BREAKING
November 5, 2025

သတင်း

လောင်းလုံးတွင် စစ်ကောင်စီတပ် သတ်သွားသည့် အလောင်းနှစ်လောင်းတွေ့၊ သေဆုံးသူငါးဦးအထိရှိလာ

Dawei Watch

October 22, 2024

လောင်းလုံးမြို့အောက်ဘက်ကျေးရွာများကို စစ်ကြောင်းထိုး‌လာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည့် ရုပ်အလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ညင်းမော်ကျေးရွာ နာရေးကူညီမှုရုံး အနောက်ဘက်တွင် သတ်ဖြတ်မြေမြှုပ်ထားခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်း တို့ကို စစ်ကြောင်းပြန်ထွက်သွားသည့် အောက်တိုဘာလ ၂၀ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အဆိုပါ ရုပ်အလောင်းနှစ်လောင်းအနက် တစ်လောင်းမှာ အောက်ရေဖြူကျေးရွာအုပ်စုမှ အသက် ၂၅ နှစ်အရွယ် ကိုမင်းကို ဆိုသူဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတို့က အတည်ပြုသည်။ ကိုမင်းကိုမှာ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသူဖြစ်ပြီး ‌‌အောက်ရေဖြူကျေးရွာသို့ စစ်ကြောင်းဝင်ရောက်လာသည့် အောက်တိုဘာလ ၁၆ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့က ဆိုသည်။ နောက်ထပ် အမျိုးသားအလောင်းတစ်လောင်းမှာလည်း အသက် ၂၅ နှစ်ရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း အလောင်းကို ကိုယ်တိုင်တွေ့ရှိသူတို့က ပြောဆိုသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း […]

ပတ္တယားတွင် စားသောက်ဆိုင်များထဲ ဝင်တောင်းရမ်းသည်ဆိုကာ မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

October 22, 2024

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားကမ်းခြေတွင် စားသောက်ဆိုင်နှင့် အခြားဆိုင်များထဲသို့ ဝင်ရောက် တောင်းရမ်းနေသည် ဆိုသော မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ပတ္တယားရဲစခန်းက ထုတ်ပြန်သည်။ ပတ္တယားကမ်းခြေရှိ အာရပ်စားသောက်ဆိုင်ထဲသို့ မြန်မာနိုင်ငံသားများဟု ယူဆရသော လူအုပ်စုဝင်လာပြီး ခရီးသွားများကို နှောက်ယှက်ကာ ငွေတောင်းခံခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများကလည်း ဖော်ပြသည်။ တောင်းရမ်းသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စားသောက်ဆိုင်ပိုင်ရှင်က ခရီးသွားများနှင့် နေထိုင်သူများအတွက် စိုးရိမ်သဖြင့် မီဒီယာများနှင့် ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ရေးသားထားသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ပူးပေါင်း၍ တိုင်ကြားလာသော သက်သေဓါတ်ပုံများကို တိုက်ဆိုင်စစ်ဆေးပြီး ဒေသခံများနှင့် ပူးပေါင်းကာ သံသယရှိသူများကို လိုက်လံရှာဖွေခဲ့ကြောင်း ဆိုသည်။ ယင်းသို့ရှာဖွေနေစဉ် အဆောက်အအုံဟောင်းတစ်ခုထဲတွင် အရက်သောက်နေသော အမျိုးသားနှစ်ဦးကို တွေ့ရှိကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်များ သွားရောက်စစ်ဆေးသည့်အချိန် […]

