ထိုင်းတွင် စက်ရုံပိတ်သိမ်းသဖြင့် မြန်မာလုပ်သား ၁၃၀ကျော် အလုပ်ရပ်နားခံရ
Dawei Watch
November 1, 2023ထိုင်းနိုင်ငံ လှဘူရီခရိုင်ရှိ အထည်ချုပ်စက်ရုံ ပိတ်သိမ်းသဖြင့် မြန်မာအလုပ်သမား ၁၃၅ ဦး ရုတ်တရက် အလုပ်မှ ရပ်နားခံလိုက်ရကြောင်း မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။ စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၂၅၀ လုံးကို အလုပ်ရှင်ဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရုတ်တရက်အလုပ်က ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။ “တရားဝင် အသိပေးခြင်းမရှိဘဲနဲ့ ထုတ်လိုက်တာပေါ့။ Messager ကနေ Line တွေကနေပေါ့နော်။ စက်ရုံ ပိတ်လိုက်ပြီ။ မလာနဲ့တော့ပေါ့။ အဲဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် Group တွေထဲ ပြောဆိုလာတာ” ဟု အလုပ်ထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။ ၎င်းတို့သည် အောက်တိုဘာ ၁၈ ရက်နေ့အထိ အလုပ်ဆင်းခဲ့ကြပြီး […]


