BREAKING
November 10, 2025

သတင်း

အရှေ့တောဒေသတွင် မိုင်းဆက်တိုက်နင်းမိသဖြင့် ဒေသခံများ တောင်ယာထဲမသွားရဲ

Dawei Watch

October 31, 2023

ထားဝယ်အရှေ့တောဒေသ ဖောင်းတောရွာက မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားပြီးနောက် ဒေသခံများ တောတောင်၊ ဥယျာဉ်ခြံထဲ မသွားမလာရဲဖြစ်နေကြကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၂၅ ရက်တွင် ဖောင်းတောရွာက အသက် ၇၀ နှစ်ဝန်းကျင် အမျိုးသားကြီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဒူးပြတ်တောက်ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း ဒေသခံအချို့ ဆိုသည်။ ယင်းနောက် အောက်တိုဘာလ ၂၆ ရက်တွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ၂၇ ရက်တွင်လည်း နွားတစ်ကောင် မိုင်းနင်းမိသဖြင့် ခြေတစ်ဖက် ပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မိုင်းနင်းမိသည့် နေရာများသည် ရွာသူ ရွာသားများသွားလာတတ်သည့် တောတောင်၊ ဥယျာဉ်ခြံ အနီးဝန်းကျင် အနီးတဝိုက်တွင် […]

ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည့် မြန်မာလုပ်သား ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

October 31, 2023

နိုင်ငံကူးလက်မှတ်တွင် ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသော မြန်မာအလုပ်သမား ၂၀ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် မလေးရှားသို့ သွားရန် ပွဲစားခ တစ်ဦးစီအတွက် ဘတ် ၁၂၀၀၀၀ ပေးချေထားသော်လည်း ပွဲစားများက ပြည်ဝင်ခွင့်တံဆိပ်တုံးအတု ထုပေးခဲ့ကာ ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်သို့ ဘတ်စ်ကားဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ မလေးရှားနယ်စပ်သို့ ဆက်သွားရန် အုပ်စုလိုက် ကားစောင့်နေချိန် နံနက် ၁ နာရီခွဲခန့်တွင် လဝက ရဲတပ်ဖွဲ့များက လာရောက် စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ကန်ချနဘူရီလမ်းကြောင်းမှတစ်ဆင့် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်ရှိ တည်းခိုခန်းတွင် တစ်ညအိပ်ခဲ့ကြောင်း သတင်းများတွင် […]

မြိတ်တွင် ညမထွက်ရအချိန် လျှော့ချ

Dawei Watch

October 30, 2023

မြိတ်မြို့တွင် ညမထွက်ရအချိန် သတ်မှတ်ချက်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး လျှော့ချသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ ယခင်က ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ည ၁၂ နာရီမှ မနက် ၃ နာရီသို့ လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ ည ၁၂ နာရီမှ မနက် ၃ နာရီအထိ သတ်မှတ်လိုက်ကြောင်းကို မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှု၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ညမထွက်ရအမိန့်ကို လျှော့ချသတ်မှတ်ခဲ့သော်လည်း ညရှစ်နာရီနောက်ပိုင်းတွင် အသွားအလာ မရှိတော့ကြောင်း မြို့ခံအချို့က ဆိုသည်။ “ရှစ်နာရီနောက်ပိုင်းဆို လူပြတ်ပြီ၊ အချို့ရပ်ကွက်တွေကျတော့ ကိုးနာရီအထိ အသွားအလာရှိကြတယ်” ဟု […]

ထိုင်းတွင် ကားပစ္စည်းစက်ရုံက မြန်မာလုပ်သားများ လုပ်ခမရသဖြင့် တရားရုံးတွင် တိုင်တန်း