အရပ်သားခြောက်ဦး သတ်ဖြတ်ခံရမှု စုံစမ်းစိစစ်နေကြောင်း KTLA တုံ့ပြန်

Dawei Watch

October 21, 2024

ထားဝယ်ဒေသအတွင်း လှုပ်ရှားနေသည့် ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံတပ်ဖွဲ့ဝင်များက အရပ်သား ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီသတင်းပေးဟု စွပ်စွဲကာသတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲမှုများကို စုံစမ်းစိစစ်နေကြောင်း KTLA က တုံ့ပြန်ပြောဆိုလိုက်သည်။ Dawei Watch ၏ မေးမြန်းမှုကို Facebook စာမျက်နှာမှ တစ်ဆင့် ထိုသို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အလုပ်သွားရန်ထွက်လာသည့် ရွှေ့ ပြောင်းအလုပ်သမားသုံးဦးကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊တပ်ခွဲ (၅) ၏တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) က အောက်တိုဘာလ ၁၅ရက်တွင် ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူတို့မှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်နှင့် […]

ဖမ်းဆီးခံရပြီး သုံးပတ်ကြာသည်အထိ ကမ္ဘောဒီးယားသတင်းစာဆရာ ပြန်မလွတ်သေး

Dawei Watch

October 21, 2024

ကမ္ဘောဒီးယားနိုင်ငံမှ  ဆုရသတင်းထောက်  Mech Dara သည် ကျန်းမာရေးအခြေအနေဆိုးရွားလျက် ရှိသော်လည်း အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရပြီး သုံးပတ်ကြာသည်အထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ၎င်းသည် စက်တင်ဘာလ ၃၀ ရက်နေ့က မိသားစုနှင့်အတူ ကားဖြင့် ခရီးထွက်နေစဉ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ အောက်တိုဘာ ၁ ရက်နေ့တွင် ဖနွမ်းပင်မြို့ မြူနီစီပယ်တရားရုံးက ၎င်းအား ဆူပူအောင် လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ပြစ်မှုစီရင်ချက်ချပြီးပါက ၎င်းသည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ခြေ ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဘာသာရေးအရ အထွတ်အမြတ်ထားရာ တောင်တစ်ခုပေါ်တွင် လုပ်ဆောင်နေသည့် ကျောက်တူးဖော်ရေးလုပ်ငန်းတစ်ခုအကြောင်း Mech Dara က မဟုတ်မမှန် ရေးသားဖော်ထုတ်ခဲ့သည်ဟု တရားရုံးက စွပ်စွဲခဲ့သည်။ Mech Dara သည် အကျင့်ပျက်ခြစားမှုနှင့် […]

ပုလော ပင်လယ်ပြင် လှေမှောက်မှု ၁၁ လောင်းတွေ့ထားပြီး ၁၇ ဦးပျောက်ဆုံးနေဆဲ

Dawei Watch

October 21, 2024

ပုလောမြို့နယ် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် လှေမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အလောင်း ၁၁ လောင်းတွေ့ရှိထားပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခင်းဖြစ်ရာအနီး ရောက်ရှိနေသူအချို့ထံမှ သိရသည်။ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် ခရီးသည်တင်စက်လှေသည် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခန့်တွင် ကျောက္ကာရွာအထွက်တွင် နစ်မြုပ်သွားခြင်းဖြစ်သည်။ ကျန်သူများကိုမူ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်ထားနိုင်ကြောင်း အခင်းဖြစ်နေရာအနီးတွင် ရောက်ရှိကူညီနေသည့် ရဟန်းတစ်ပါးဖြစ်သော အရှင်သုန္ဒရက မိန့်သည်။ ၆၀ ကျော်ခန့် ကယ်ဆယ်ထားနိုင်ပြီဟု သိရသော်လည်း အရေအတွက် အတိအကျကိုမူ မသိရသေးပေ။ အဆိုပါ လှေပေါ်တွင် ခရီးသည် ၉၀ ဦးခန့် လိုက်ပါသွားပြီး လှေမြုပ်ချိန်တွင် မိုးရွာသွန်းခြင်းမရှိသော်လည်း ရေစီးကြမ်းကာ လှိုင်းရှိနေကြောင်း၊ စက်လှေသည် ကျောက္ကာကျေးရွာမှမိနစ် ၂၀ ခန့် […]

