပွဲမှာ ခရိုအေးရှားက အကောင်းဆုံးပုံစံနဲ့ကစားပြီး တတိယနေရာကို ရယူသွားခဲ့ပါတယ်။ မော်ရိုကိုဟာ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပေမယ့် ခရိုအေးရှားကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ စတုတ္ထနေရာနဲ့သာ ကျေနပ်လိုက်ရပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တုန်းကလို မဟုတ်ခဲ့ဘဲ နှစ်သင်းလုံးဟာ ပွဲစတင်တာနဲ့ ဂိုးတွေ အပြန်အလှန် သွင်းယူခဲ့ကြပါတယ်။ ခရိုအေးရှားဘက်က ဂါဘီဒေါလ်က ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဒီဂိုးကို ပွဲချိန် ၉ မိနစ်မှာတင် မော်ရိုကိုဘက်က ပြန်လည် ချေပခဲ့ပါတယ်။ မော်ရိုကိုရဲ့ချေပဂိုးကို သွင်းယူပေးခဲ့သူက ဒါရီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ပွဲပြီးဆုံးခါနီး ပွဲကစားချိန် ၄၂ မိနစ်ဆီကိုအရောက်မှာ ခရိုအေးရှားက အဖိုးတန် ဒုတိယဂိုးကို ရရှိသွားခဲ့ပြီး ဒီဂိုးကို အော်ဆစ်က သွင်းယူပေးခဲ့တာပါ။ အနိုင်ရလဒ်ကို ပထမပိုင်း ၄၅ […]

ထားဝယ်တွင် ဆိုင်ကယ်စီး အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

December 17, 2022

ထားဝယ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံ အချို့ထံမှ သိရသည်။ ဗဟိုလမ်းဆုံဘက်မှ လမ်ဆုံကြီးဘက်သို့ မောင်းနှင်းသွားသည့် ဆိုင်ကယ်အား မြန်မာ့ရှေ့ဆောင်ဘဏ်အနီးနားတွင်ရပ်ထားသည့် ကားပေါ်မှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း မျက်မြင် အချို့ကပြောကြားသည်။ ဆိုင်ကယ်စီးလာသူ အမျိုးသားသည် သေနတ်ထိမှန်ကာ မြန်မာ့ရှေ့ဆောင်ဘဏ် အနီးတွင် ဆိုင်ကယ်လဲကျသွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ “သူက ကမ္ဘောဇဆိုင်( မြန်မာ့ရှေ့ဆောင်ဘဏ်အနီး)နားမှာလဲကျသွားတယ်။ လူကတော့မလှုပ်တော့ဘူး။ ခဏကြာတော့အရေးပေါ်ကားနဲ့တင်ခေါ်သွားတယ်”ဟု မျက်မြင်တွေ့သည့် ခရီးသည်တစ်ဦးကဆိုသည်။ ပစ်ခတ်လိုက်သည့်ကားပေါ်တွင်မူ အရပ်ဝတ် လက်နက်ကိုင်ဆောင်ထားသူများကို တွေ့ရသည်ဟုဆိုသည်။ ဆိုင်ကယ်စီးလာသူ အမျိုးသားပစ်ခတ်ခံရချိန်တွင် ဗဟိုလမ်းဆုံနှင့် လမ်းဆုံကြီး မီးပွိုင့်တို့တွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ နေရာယူ စစ်ဆေးမှုပြုလုပ်နေချိန် ဖြစ်သည်ဟုဆိုသည်။ “သတင်းရလို့ကြိုပြီးလာ စောင့်နေတဲ့ပုံစံမျိုးဖြစ်မယ်” ဟု […]

ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ရန်ပုံငွေအခက်အခဲကြောင့် ယာယီရပ်မည်

diz_admin

December 17, 2022

ရန်ပုံငွေအခက်အခဲဖြစ်လာသည့်အတွက် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုကို ဒီဇင်ဘာလ ၂၄ရက်မှစတင်ကာ ယာယီရပ်နားမည်ဖြစ်ကြောင်း ယင်းအသင်းခွဲ၏ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်အတွက် ရန်ပုံငွေလိုအပ်လာခြင်းနှင့် ပဋိပက္ခကာလအတွင်း အသင်းသားများ၏ လုံခြုံရေးကို တာဝန်ယူ၊ တာဝန်ခံနိုင်မည့်သူ မားမားမတ်မတ် မရှိခြင်းတို့ကြောင့် ယာယီရပ်နားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုဗစ်ကာလတုန်းကတော့ အလှူငွေနဲ့ ပုံမှန်လည်ပတ်နိုင်တယ်။ ဒီအချိန်ထိပါပဲ။ အခုက ကားခြောက်စီးစာအတွက် ပြင်ဆင်စရိတ်လည်းလိုတယ်။ နောက်ပြီး အသင်းသားတွေ့ရဲ့ ကူညီသယ်ဆောင်တဲ့လမ်းကြောင်းမှာ ပြဿနာ တစ်စုံ တစ်ရာ ဖြစ်လာမယ်ဆိုရင် မားမားမတ်မတ်ရပ်တည်ပေးမည့်သူမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခရိုင်ဒုတပ်ဖွဲ့မှူး အဖမ်းခံရတဲ့ ဖြစ်စဉ်ကြည့်ပါ၊ အဲဒါသင်ခန်းစာပေါ့” ဟု အထက်ပါဥက္ကဋ္ဌက ပြောသည်။ ထို့ကြောင့် ယခုလ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ့၏ ထားဝယ်ခရိုင်လေးမြို့နယ် အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ယာယီရပ်နားမည်ဖြစ်ကြောင်း […]