BREAKING
November 5, 2025

သတင်း

ရငဲရွာတွင် နေအိမ်များထပ်မံမီးရှို့ခံရ၊ ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးလည်းဒဏ်ရာရ

Dawei Watch

June 12, 2023

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ရငဲရွာက နေအိမ်ငါးလုံးခန့်ကို ယနေ့ ဇွန်လ ၁၂ရက်တွင် ထပ်မံမီးရှို့ခဲ့ပြီး ပစ်ခတ်ခံရမှုကြောင့်လည်း အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရငဲရွာသို့ ဇွန်လ ၁၁ ရက်က ရောက်ရှိနေပြီး ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်ကြသလို မတိမ်းရှောင်နိုင်ဘဲ ဖမ်းဆီးခံခဲ့ရသူအချို့လည်းရှိကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအနက် အမျိုးသမီးတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ စစ်ကောင်စီတပ်က ယနေ့ ပစ်ခတ်သဖြင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ နောက်အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်စ ပေါင်တွင်ထိမှန်ကာ ဒဏ်ရာရကြောင်း ရငဲကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ သို့သော် ယင်းအမျိုးသမီး မည်သည့်နေရာတွင်ရှိနေစဉ် ကျည်စထိမှန် ဒဏ်ရာရသည်ကိုမူ မသိရသေးပေ။ “ဒဏ်ရာရတာကတော့ လက်နက်ကြီးမှန်တာက တစ်ယောက်၊ […]

ပလတွင် လယ်သမားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးနိုင်ဟုဆို

Dawei Watch

June 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် လယ်ထဲဆင်းသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ဖြတ်ရဖွယ်ရှိကြောင်း ဒေသခံများ ထံမှသိရသည်။ ပလမြို့၊အမှတ် ၄ ရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိ ကိုကျော်လင်းအောင်ဆိုသူမှာ ဇွန်လ ၁၁ ရက်နေ့လယ်ပိုင်းက လယ်ထဲဆင်းရာတွင် မိုင်းနင်းမိခဲ့ပြီး မြိတ်မြို့ဆေးရုံတွင် ကုသမှုခံနေရသည်ဟု ဒေသခံများ ကပြောသည်။ “နေ့လယ် ၂ နာရီလောက်က လယ်ထဲအသွား မိုင်းနင်းမိတာ၊ ခြေတစ်ဖက်ဖြတ်ရမယ်လို့ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဒေသခံများ ပိုင်ဆိုင်သည့်လယ်များသည် ပလရဲစခန်းအနောက်ဘက်တွင်ရှိပြီး အချို့လယ်ကွင်းများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှင့် မိုင်းများရှိနေသည်ဟု ဒေသခံများ ကဆိုသည်။ “လူတွေက ဒီနှစ်လယ်လုပ်ဖို့ တွန့်ဆုတ်နေတာ။ ခုလိုမျိုးမိုင်းထိတယ်ဆိုတော့ တချို့လယ်ထဲဆင်းရဲကြတော့မယ် မထင်ဘူး”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ ပလရဲစခန်းအနောက်ဖက်ရှိလယ်ကွင်း တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသည် […]

လယ်ယာမြေကို အိမ်ရာ‌မြေကွက် မရိုက်ရန် တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများရှိနေဆဲ

