နွန်ထဘူရီတွင် စျေးရောင်းသည့် မြန်မာဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ
Dawei Watch
March 20, 2026ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်ရှိ မြန်မာဈေးဆိုင်ကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး ဈေးရောင်းနေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၁၉ ရက် ညနေ ၅ နာရီခန့်က နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ တိုက်ခန်းတွဲတွင် မြန်မာနိုင်ငံသားများ ဈေးဆိုင် ဖွင့်လှစ်ရောင်းချနေကြောင်း သတင်းရရှိသဖြင့် ဘန်းယိုင်အုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ဆိုင်ထဲတွင် အသက် ၄၀ ကျော်အရွယ် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ဆိုင်ဖွင့်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ ကြောင်း သတင်းတွင် ဖော်ပြသည်။ ဆိုင်ထဲတွင် မြန်မာနိုင်ငံက တိုက်ရိုက်တင်သွင်းထားသော မြန်မာစားစရာ၊ ဆန်၊ ဘီယာအရက်နှင့် ကုန်ပစ္စည်းများကိုလည်း တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ မြန်မာဆိုင်ကို ထိုင်းနိုင်ငံသားတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာဇနီးမောင်နှံနှစ်ဦးက တစ်ရက် ၃၅၀ ဘတ်ဖြင့် […]


