BREAKING
November 10, 2025

သတင်း

မဟာချိုင်က မြန်မာစတိုးဆိုင်ကို ထိုင်းရဲဝင်စစ်၊ ဆိုင်ရှင်နှင့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

February 4, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက မြန်မာပစ္စည်းအရောင်းဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်ထိုင်းနိုင်ငံသားနှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ ကထူးဘင်ဒေသရှိ မြေညီထပ်က စတိုးဆိုင်တွင် မြန်မာနိုင်ငံသားများက မြန်မာပစ္စည်းများကို ရောင်းချနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဆိုင်ထဲတွင် ဈေးရောင်းနေသော မြန်မာနှစ်ဦးနှင့် ဈေးလာဝယ်သူများကို တွေ့ရသဖြင့် စာရွက်စာတမ်းများကို စစ်ဆေးခဲ့ရာ ဈေးလာဝယ်သူများအနက် တစ်ဦးသည် အလုပ်လုပ်ခွင့်ဗီဇာ ကျော်လွန်နေပြီး ဈေးရောင်းနေသော မြန်မာနှစ်ဦးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိသော်လည်း ဈေးရောင်းခွင့်မပေးထားသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ စတိုးဆိုင်တွင် ထိုင်း FDA ထောက်ခံချက်မပေးထားသော မြန်မာစားသောက်ကုန်၊ ဆေးဝါးနှင့် ဆေးလိပ်များစွာကို ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ မြန်မာပစ္စည်းစတိုးဆိုင်ကို […]

ဘုတ်ပြင်းတွင် မိုင်းအန္တရာယ်ကြောင့် သီဟို‌ဠ်တောင်သူများအခက်တွေ့

Dawei Watch

February 4, 2025

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် နယ်မြေမအေးချမ်းမှုနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သီဟိုဠ်စေ့ကောက်ရန် အခက်တွေ့နေကြကြောင်း တောင်သူအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့သလို ဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းများ ရှိနိုင်သည့်အတွက် တောင်သူများက သီဟို‌ဠ်စေ့ မကောက်ရဲဘဲဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ “တိုက်ပွဲဖြစ်ထားဖူးတဲ့ နယ်မြေတွေဆိုတော့ မိုင်းထောင်ထားတယ်၊ မထောင်ထားဘူးဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ တနင်္သာရီဘက်မှာလည်း မကြာခဏ မိုင်းနင်းမိတဲ့သတင်းတွေကြားရတော့ စိတ်ပူတယ်” ဟု မနိုးရုံးကျေးရွာအုပ်‌စုရှိ သီဟို‌ဠ်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။ သီဟိုဠ်စေ့ခူးဆွတ်(ကောက်)ချိန် မတိုင်မီ တစ်လကြိုတင်၍ အပင်အောက်တွင် ခြုံရှင်းရလေ့ရှိကြောင်း တောင်သူများထံမှ သိရသည်။ အထက်ပါ အခြေအနေများကြောင့် ခြုံရှင်းရန် အလုပ်သမားခေါ်ချိန်တွင်လည်း ခေါ်မရသည့်အခက်အခဲဖြင့် ကြုံခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။ ထို့အပြင် နယ်မြေမအေးချမ်းမှုကြောင့် ဥယျာဉ်ခြံအတွင်း ညမအိပ်ရဲကြချိန်တွင် သူခိုးလည်း […]

တနင်္သာရီတိုင်းက PDF ၈၀ ခန့် အထူးစစ်ဆင်ရေးသင်တန်းဆင်း

Dawei Watch

February 4, 2025

တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းများက သင်တန်းသားများပါဝင်သည့် အထူးစစ်ဆင်ရေး အပတ်စဥ် (၇) သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်က ကရင်ပြည်နယ်တွင် ပြုလုပ်ကြောင်း သင်တန်းဖွင့်လှစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ထံမှ သိရသည်။ သင်တန်းတွင် သင်တန်းသား ၂၅၀ ဦး ပါဝင်တက်ရောက်ကာ သင်တန်းဆင်းခဲ့ပြီး ယင်းတို့အနက် တနင်္သာရီတိုင်း PDF တပ်ရင်း၊ တပ်ဖွဲ့များက ရွေးချယ်စေလွှတ်ထားသည့် သင်တန်းသားဦးရေ ၈၀ခန့် ပါဝင်ကြောင်း S.O.F တပ်ဖွဲ့မှူး ရဲဘော် အောင်စံရှားက ပြောသည် ။ “အဓိကက ၂၀၂၅ မှာ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်မယ့် စစ်ဒေသတွေဖြစ်တဲ့ ပဲခူး၊ ရန်ကုန်၊ မွန်နဲ့ တနင်္သာရီဒေသတွေ အတွက် အဓိကအင်အားဖြည့်တင်းပြီး တာဝန်ထမ်းဆောင်မယ့် အထူးတပ်ဖွဲ့ဝင်များ မွေးထုတ်ပေးတဲ့ သင်တန်းဖြစ်ပါတယ်” […]

Brexit နောက်ပိုင်း အီးယူခေါင်းဆောင်များအစည်းအဝေး ဗြိတိန်ဝန်ကြီးချုပ် ပထမဆုံးပြန်တက်