Dawei Watch

June 12, 2023

မြိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေတို့ကို အိမ်ရာ‌မြေကွက်များရိုက်ခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထားသော်လည်း အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း မြို့ခံအချို့မှ သိရသည်။ လယ်ယာမြေတို့ကို အခြားနည်း အသုံးပြုခွင့်မရှိဘဲ အိမ်ရာမြေကွက်များရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ နေအိမ်နှင့် အဆောက်အအုံဆောက်လုပ်ခြင်း မပြုလုပ်ရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတိပေးထားမြစ်ထားသည်။ ယင်းသတိပေးတားမြစ်ချက်အား ဗီနိုင်းပြားတို့ဖြင့် ရပ်ကွက်အချို့တို့တွင် ပြီးခဲ့သည့် မေလကုန်ခန့်မှစပြီး လိုက်လံ စိုက်ထူထားကြောင်း မြို့ခံအချို့က ဆိုသည်။ “လယ်ယာမြေတွေကို အိမ်ရာကွက်တွေ မဖော်ရဘူးဆိုပြီး တားမြစ်ထားတာ တွေ့မိတယ်” ဟု ရှမ်းချောင်းကြီးရွာနေသူ တစ်ဦးက ပြောသည်။ သို့သော် မြေပြင်တွင် လက်ရှိအချိန်အထိ အကွက်ဖော်ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ “ချောင်းကူးငယ်ဘက်မှာဆို အခုထိရောင်းနေကြတုန်းပဲ။ လူတွေလည်းဝယ်ပြီး အိမ်ဆောက်နေကြတာ ရွာကြီးတစ်ရွာလို ဖြစ်နေပါပြီ” ဟု ယင်းရွာနေသူတစ်ဦးက ပြောသည်။ မြို့အပြင်ဘက်ကျသည့် […]

ဘန်ကောက်မြို့အနီးတွင် တရားမဝင် မြန်မာလုပ်သား ၁၄ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

June 12, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ပို့ဆောင်နေသော ပွဲစား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသ ဘန့်ပလားလမ်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို မြန်မာပွဲစားများက နေရာထိုင်ခင်းပြုလုပ်ပေးခြင်း၊ အလုပ်ရှာပေးခြင်းနှင့် သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးနေခြင်းတို့ လုပ်ဆောင်နေကြောင်းကို သိရှိရသဖြင့် ထိုင်းရဲများက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၀ ရက်နေ့တွင် ဘန်ပလားလမ်း၌ မြန်မာအလုပ်သမားများကို အိမ်စီးကား၊ အငှားယာဉ်များဖြင့် ပို့ဆောင်ရန်ပြင်ဆင်နေစဉ် စမွတ်ပရကန် ရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများကို စစ်ဆေးရာ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ် စာရွက်စာတမ်းများ မတွေ့ရှိရဟုဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများမှာ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူခံရမည်ဖြစ်ပြီး ပွဲစားများကိုမူ မြန်မာအလုပ်သမားများကို ကူညီပို့ဆောင်ပေးမှုများဖြင့် […]

လောင်းလုံး စခန်းကြီးရွာက ဒေသခံသုံးဦး မှိုအဆိပ်သင့်၊ နှစ်ဦးဆေးရုံပို့ထား

Dawei Watch

June 12, 2023

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာက ဒေသခံသုံးဦး မှိုအဆိပ်သင့်ပြီး နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အလေ့ကျပေါက်ရောက်သည့် သစ်ချစေ့မှို (ဒေသအခေါ် သစ်တပ်စေ့) မှိုကို ဒေသခံသုံးဦးက ဇွန်လ ၁၁ ရက် နေ့လယ်စာတွင် စားသုံးမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် ညနေသုံးနာရီခန့်တွင် အစာအဆိပ်သင့်သည့် လက္ခဏာများဖြစ်သည့် ရယ်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ ဖြစ်လာကြောင်း ဒေသခံတို့က ဆိုသည်။ “မိသားစုလေးယောက်မှာ နှစ်ယောက်ရဲ့ အခြေအနေက အောက်ဆီဂျင်တွေရော၊ သွေးပေါင်တွေရော ထိုးကျတော့ ဆေးရုံအမြန်ပို့လိုက်ရတယ်” ဟု ကူညီပေးရာတွင်ပါဝင်သူ ဒေသခံတစ်ဦးက ပြောဆိုသည်။ ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့ရှိ ချမ်းမြေ့ပုဂ္ဂလိကဆေးရုံသို့ တင်ပို့လိုက်ခြင်းဖြစ်သည်။ မှိုအဆိပ်သင့်သူများမှာ အသက် ၇၀ ကျော်အရွယ် […]

