ကမြောကင်းတံတားတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၊ မိန်းကလေးတစ်ဦးဒဏ်ရာရ
Dawei Watch
January 28, 2025ထားဝယ်မြို့အဝင် ကမြောကင်းတံတားကို တော်လှန်ရေးတပ်ဘက်က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အရပ်သားမိန်းကလေးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီဝန်းကျင်တွင် ကမြောကင်းတံတားဂိတ်ကို ဒူရကစစ်ကြောင်းက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ရှိခဲ့ကာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုမူ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည် အချို့မှာ ကမြောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ကမြောရွာသူ အသက် ၁၆နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “သီဟိုဋ္ဌ်စေ့လုပ်ရာကနေ ပြန်လာပြီး […]


