ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းတွင် ဇနီးမောင်နှံ ရန်ဖြစ်ရာမှဓားထိုးမှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး

Dawei Watch

March 27, 2024

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ၃၁ မိုင်တွင် မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွာပြီး အသက် ၄၀ ကျော်အရွယ်ရှိ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ဆွေမျိုးတော်စပ်သူ၏ အသုဘအိမ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “မိန်းမဖြစ်သူက အသုဘ စဖြစ်ကတည်းက အသုဘအိမ်မှာပဲ နေတာတဲ့။ (ရန်) မဖြစ်ခင်ညမှာ သူ့ယောက်ျား လိုက်လာအိပ်ပြီး မနက်မိုးလင်းတော့ ရန်ဖြစ်ကြတယ်လို့ သိရတယ်” ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင်ပင် ကော့သောင်းမြို့ ၂မိုင်ဆေးရုံသို့ ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ […]

မိတ္ထီလာတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

Dawei Watch

March 27, 2024

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် စစ်ကောင်စီတပ်က လေ့ကျင့်ပျံသန်းရေး ရဟတ်ယာဉ်တစ်စင်း မတ်လ ၂၆ ရက်က စက်ချို့ယွင်းကာ ပျက်ကျခဲ့သည်။ စစ်ကောင်စီက ၇၉ နှစ်မြောက် တပ်မတော်နေ့ မကျင်းပမီ တစ်ရက်အလိုတွင် ပျက်ကျခြင်းလည်း ဖြစ်သည်။ စစ်ကောင်စီက ယနေ့ မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ရာ၌ ပျက်ကျသည်ဟု မသုံးနှုန်းပဲ အရေးပေါ်ဆင်းသက်ရပြီး ရဟတ်ယာဉ် ပျက်စီးမှုရှိသည်ဟုသာ ဖော်ပြသည်။ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဉီး လေ့ကျင့်ပျံသန်းစဉ် ပြည်သာယာအနီးသို့ အရောက်တွင် ရဟတ်ယာဉ်ငယ်မှာ ရုတ်တရက် စက်ချို့ယွင်းကာ အရေးပေါ်ဆင်းသက်ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားမှာ ထိခိုက်ဒဏ်ရာ မရဟုဆိုပြီး ရဟတ်ယာဉ်ကို သက်ဆိုင်ရာ တပ်ဌာနချုပ် ဆယ်တင်ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း ဖော်ပြသည်။ ပြည်တွင်းသတင်းအချို့တွင် အဆိုပါရဟတ်ယာဉ်သည် ရှမ်းတဲရွာအနီး မဟူရာသုသာန်ထဲသို့ ပျက်ကျခြင်း […]

ဘူးသီးတောင်အခြေစိုက်တပ်ရင်းကို AA သိမ်းယူ၊ လက်နက်ချသည့် စစ်ကောင်စီတပ်သား ထောင်ချီရှိပြီဟုဆို

Dawei Watch

March 27, 2024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ခြေမြန်တပ်ရင်း ၅၅၂ ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၃၂ ရက်အကြာ မတ်လ ၂၅ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်ကောင်စီဘက်က ကြည်း၊ လေ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများလည်း ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။ ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း လိုက်လံဖမ်းဆီးနေသည်ဟုဆိုသည်။ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ရခိုင်နှင့် ပလက်ဝ ဒေသတို့က လက်နက်ချသည့် […]

မှတ်ပုံတင်တွင် မွေးသက္ကရာဇ်ပြင်လိုက ဗဟိုရုံးချုပ်အထိတင်ပြရမည်

Dawei Watch

March 27, 2024

စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက် နိုင်ငံသားစိစစ်ရေးကတ် ခေါ် မှတ်ပုံတင်ကတ်တွင် မွေးသက္ကရာဇ် မှားယွင်းမှုပြင်ဆင်လိုပါက ဗဟိုရုံးချုပ်အဆင့်ထိ တင်ရမည်ဖြစ်ကြောင်း လဝက ဝန်ထမ်းများထံက သိရသည်။ စစ်မှုထမ်းရန် အသက်ပြည့်မီနေသူများနှင့်ပတ်သက်၍ ပြင်ဆင်မှုများရှိလာနိုင်သဖြင့် ဗဟိုရုံးချုပ်အထိ တင်ပြခိုင်းခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်က စစ်ကောင်စီအာဘော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။ သို့သော် အမည်၊ အဘအမည် စသဖြင့် အခြားအချက်အလက် မှားယွင်းပြင်ဆင်မှုများကိုမူ မြို့နယ်အဆင့်ရုံးများတွင် ပြုလုပ်ပေးနေဆဲဖြစ်ကြောင်း လဝက ဝန်ထမ်းများထံမှ သိရသည်။ “မွေးသက္ကရာဇ်က မြို့နယ်က ပြင်ပေးလို့မရတော့ဘူး။ ကျန်တာအားလုံး လုပ်ပေးလို့ရတယ်။ ပုံမှန်ကတော့ သွေးနှောဖြစ်မှ ခရိုင်ရုံးအထိတင်ရတယ်။ ရိုးရိုးဆိုရင်တော့ မြို့နယ်မှာ အပြီးလုပ်လို့ရပါတယ်” ဟု အမည်မဖော်လိုသည့် ထားဝယ်မြို့နယ် က လဝက ဝန်ထမ်းတစ်ဦးက ပြောသည်။ စမတ်ကတ်ပြုလုပ်ရာတွင်လည်း လဝက၏ကွန်ပျူတာအချက်အလက်များ […]

