BREAKING
November 13, 2025

သတင်း

မြန်မာပြည်သူ ၂၆ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ၁၈သန်းကျော် အကျပ်အတည်းဆိုက်

Dawei Watch

February 1, 2024

မြန်မာစစ်တပ် အာဏာသိမ်းမှုကြောင့် လူ ၂ဒသမ ၆သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူ ၁၈သန်းကျော် အကူအညီ လိုအပ်နေရာ ကြီးမားသောလူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေရန် တွန်းအားပေးလျက်ရှိ ကြောင်း ဥရောပသမဂ္ဂနှင့် အမေရိကန်၊ ယူကေအပါအဝင် နိုင်ငံရှစ်နိုင်ငံတို့က ပူးတွဲထုတ်ပြန်လိုက်သည်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နိုင်ငံခြားရေးဝန်ကြီးများတို့က ပူးတွဲထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် ဆယ်စုနှစ် တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီက လူထောင်ပေါင်းများစွာ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ […]

ဘန်ကောက်ရောက် မြန်မာများ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒဖော်ထုတ်

Dawei Watch

February 1, 2024

စစ်အာဏာသိမ်း ၃ နှစ်ပြည့်လာသော်လည်း ပြည်သူများ မမေ့သေးဘဲ ဆက်လက်တော်လှန်နေသည်ကို ပြသသည့်အနေဖြင့် ဘန်ကောက်ရှိ မြန်မာအလုပ်သမားများက ယနေ့ နေ့လယ်ပိုင်းတွင် ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။ ယနေ့ဆန္ဒထုတ်ဖော်မှုကို ထိုင်းရောက် မြန်မာအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်မှစ၍ ကုလသမဂ္ဂအဖွဲ့ (UN) ရုံးရှေ့တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် မြန်မာနိုင်ငံသားများ ပူးပေါင်းဆန္ဒပြနေခဲ့ခြင်းဖြစ်သည်။ “အကြမ်းဖက် စစ်တပ်အလိုမရှိ” “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ” “တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” စသော စာသားများပါသော ဗန်ပါများ၊ အင်္ကျီများကို ဝတ်ဆင်ကာ ဘန်ကောက်မြို့ရှိ UN ရုံးရှေ့တွင် ဆန္ဒပြနေခြင်းဖြစ်သည်။ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံများ၊ သံချပ်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သွေးသစ္စာသီချင်းစသော တော်လှန်ရေးသီချင်းများကိုလည်း သီဆိုခဲ့ကြသည်။ ဆန္ဒပြပွဲတွင် စစ်ကောင်စီမှ ဖြိုခွင်းမှုများ၊ ဖိနှိပ်မှုများကိုလည်း […]

အာဏာသိမ်းမှု ကန့်ကွက်သည့် အသံတိတ်သပိတ်လှုပ်ရှားမှု ကံပေါက်မြင်ကွင်း

Dawei Watch

February 1, 2024

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို အာဏာသိမ်း ၃ နှစ်ပြည့်သော ယနေ့တွင် မြန်မာနိုင်ငံအနှံ့ ပြုလုပ်နေပြီး ရေဖြူမြို့နယ် ၊ ကံပေါက်ရွာ၊ ရပ်ကွက်အချို့ နှင့် ဖောင်းတောရွာလမ်းမတန်း အခြေအနေကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီနောက်ပိုင်း မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ မြန်မာနိုင်ငံအနှံ့တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရန်အတွက် ယနေ့ မနက် ၁၀ နာရီမှညနေ ၄ နာရီအတွင်း အိမ်အပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

မြောက်ဦးမြို့က တပ်ရင်းတစ်ခုကို AA သိမ်းယူ၊ သုံးရက်အတွင်းသိမ်းယူသည့်တပ်ရင်း သုံးခုအထိရှိလာ

Dawei Watch

February 1, 2024

ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် တပ်ရင်းသုံးခုအနက် ခြေမြန်တပ်ရင်း ခမရ ၅၄၀ ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။ ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြောက်ဦးတွင် ကျန်ရှိနေသေးသည့် ခမရ (၃၇၇) ၊ ခမရ (၃၇၈) တပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းယူနိုင်ရန် ဆက်လက်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်က မင်းပြားမြို့ရှိ ခမရ ၃၈၀ တပ်ရင်း၊ ဇန်နဝါရီလ ၃၀ ရက်က ကျောက်တော်မြို့ရှိ ခမရ ၃၇၄ တို့ကို သိမ်းယူပြီးနောက် […]

တော်ဝင်ဥပဒေပြင်ဆင်ရေး တိုက်တွန်းမှုရပ်တန့်ရန် ပီတာနှင့် Move Forward ပါတီကို အမိန့်ချ