Dawei Watch

October 30, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် နောယိုင်ရှိ ကားပစ္စည်း၊ သံပစ္စည်းများ ထုတ်လုပ်သော CNA Inter Coating စက်ရုံက မြန်မာအလုပ်သမားများသည့် လုပ်အားခမရသဖြင့် အလုပ်ရှင်ကို တရားရုံးတွင် တိုင်တန်းထားကြောင်း အလုပ်သမားများက ပြောသည်။ အချိန် လေးလကျော်ကြာသည်အထိ လုပ်အားခမပေးဘဲ အလုပ်ခိုင်းစေခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။ “အမတို့ လတိုင်းလတိုင်းတောင်းတယ်။ စားဖို့မရှိဘူး။ ဒုက္ခရောက်တယ်ဆိုပြီး တောင်းတယ်။ (အလုပ်ရှင်ဘက်က) သူက ဘာပြောလဲဆိုတော့ ပထမဆုံးလကလေ ဘဏ်က ပိုက်ဆံထုတ်လို့ မရလို့ပါတဲ့။ နောက်ကျတော့ ပစ္စည်းဖိုးတွေ customer ဆီက ပိုက်ဆံမရလို့တဲ့။ တစ်မျိုးပြီးတစ်မျိုး လိမ်တယ်။ နောက်ကျတော့ သူ့စက်ရုံကို အပေါင်ခံမလို့တဲ့။ အပေါင်ခံရင် ပိုက်ဆံရမယ်။ အဲဒီခါကျရင်ပေးပါ့မယ် လုပ်ပြန်ရော” ဟု ၎င်းက ပြောဆိုသည်။ ပြီးခဲ့သည့် ဧပြီလမှစ ဩဂုတ်လအထိ […]

ပုလောတိုက်ပွဲအတွင်း KNDO ရဲဘော်နှစ်ဦးကျဆုံး

Dawei Watch

October 30, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ရဲဘော်နှစ်ဦး ကျဆုံးကြောင်း KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းက အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် KNU တပ်ရင်း (၇) တပ်ခွဲ (၂) တွင် မြေမြုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျဆုံးခဲ့သော ရဲဘော်နှစ်ဦးမှာ အသက် ၂၀နှစ်အရွယ် ရဲဘော် သီဟစိုး (ခ) ငယ်လေးနှင့် အသက် ၂၄နှစ်အရွယ် ရဲဘော် ညီညီစိုး (ခ) လူပုတို့ဖြစ်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းက KNDO တပ်သားများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းက အသေးစိတ် […]

မြိတ်မြို့ ကမ္ဘာလုံးစေတီ၏ သီတင်းကျွတ်လပြည့်ည မြင်ကွင်း

Dawei Watch

October 29, 2023

မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာရှိ ကမ္ဘာလုံးစေတီတွင် သီတင်းကျွတ်လပြည့်ည၌ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့မြင်ရစဉ်။

သီတင်းကျွတ် လပြည့်နေ့ ထားဝယ်မြို့က လောကမာရဇိန်ဘုရားကြီး

Dawei Watch

October 29, 2023

သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဘုရားဖူးလာကြသူများနှင့် စည်ကားနေသည့် ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီး မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင် ဆံတော်ရှင်ဘုရား သီတင်းကျွတ်လပြည့်မြင်ကွင်း

Dawei Watch

October 29, 2023

ထားဝယ်ခရိုင် ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ပိုင်းမှာ ရပ်ဝေးဘုရားဖူးအများစု လာရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်နီးဘုရားဖူးတွေ လာရောက်ဖူးမြှော်နေတယ်လို့ ဘုရားစျေးသည်တွေကပြောပါတယ်။ ကိုဗစ်မတိုင်မီအချိန်ကလို လပြည့်ည ဘုရားမှာညအိပ်လာရောက်ဖူးမြှော်သူတွေတော့ မရှိကြပါဘူး။ ရှင်ကိုးရှင် သမိုင်းဝင်ဘုရားအချို့ကတော့ လမ်းခရီးမှာ တိုက်ပွဲတွေ ပဋိပက္ခဖြစ်စဥ်တွေကြောင့် သွားရောက်ဖူးမြှော်လို့မရပါဘူး။