ရငဲရွာက စစ်ဘေးရှောင် လူငယ်တစ်ဦးကို စစ်ကောင်တပ်က ပစ်သတ်

Dawei Watch

June 11, 2023

သရက်ချောင်းမြို့နယ်၊ ရငဲရွာက စစ်ဘေးရှောင်လူငယ်အမျိုးသားတစ်ဦးကို ယနေ့ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၈ ရက်နေ့တည်းက စစ်ကောင်စီတပ်သည် မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ စစ်ဘေးရှောင်နေသည့် အသက် ၂၃နှစ်ခန့်အရွယ် ကိုဝေယံဟိန်းမှာ ကျန်းမာရေးမကောင်းသည့် မိခင်အတွက် အိမ်၌ ဆေးဝါးပြန်ယူစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရငဲရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူလည်းစစ်ဘေးရှောင်ပဲ။ သူ့အမေက ကျန်းမာရေးမကောင်းဘူးဆိုတော့ သူ့အမေတွက် ဆေးလာယူပေးတာ။ စစ်တပ်နဲ့ တွေ့ပြီး ပစ်သတ်လိုက်တယ်တဲ့။ သူတို့အိမ်ရှေ့မှာပဲ စစ်တပ်နဲ့တွေ့တယ်။ ထွက်ပြေးလို့ပစ်သတ်တယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။ ကိုဝေယံဟိန်း၏ ရုပ်အလောင်းကို […]

မြိတ်တွင် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်သေဆုံး

Dawei Watch

June 11, 2023

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာအနီး ရေကန်တွင် ယနေ့ အသက် ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ရေနစ်ပြီး သေဆုံးကြောင်း ယင်းရွာနေသူတို့ထံမှ သိရသည်။ ကွမ်းသီးချောင်းကျေးရွာရှိ မေဃဝတီဘုန်းကြီးကျောင်း ပရဝဏ်အတွင်းရှိ ရေကန်အတွင်းတွင် ရေဆင်းကူးရာမှ ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသားများက ပြောသည်။ အဆိုပါရေကန်သည် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တူးဖေါ်ထားခြင်းဖြစ်ပြီး ရေအနက် ၁၀ ပေကျော်ရှိကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလိုမိုးကောင်းတဲ့အချိန်တွေဆို ရေလာကူးနေကြတာပဲ” ဟု ကွမ်းသီးချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ မိုးတွင်းကာလတွင် အနီးဝန်းကျင် ကျေးရွာနေသူတို့နှင့် မြို့ပေါ်နေသူတို့ လာရောက် ရေကူးလေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ယောက်ျားလေးနှစ်ဦးမှာ ရေဆင်းကူးသည်ဟုသာ သိရှိပြီး မည်သည့်အကြောင်းအရင်းကြောင်း ရေနစ်မြုပ်သွားသည်ကိုမူ မသိရှိရသေးကြောင်း […]

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့အချို့ရေကြီး

Dawei Watch

June 11, 2023

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇွန်လ ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် အချို့သော မြို့ကြီးများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လမ်းများနှင့် အဆောက်အအုံအချို့ နစ်မြုပ်သွားကြောင်း သိရသည်။ “Dragon Boat Water” ဟု လူသိများသော နွေရာသီတွင်း ပထမဆုံးသော ပြင်းထန်သော မိုးသည်းထန်မှုကြောင့် ကွမ်းရှီဒေသ ပေဟိုင်မြို့၌ မိုးရေချိန် ၄၅၃ မီလီမီတာ အထိ ရောက်ရှိခဲ့သည်။ အဆိုပါ ပမာဏ သည် ဇွန်လအတွက် ဒေသဆိုင်ရာ နေ့စဉ် မိုးရေချိန် စံချိန်တစ်ခု ဖြစ်လာကြောင်း တရုတ်မိုးလေဝသဌာန က ထုတ်ပြန်ခဲ့သည်။ မိုးသည်းထန်မှုကြောင့် ပေဟိုင်မြို့ရှိ လမ်းများတွင် ကားများ ကိုယ်ထည် တစ်ဝက် နစ်မြုပ်မှုများ ရှိခဲ့သည်။ အထပ်ပေါင်းများစွာ မြင့်သည့် အဆောက်အအုံတစ်ခုတွင် မီးသတ်သမားများက […]