Dawei Watch

January 31, 2024

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနှင့် ပါတီခေါင်းဆောင် ပီတာကို တော်ဝင်ဥပဒေပြင်ဆင်ရေး ပြည်သူများကို တိုက်တွန်းမှု ရပ်တန့်ရန် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တရားရုံးက အမိန့်ချမှတ်လိုက်သည်။ တော်ဝင်ဥပဒေ ပြင်ဆင်ခြင်းသည် ဘုရင်စနစ်ကို ထိခိုက်စေနိုင်သဖြင့် အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဥပဒေခုံရုံးက အမိန့်ချမှတ်လိုက်သည်။ ထို့ကြောင့် Move Forward ပါတီနှင့် ပါတီခေါင်းဆောင် ပီတာအနေဖြင့် ပြည်သူများအား စည်းရုံးနေမှုကို ရပ်တန့်ဖို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ Move Forward ပါတီက တော်ဝင်ဥပဒေပုဒ်မကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း ကြိုးပမ်းခဲ့သော ပါတီဖြစ်ဟုလည်းဆိုသည်။ သို့သော်လည်း ပီတာ၏ နိုင်ငံရေးလုပ်ဆောင်နေမှုများကို ရပ်တန့်ရန် တားမြစ်ခြင်းနှင့် Move Forward ပါတီကို အပြစ်ပေးအရေးယူခြင်းများ မရှိသေးကြောင်း ဖော်ပြထားသည်။ […]

ဖူးခက်တွင် MoU မြန်မာလုပ်သားများ နှစ်လလုပ်ပြီး အလုပ်မရှိတော့၍ အခက်အခဲဖြစ်နေ

Dawei Watch

January 31, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ နှစ်လလုပ်ပြီးသည်နှင့် အလုပ်မလုပ်ရတော့သဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အမျိုးသမီး ၁၀ ဦးပါဝင်သော မြန်မာအလုပ်သမား ၂၅ ဦးကို ဖူးခက်ခရိုင် ဘန်းဖွန် ဘန်ခန်းတွင် ရှိသော PCONS ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ စစ်သွေးညီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သောနှစ် နိုဝင်ဘာလက စေလွှတ်ထားကြောင်း အလုပ်သမားများထံမှ သိရသည်။ သို့သော်လည်း အလုပ်စဆင်းသည့်ရက်မှစ၍ နှစ်လကျော်ကာလအထိ ၃၅ ရက်သာ အလုပ်ဆင်းခဲ့ရကြောင်း အလုပ်သမားများက ဆိုသည်။ ယင်းနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ သူဌေးက လုပ်ငန်းခွင်တွင် အလုပ်မရှိတော့သဖြင့် မြန်မာအလုပ်သမားများကို အလုပ်မပေးနိုင်တော့ကြောင်း […]

ရေဖြူ မင်းသားရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အား KBDF သတိပေး

Dawei Watch

January 31, 2024

ရေဖြူမြို့နယ်၊ မင်းသားရွာတွင် ခဲသတ္တုတူးဖော်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသည့် အုပ်ချုပ်ရေးမှူးနှင့် လူအင်အား အသစ်စုဆောင်းနေသည်ဟုဆိုကာ ပြည်သူ့စစ်အဖွဲ့တို့ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ ၄) က သတိပေးချက်ထုတ်ထားသည်။ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်တို့ကို ဇန်နဝါရီလ ၂၆ ရက်က စာထုတ်ပြန်သတိပေးထားခြင်းဖြစ်သည်။ “သတ္တုလုပ်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေမှာ နစ်နာတာရှိတယ်။ ရေချိုချောင်းတွေ ပျက်စီးသွားတာမျိုးပေါ့။ စာမထုတ်ခင် ဆယ်ရက်လောက်ကတော့ ဖုန်းနဲ့သတိပေးတယ်။ နောက်ပိုင်းဖုန်းဆက်တာ မကိုင်ရဲတော့လို့ အခုလိုစာထုတ် သတိပေး လိုက်တာပါ” ဟု ဒေါနတပ်ခွဲ ၄ က တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်းသားရွာအပါအဝင် ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင် ခဲသတ္တုတူးဖော်သည့်လုပ်ငန်းများ လုပ်ကိုင်ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူနေထိုင်သည့် ရပ်ရွာများအနီးအထိ သတ္တုလုပ်ကွက်များတိုးချဲ့လာကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အရင်က မိုင်းတွေ (သတ္တုလုပ်ကွက်) မရှိဘူး […]

ကိုးကန့်ဒေသဥက္ကဋ္ဌဟောင်းအပါအဝင် ကိုးကန့်သူဌေး ၁၀ဦးကို စစ်ကောင်စီက တရုတ်လက်ထဲ အပ်လိုက်ပြီ

Dawei Watch

January 31, 2024

တရုတ်က ဖမ်းဝရမ်းထုတ်ထားသည် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်း လည်းဖြစ်သည့် ပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်သူဌေး ၁၀ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်သည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃၀ ရက်ညတွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ကိုးကန့်ဒေသ သူဌေး ၁၀ ဦးကို တရုတ်ရဲတပ်ဖွဲ့က နေပြည်တော်သို့ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ရှမ်းမြောက်တွင် စစ်ရေးပြင်းထန်လာချိန် ကိုးကန့်ဒေသ သူဌေးများကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် သယ်ထုတ်ကာ နေပြည်တော်တွင် စောင့်ရှောက်ထားသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။ ကိုးကန့်သူဌေးများကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဆိုင်ဘာမှုခင်းများနှင့် အခြားပြစ်မှုများဖြင့် တရုတ်က ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။ နေပြည်တော်သို့ တရုတ်ရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားသူ ၁၀ဦးတွင် ပယ်ဆောက်ချိန်၊ […]