Dawei Watch

February 3, 2025

ဘယ်လ်ဂျီယမ်နိုင်ငံ ၊ ဘရပ်ဆဲလ်မြို့၌ ယနေ့ တနင်္လာနေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ရန် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတားမာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ဥရောပသမဂ္ဂ(EU)မှ ဗြိတိန်နိုင်ငံ ခွဲထွက်သွားသည့် ‘Brexit’ ဖြစ်ရပ်နောက်ပိုင်း ဥရောပသမဂ္ဂခေါင်းဆောင်များအစည်းအဝေးတစ်ခုကို ဗြိတိန်ဝန်ကြီးချုပ်တစ်ဦးက ပထမဆုံး ပြန်လည်တက်ရောက်ခြင်းပင် ဖြစ်သည်။ ယင်းသို့ ဖြစ်ပေါ်လာစေရန် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အမေရိကန်သမ္မတပြန်ဖြစ်လာခြင်းက တွန်းအားပေးလိုက်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။ ယင်းအစည်းအဝေးတွင် ဥရောပသမဂ္ဂ(EU) နှင့် ဗြိတိန်နိုင်ငံတို့အကြား ဆက်ဆံရေးကို ပြန်လည်ချိန်ညှိရေး ကျယ်ပြန့်သည့် နိုင်ငံရေးရည်မှန်းချက်များကို အဓိကဦးတည်ဆွေးနွေးသွားမည် ဖြစ်သည်။ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်။ ယင်းခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတားမာသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(NATO)၏ အထွေထွေအတွင်းရေးမှူး Mark Rutte နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် […]

ကံပေါက်တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

Dawei Watch

February 3, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်ကစ၍ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းလာပြသူများလာကြောင်း ဒေသခံ ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ဖျားပြီး ဝမ်းပျက်ဝမ်းလျှော၊ မူးဝေအော့အန်လက္ခဏာတို့ဖြင့် ဆေးခန်းလာပြသူများနေကြောင်း ဆေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများက ပြောသည် ။ “ပထမတစ်ရက်ဖျားပြီး ဝမ်းပျက်တယ်၊ ပြီးတော့အန်တယ်။ သုံးရက်လောက်တော့ ခံစားရတယ်။ ပြီးရင် ပြန်ကောင်း သွားတယ်” ဟု ကိုယ်တိုင်ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည် ။ ကံပေါက်တိုက်နယ် ဆေးရုံတွင်လည်း ယင်းသို့ လက္ခဏာဖြင့် ဆေးခန်းလာပြသူ တစ်ရက်လျှင် ပျမ်းမျှ နှစ်ဦးခန့်ရှိကြောင်း ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ “တစ်နေ့ ၂ ယောက်လောက်တော့ ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ လာပြနေကြတယ်။ ကံပေါက်အထဲက ရပ်ကွက်တွေရော၊ အခြားရွာတွေကရော လာပြကြတယ်။ ကလေးရော၊ လူကြီးရောဖြစ်နေတာပဲ” ဟု […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 3, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်

Dawei Watch

February 3, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်က မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်း ပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စမွတ်ပရကန်ခရိုင်၊ ဖရပဒျဲဒေသရှိ စက်ရုံတွင် လုပ်ကိုင်နေသော အဆိုပါမြန်မာအလုပ်သမား ဇနီးမောင်နှံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သူနှစ်ဦးက ဆုငွေထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းသဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆုငွေများကို ထုတ်ယူ၍ ပေးအပ်ခဲ့ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “သူတို့က 7-Eleven ဆိုင်သွားတော့ ထီရောင်းနေတဲ့ ထိုင်းအဖွားကြီးက ဒီလက်မှတ်ယူ ဘတ် ၆ သန်းပေါက်လိမ့်မယ်ပြောလို့ ထိုးလိုက်ရင်း‌ ပေါက်သွားကြတယ်လို့ ပြောတယ်” ဟု ကိုရဲမင်းက ဆိုသည်။ […]

သရက်ချောင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ကင်းရှေ့ရွာက နေအိမ်အချို့ကိုမီးရှို့

Dawei Watch

February 3, 2025

ထားဝယ်-မြိတ်သွား ကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းယူခံရပြီးနောက် စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကင်းရှေ့ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က နေအိမ်အချို့ မီးရှို့ဖျက်ဆီးကြောင်း ရွာသားအချို့နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဖေ‌ဖော်ဝါရီလ ၂ရက် ညနေ ၃နာရီခန့်တွင် ရောင်းမော်ရွာမှ ကင်းရှေ့ရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က အိမ်နှစ်လုံး မီးရှို့ခံရတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့လည်း ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ အိမ်နှစ်လုံးမီးရှို့ခံရတယ်လို့ပဲ ကြားရတယ်။ (အရေအတွက်) အတိအကျ မပြောနိုင်သေးဘူး” ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီလ ၂၉ရက်ညတွင် တိုက်ခိုက်သိမ်းယူ မီးရှို့ ဖျက်ဆီးခဲ့သည်။ ယင်းနောက် နောက်တစ်ရက် ဇန်နဝါရီလ ၃၀ရက် […]