BREAKING
November 10, 2025

သတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 29, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

သရက်ချောင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ ငွေတောင်းယူမှု တစ်နှစ်ခန့်ရှိလာသဖြင့် ဒေသခံများအခက်တွေ့

Dawei Watch

January 29, 2025

သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက် ထားဝယ်-မြိတ်ကားလမ်းပေါ် က သံတံတားရှိ ပျူစောထီးဂိတ်နှင့် သရက်နှစ်ရွာ တံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တို့သည် ဒေသခံများထံမှ ငွေကြေးတောင်းယူမှု တစ်နှစ်ခန့်ကြာလာပြီဖြစ်ပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများက ပြောသည်။ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် ခရီးသည်တင်ယာဉ် မှန်လုံကားများ၊ ကုန်တင်ကားများ၊ အိမ်စီးကားများကို စစ်ဆေးပြီး ငွေကြေးတောင်းသည့်အပြင် မြို့နယ်အတွင်းဖြတ်သန်းသွားလာသည့် ဒေသခံများထံမှလည်း ငွေကြေး တောင်းယူ နေကြောင်း စုံစမ်းသိရှိရသည်။ သရက်ချောင်း-ထားဝယ် ခရီးတိုသွားသည့် ခရီးသည်များကို သံတံတားဂိတ်က တစ်ဦးလျှင် ငွေကျပ်နှစ်ထောင်နှုန်း တောင်းပြီး သရက်နှစ်ရွာဂိတ်ကလည်း နှစ်ထောင်ကျပ်နှုန်း တောင်းယူကြောင်း ဒေသခံများက ဆိုသည်။ “ကားသမား ပေးရတာကသပ်သပ်၊ ခရီးသည်တွေဆီမှာ တောင်းတာကသပ်သပ်။ ကားရပ်ရင်မေးတယ်၊ ဘယ်ကလဲ ဘယ်သွားမှာလဲ၊ ဘာကိစ္စလဲဆိုပြီး။ ပိတိုင်ရွာကလို့ပြောတာ တစ်ယောက် ၂၀၀၀ ပေးတဲ့။ ကျွန်တော်တို့လည်း မပေးချင် […]

မလွှဲတောင်အဆင်းတွင် မှန်လုံယာဉ်တစ်စီးတိမ်းမှောက်ပြီး သုံးဦးဒဏ်ရာရ

Dawei Watch

January 29, 2025

ရေး – ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်အဆင်း မွန်ပြည်နယ်ဘက်အခြမ်းတွင် ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းက မှန်လုံယာဉ်တစ်စီးတိမ်းမှောက်ကြောင်း လမ်းသွားလမ်းလာများနှင့် ယာဉ်လိုင်းထံမှ သိရသည် ။ ရန်ကုန်-ထားဝယ်-မြိတ် ပြေးဆွဲနေသည့် ဝင်းရတနာယာဉ်လိုင်းက မှန်လုံမော်တော်ယာဉ်တစ်စီးသည် ထားဝယ်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် ဘရိတ်ပေါက်၍ တိမ်းမှောက်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူက ပြောသည် ။ ယာဉ်ပေါ်တွင် ခရီးသည်များ လိုက်ပါလာခြင်းမရှိဘဲ ကွမ်းသီးအိတ်များသာ တင်ဆောင်လာခဲ့ကြောင်း ၎င်းက ဆိုသည်။ ယာဉ်တိမ်းမှောက်ရာတွင် ကားသမားနှင့် ကားစပယ်ယာ စုစုပေါင်း သုံးဦးတို့မှာ ဒဏ်ရာရရှိပြီး ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်း အထက်ပါယာဉ်လိုင်း တာဝန်ရှိသူက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ရက်ကလည်း မလွှဲတောင် ၁၄ မိုင်အကွေ့တွင် မော်တော်ယာဉ်တစ်စီး ချောက်ထဲကျခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ရေဖြူ ဒေသခံ ငါးဦးသေဆုံးခဲ့သည်။