ထားဝယ်က ဇမ္ဗူသီရိပရဟိတအဖွဲ့ရုံးကို စစ်ကောင်စီတပ် ဝင်စီး

Dawei Watch

March 26, 2024

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဖြစ်သည့် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းရုံးခန်းကို ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အခွန်လွတ်ဈေးအရှေ့ရှိ ဇမ္ဗူသီရိရုံးခန်းကို မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သားများ၊ နယ်မြေခံ ရဲများနှင့် ပျူစောထီးများ အပါအဝင် စစ်ကောင်စီဘက်တော်သား ၁၀၀ နီးပါးက ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ထံ ဝင်ရောက်သွားပြီး လက်ရှိတွင် ထားဝယ်မြို့သို့ ရောက်ရှိနေသည် ဟုဆိုကာ လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီရုံးက ကောင်လေး PDF ထဲကို ဝင်တယ်လို့တော့ ပြောတာပဲ။ အခု ထားဝယ်ပြန်ရောက်နေတယ် သတင်းရလို့တဲ့”ဟု အထက်ပါမြို့ခံက ပြောသည်။ ထိုကဲ့သို့ လာရောက်စစ်ဆေးချိန်တွင် စစ်ကောင်စီတပ်သားများက ပရဟိတအဖွဲ့သားများကို နာရီပိုင်းအကြာ […]

ဇာဒီရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက်သတိပေး

Dawei Watch

March 26, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာရှိ လောင်းကစားဝိုင်းကို ယနေ့(မတ်၂၆) ညနေ ၃ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက သေနတ်ပစ်ဖောက် သတိပေးခဲ့ကြောင်း ရွာသားများကပြောသည်။ ဇာဒီရွာ၊ သီရီမင်္ဂလာဘုန်းကြီးကျောင်း တောင်ဘက်ရှိ ဆင်သတ်ခြံစုနှင့် ဆယ်အိမ်စုလမ်းတို့တွင် ရက်ရှည် ပြုလုပ်နေသည့် လောင်းကစားဝိုင်းများကို သတိပေးလိုက်ခြင်းဖြစ်သည်။ “သေနတ်သံကတော့ လေး၊ငါးချက်ကြားရတယ်။ (လောင်း)ကစားသမားတွေကတော့ပြေးကြတာပဲ ပစ္စည်းကျန်ခဲ့တဲ့သူတွေလည်းရှိတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ လောင်းကစားဝိုင်း သေနတ်ပစ်ဖောက်သတိပေးခံရပြီးနောက် ဆိုင်ကယ်အချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းဆည်းသွားကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ်ပိုင်ရှင်များကို နှုတ်ဖြင့်ခေါ်ယူသတိပေးပြီးနောက် ဆိုင်ကယ်များကို ပြန်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး၍ ရပ်နားထားသည့် လောင်းကစားဝိုင်းများမှာ ရန်ပုံငွေရှာသည်ဟုဆိုကာ ကံပေါက်တိုက်နယ် အတွင်းရှိကျေးရွာအချို့တွင် ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ထိုင်းတောင်ပိုင်းမှ မေတ္တာရိပ်စာသင်ကျောင်း၏ သင်္ကြန်မြင်ကွင်း

Dawei Watch

March 26, 2024

ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းတွင် ယနေ့(မတ် ၂၆) နေ့လယ်ပိုင်းက ကျင်းပခဲ့သည့် ကျောင်းတွင်းသင်္ကြန်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ယင်းကျောင်းတွင် မူကြိုမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား ၈၀၀ ကျော်ပညာသင်ကြားနေပြီး အများစုက ထားဝယ်ဒေသခံ ရွှေ့ပြောင်းကလေးများ ဖြစ်သည်။

ဘန်ကောက်တွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့်အမှုဖွင့်

Dawei Watch

March 26, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၈ သိန်းကျော် မရသဖြင့် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးသို့ တိုင်ကြား ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ ဘန်ကပီနယ်မြေရှိ ANDAMAN CONSTRUCTION တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၃ ဦးသည် လုပ်အားခ တစ်လစာနှင့်အချိန်ပိုကြေးများအတွက် လုပ်အားခ စုစုပေါင်း ဘတ် ၈ သိန်းကို ရရှိခြင်းမရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ လုပ်အားခတောင်းခံသည့်အချိန်တွင်လည်း အလုပ်ရှင်ဘက်က နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေခဲ့သဖြင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။ “အလုပ်လည်း ပေးမဆင်းတော့ဘူး။ လုပ်အားခလည်း မရှင်းပေးဘူး။ နောက်ပြီးတော့ ဘတ် (နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်) […]