မြိတ်အကျဉ်းထောင်တွင် ဆေးဝါးပို့မှုကန့်သတ်ထား၍ အကျဉ်းသားများ ကျန်းမာရေးအခက်ကြုံ
Dawei Watch
November 22, 2024မိသားစုဝင်များက ဆေးဝါးပို့ပေးခြင်းကို မြိတ်အကျဉ်းထောင် အာဏာပိုင်များက ကန့်သတ်ထားသည့်အတွက် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ အကျဉ်းသားများကို ဆေးဝါးပေးပို့ခြင်းကို ယခုနှစ် စက်တင်ဘာလတွင် စတင်တင်းကျပ်လိုက်ပြီး လက်ရှိတွင် အကျဉ်းသားများအတွက် ဆေးဝါးပေးပို့ခြင်းကို လုံးဝတားမြစ်လိုက်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ဆိုသည်။ ထောင်အာဏာပိုင်များက အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများကို ထောင်အတွင်းရှိ ဆေးပေးခန်းတွင်သာ ဝယ်ယူခွင့်ပြုနေကြောင်း ထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အကျဉ်းထောင်ဆေးပေးခန်းက လိုအပ်တဲ့ဆေးတွေကို သူတို့ဆီဝယ်ရမယ်လို့ပြောတယ်။ အိမ်ကလာပို့တာကို ခွင့်မပြုတော့ဘူး။ ဆေးပေးခန်းကနေတစ်ဆင့် ဆေးဗိုလ်ကိုပြောပြီး ဆေးဗိုလ်ဆီက ပြန်ဝယ်ရတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ မကန့်သတ်မီကမူ အကျဉ်းသားများ ဆေးဝါးလိုအပ်ပါက ထောင်အတွင်းရှိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူက လက်မှတ်ထိုးပေးပြီး အကျဉ်းသားမိသားစုက ထောင်ဝင်စာလာပို့သည့်အချိန်တွင် ယင်းလက်မှတ်ဖြင့် […]


