စစ်ကြောင်းထိုးနေသဖြင့် လောင်းလုံးက ကထိန်ပွဲအချို့ ဖျက်သိမ်း
Dawei Watch
October 19, 2024လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ကထိန်ပွဲအချို့ဖျက်သိမ်းလိုက်ရကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့အောက်ဘက် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ ကျေးရွာများသို့ သတင်းကျွတ်ကာလမတိုင်မီ အောက်တိုဘာလ ၁၃ ရက်ကတည်းက အင်အားအမြောက်အများအသုံးပြုကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ စစ်ကြောင်းထိုးနေသဖြင့် သီတင်းကျွတ်ပွဲတော်အပြီးတွင် ကထိန်ပွဲကျင်းပရန် စီစဉ်ထားသူအချို့မှာ အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။ “ကျွန်တော်တို့မှာတော့ဖျက်လိုက်ပြီ။ စစ်တပ်ရှိနေရင် အလှူဘယ်လိုလုပ်မှာလဲ။ အလှူကိုလာတဲ့သူလည်းရှိမှာမဟုတ်ဘူး။ အဲဒါကြောင့် သူတို့ပြန်ထွက်မှလုပ်မယ်လို့ ရက်ရွေ့ထားလိုက်တယ်” ဟု အလှူရှင်တစ်ဦးကပြောဆိုသည်။ အခြားအလှူရှင်တစ်ဦးကလည်း ရဟန်းလောင်းများကိုမူ ရဟန်းခံပေးထားပြီး အကျွေးအမွေးကိစ္စကိုမူ ရက်ရွေ့ထားလိုက်ကြောင်း ပြောဆိုသည်။ “အလှူရှင်ရက်ရွှေ့ထားတာကို နီးစပ်ရာတွေဆီ ဖုန်းဆက်ပြီးလိုက်ပြောနေရတယ်” ဟု ၎င်းကဆိုသည်။ ဒေသခံများမှာ ကထိန်အလှူအတွက် ကျပ်သိန်းရာချီအကုန်အကျခံပြုလုပ်လေ့ရှိသည်။ လက်ရှိတွင်မူ အလှူအတွက်ကြိုတင်ဝယ်ယူထားသည့် ပစ္စည်းများ ဆုံးရှုံးနေရကြောင်းပြောဆိုကြသည်။ “ပုပ်သိုးတတ်တဲ့ပစ္စည်းတွေတော့ အကုန်ဆုံးသွားပြီး။ အလှူလုပ်ဖြစ်ရင် […]


