တနင်္သာရီတွင် ၂၇ နှစ်ကြာတပ်စွဲထားသည့် အောင်သာဝရစခန်းကို KNU နှင့် PDF များ တိုက်ခိုက်သိမ်းယူ
Dawei Watch
June 15, 2024၂၇ နှစ်ကြာတပ်စွဲထားသည့် တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အောင်သာဝရစခန်းကို KNU တပ်မဟာ (၄)၊ တပ်ရင်း (၇) နှင့် PDF ပူးပေါင်းတပ်များက ဇွန်လ ၁၄ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ အဆိုပါစခန်းသည် တနင်္သာရီမြစ်ဘေးတွင်တည်ရှိပြီး ကရင်တိုင်းရင်းသားများ နေထိုင်သည့်ရွာတွင် ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာကျသည့် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ကြောင်း KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ယင်းစခန်းတွင် ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အထိုင်ချပြီး စစ်ကောင်စီတပ်ဖွဲ့ ခန့်မှန်းအင်အား ၅၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။ “မတိုက်ခင် ကျွန်တော်တို့ သွားညှိနှိုင်းတာပဲ။ လက်နက်ချပါ၊ […]