လောင်းလုံး၊ ကမြောကင်းတံတားကိုဖြတ်၍ စားသောက်ကုန်သယ်ယူမှု စစ်ကောင်စီတင်းကြပ်

Dawei Watch

January 29, 2025

စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းမှစ၍ ကမြောကင်းတံတားစစ်ဆေးရေး ဂိတ်တွင် စားသောက်ကုန်သယ်ယူမှုများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း လောင်းလုံး ဒေသခံနှင့်ခရီးသွားများကပြောသည်။ ယခင်က လောင်းလုံးဒေသခံများ တစ်ပိုင်တစ်နိုင်စားသောက်ကုန်များကို သယ်ယူခွင့်ပြုထား သော်လည်း ဇန်နဝါရီ လ ၂၈ ရက်နေ့က စပြီး ဆန်၊ဆီ ၊ခေါက်ဆွဲခြောက်နှင့် အခြားမီးဖို ချောင်သုံးကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်၏ ခွင့်ပြုသလောက်သာ သယ်ယူခွင့်ရတော့ကြောင်း လောင်းလုံးဒေသခံတစ်ဦးကပြောသည်။ ” ကြက်သွန်နီဆို တစ်ပိဿာ၊ ပဲတီဆို တစ်ထုတ် အဲလောက်ပဲရတော့တယ်” ဟု လောင်းလုံးဒေသခံတစ်ဦးကပြောသည်။ ကမြောကင်းတံတားသည် ထားဝယ်မြို့ မှ ကုန်စည်များကို လောင်းလုံးနှင့် ရေဖြူမြို့နယ်များသို့ သယ်ဆောင်ရာတွင် အသုံးပြုသည့် အဓိကလမ်းကြောင်းဖြစ်‌သည်။ “ကမြောကင်းတံတားက ထားဝယ်၊လောင်းလုံး၊ရေဖြူ အဓိကဆက်သွယ်ရေးလမ်းကြောင်းပဲ ဒေသခံတွေ ဒီထက်ပိုပြီး အခက်အခဲဖြစ်ဖို့ပဲရှိ တော့တယ် “ဟု […]

ကွမ်းသီးမှည့်တစ်လုံး ကျပ်တစ်ရာကျော်အထိ စျေးကောင်းရ

Dawei Watch

January 29, 2025

‌ကွမ်းသီးမှည့်ရာသီ ကုန်ခါနီးချိန်တွင် ကွမ်းသီးမှည့်တစ်လုံးလျှင် ၁၂၀ ကျပ်ဝန်းကျင်အထိ ဈေးကောင်းရနေကြောင်း ကွမ်းသီးစိုက်တောင်သူများနှင့် ဈေးကွက်အတွင်းမှ သိရသည်။ ကွမ်းသီးမှည့် ရာသီအစဖြစ်သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလဝန်းကျင်က ကွမ်းသီးမှည့်တစ်လုံးလျှင် ခုနှစ်ဆယ်ကျပ် ဝန်းကျင်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ရာကျော်အထိ ဈေးမြောက်နေကြောင်း ကွမ်းသီးအဝယ်ဒိုင်ပိုင်ရှင် အချို့က ဆိုသည်။ “အမှည့် ရာသီကုန်တော့မယ်ဆိုတော့ ရှားလာပြီလေ။ အလုအယက်ဝယ်စုနေကြတယ်” ဟု တနင်္သာရီမြို့နယ်နေ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။ ကွမ်းသီးရာသီတစ်ခုလျှင် ကွမ်းပင်တစ်ပင်က ကွမ်းသီးအလုံးရေ ပျမ်းမျှ ၃၀၀ ဝန်းကျင်အထိ သီးလေ့ရှိသည်။ ပြီးခဲ့သည့်နှစ် ကွမ်းသီးရာသီကမူ ကွမ်းသီးမှည့်တစ်လုံးလျှင် ၃၀ကျပ် မှ ၄၅ကျပ်ဝန်းကျင်သာ ဈေးပေါက်ခဲ့သည်။ ကွမ်းသီးအနုထွက်ချိန်က ဈေးကောင်းရသည့်အတွက် တောင်သူအများစုက ဆွတ်ခူးရောင်းချကြရာက ကွမ်းသီးအမှည့်ရှားနေခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများက ဆိုသည်။ “အရင်နှစ်ကဆို သုံးလပိုင်းလောက်မှ ကွမ်းသီးကုန်တယ်။ဒီနှစ် […]

ဆင်းရဲသည့်နိုင်ငံများဆီသို့ HIV၊ တီဘီနှင့် ငှက်ဖျားဆေး ပေးဝေမှုများကို ရပ်ဆိုင်းရန် ထရမ့် အမိန့်ပေး

