ကော့တောင်ကျွန်းသွားသည့် ခရီးသွားသင်္ဘောမီးလောင်မှုတွင် မြိတ်လူငယ်တစ်ဦး ပျောက်ဆုံး
Dawei Watch
April 5, 2024ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားသင်္ဘော မီးလောင်မှုတွင် မြိတ်ဒေသခံ လူငယ်တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။ သင်္ဘောသည် ဧပြီလ ၄ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်ခန့်က စူရတ်ဌာနီမှတစ်ဆင့် ကော့တောင် (လိပ်ကျွန်း) သို့ မောင်းလာစဉ် ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာအကွာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘောဖြင့် စူရတ်ဌာနီမြို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သွားလုပ်သော အသက် ၁၇ နှစ်အရွယ် ကိုချစ်နိုင်အောင် (ခေါ်) ဝက်ကြီး လိုက်ပါလာခဲ့ကြောင်း အစ်မဖြစ်သူက ပြောသည်။ သင်္ဘော မီးလောင်မှုဖြစ်စဉ်တွင် ရေထဲသို့ ခုန်ချခဲ့သည်ဟု အခြားသူများ ပြောပြချက်အရ ကြားသိရပြီး ကျွန်းပေါ်သို့ လူများ အကုန်ပြန်ရောက်ချိန်တွင် […]