စင်တာထဲ သေနတ်ဖြင့်ပစ်မည်ဟုရေးသူမှာ အကောင့်ပိုင်ရှင် မြန်မာလူမျိုး မဟုတ်ဟု ထိုင်းရဲဆို

Dawei Watch

October 21, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Cenral Plaza ရှောပင်းစင်တာထဲဝင်ရောက်ကာ သေနတ် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ရေးသားသူမှာ အကောင့်ပိုင်ရှင် မြန်မာနိုင်ငံသား မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။ ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက်နေ့က ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု မြန်မာနိုင်ငံသားတစ်ဦး၏ Facebook အကောင့်ဖြင့် ခြိမ်းခြောက်ရေးသားခဲ့သည်။ ပိုစ့်တွင် “နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် ရေးသားခဲ့သည်။ ပိုစ့်ကိုလည်း ကျည်ဆန်အပြည့်ဖြည့်ထားသော […]

ထားဝယ်ထောင်က နိုင်ကျဥ်းတစ်ဦး လေဖြတ်ရောဂါဖြင့်သေဆုံး

Dawei Watch

October 21, 2024

ထားဝယ်အကျဥ်းထောင်တွင် အကျဉ်းကျနေသည့် သက်ကြီးပိုင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး လေဖြတ်ရောဂါကို ဆေးကုသမှုခံယူနေစဥ် သေဆုံးကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၇ ရက်ကတည်းက ကွယ်လွန်ခြင်းဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်မရသဖြင့် အကျဥ်းထောင် အစီအစဥ်ဖြင့် အောက်တိုဘာလ ၁၈ ရက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ သေဆုံးသည့် နိုင်ငံရေးအကျဥ်းသားသည် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာ၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၂နှစ်အရွယ် ဦးရဲအောင် (ခေါ်) ဦးချင်းဖြစ်သည်။ ဦးချင်းသည် အကျဥ်းထောင်အတွင်းရှိနေစဥ် လေဖြတ်ဝေဒနာ စတင်ခံစားခဲ့ရကာ စက်တင်ဘာလ ၂၇ ရက်တွင် ထားဝယ် ဆေးရုံကြီးတွင် ဆေးကုသခွင့်ရခဲ့ပြီး အောက်တိုဘာ၁၇ တွင် […]

ပုလောတွင် စစ်ဘေးရှောင်များပါသည့်စက်လှေ ပင်လယ်အတွင်းနစ်မြုပ်ပြီး လူရှစ်ဆယ်နီးပါး ပျောက်ဆုံး

Dawei Watch

October 21, 2024

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်များလိုက်ပါလာသည့် စက်လှေတစ်စီး မနေ့ညက နစ်မြှုပ်သွားရာ လူရှစ်ဆယ်နီးပါး ပျောက်ဆုံးနေကြောင်း ကနဦးရရှိထားသည့် သတင်းများအရ သိရသည်။ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် စက်လှေသည် အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် ကျောက္ကာရွာအထွက်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စက်လှေသည် ကင်းမွန်ငါးဖမ်းသည့် မီးထွန်းလှေဖြစ်ပြီး ပလမြို့နှင့် အနီးဝန်းကျင်နေ စစ်ဘေးရှောင်များ အပါအဝင် အခြားခရီးသွားများလည်း လိုက်ပါလာခြင်းဖြစ်သည်။ ယင်းအပြင် ပုလော- မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ မီးလောင်ချောင်းရွာနှင့် ကြဲရွာတစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေ၍ ခရီးသွားကားများ ပိတ်မိနေခြင်းကြောင့် မြိတ်သို့သွားမည့် ခရီးသွားများလည်း လှေဖြင့်လိုက်ပါလာကြောင်း ဒေသခံများက ဆိုသည်။ “လှေပေါ်မှာက ခရီးသည်အရမ်းများတော့ ဝန်နဲ့လှေ မနိုင်ဖြစ်ပြီးနစ်မြုပ်တာပါ။ အခု မနက်ရှစ်နာရီခွဲဝန်းကျင်အထိ […]