Dawei Watch

January 28, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဆင်းရဲသည့်နိုင်ငံများသို့ HIV၊ တီဘီနှင့် ငှက်ဖျားဆေးပေးဝေမှုများကို ရပ်ဆိုင်းထားရန် အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ USAID က ကမ္ဘာတစ်ဝန်းဆီသို့ ပံ့ပိုးပေးနေမှုများကို ရပ်ဆိုင်းထားရန် ထရမ့်အစိုးရက ညွှန်ကြားချက်ပေးလိုက်ပြီး မွေးကင်းစကလေးငယ်များအတွက် ဆေးဝါးထောက်ပံ့မှုများသည်လည်း ယခုရပ်ဆိုင်းမှုတွင် အကျုံးဝင်ကြောင်း Reuters သတင်းက အသိပေးထားသည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အလုပ်လုပ်သော ကန်ထရိုက်တာများနှင့် မိတ်ဖက်များသည် အင်္ဂါနေ့က ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်များကို ရပ်တန့်ရန်အတွက် ညွှန်ကြားစာများကို စတင်လက်ခံရရှိနေကြပြီ ဖြစ်သည်။ ထရမ့်အစိုးရဘက်က ယခုအစီအစဉ်ကို ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်နေစဉ် ကာလအတွင်း ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းထားရမည်ဖြစ်ပြီး ယခုလှုပ်ရှားမှုမှာ အမေရိကန်အကူအညီနှင့် ရန်ပုံငွေလုပ်ငန်းစဉ်များဆိုင်ရာ ကျယ်ပြန့်သောရပ်ဆိုင်းမှုအဖြစ် မှတ်တမ်းဝင်လာခဲ့ပြီလည်းဖြစ်သည်။ HIV၊ ငှက်ဖျားနှင့် တီဘီရောဂါတို့အပြင် သန္ဓေတားဆေးနှင့် […]

သရက်ချောင်းအောက်ဘက်ကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများတိမ်းရှောင်

Dawei Watch

January 28, 2025

သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၃ ရက်ကတည်းက သရက်ချောင်းမြို့ဘက်မှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် သည် ဝင်းဝနယ်မြေရဲစခန်းသို့ ရောက်ရှိနေပြီး ဇန်နဝါရီလ ၂၇ ရက် နံနက်စောစောပိုင်းတွင် ဝင်းဝရွာဘက်မှ ချောင်းဝပြင်ရွာ ဘက်သို့ တောလမ်းအတိုင်းစစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။ ချောင်းဝပြင်ရွာသို့ ရောက်ရှိတပ်စွဲလိုက်ပြီးနောက် ဒေသခံ ၂၀ ဦးကျော်ကို တစ်နာရီခန့်ကြာ ခေတ္တထိန်းသိမ်းထားခဲ့ပြီး ချောင်းဝပြင်ရွာဘုန်းတော်ကြီးက လာရောက်ပြောဆိုပေးသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်အစောပိုင်းတွင် ဂုံညင်းဆိပ်ရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာပြီး ရွာထဲ တပ်စွဲထား သဖြင့် ဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဂုံညင်းဆိပ်ရွာသားတစ်ဦးက ဆိုသည်။ “ပြေးတဲ့သူလည်း […]

ရနောင်းတွင် မြန်မာမိန်းကလေးကို ထိုင်းနှစ်ဦးက တစ်ပတ်ကြာ ပိတ်လှောင်ပြီးအဓမ္မကျင့်

Dawei Watch

January 28, 2025

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ရှိ ရော်ဘာခြံတစ်ခုတွင် နေထိုင်သည့် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသား ခြံရှင်၏ သားနှစ်ဦးက တစ်ပတ်နီးပါး ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော IBEC.SWO လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရနောင်းခရိုင် ကီလိုသုံးဆယ် ဘန်ကဲကျေးရွာရှိ ရော်ဘာခြံထဲတွင် နေထိုင်သည့် မြန်မာမိသားစုမှ သမီးဖြစ်သူကို မိဘများဆေးခန်းသွားနေချိန် ခြံရှင်၏ သားနှစ်ဦးက ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အသက် ၁၈ နှစ်မပြည့်သေးသည့် အဆိုပါမြန်မာမိန်းကလေးကို ဝေးလံသော နေရာတစ်ခုသို့ ခေါ်ဆောင်၍ တစ်ပတ်နီးပါးကြာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ သမီးဖြစ်ကို ကယ်ခေါ်ထုတ်ပေးရန် မိဘများက IBEC.SWO လူမှုကူညီရေးအသင်းထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ခေါ်ဆောင်သွားသူနှစ်ဦးကို ဆက်သွယ်ကာ မိန်းကလေးငယ်ကို မိဘများထံသို့ ပြန်လာအပ်ရန် […]