BREAKING
November 10, 2025

သတင်း

ထိုင်းက လျှပ်စစ်မီးဖြတ်ပြီးနောက် ဘုရားသုံးဆူမြို့တွင် စက်သုံးဆီဝယ်သူများပြီး စျေးမြင့်တက်

Dawei Watch

February 5, 2025

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက် လိုက်ပြီးနောက် မြို့ပေါ်တွင် စက်သုံးဆီ ဝယ်သူများပြားပြီး စျေးလည်းမြင့်တက်လာကြောင်း မြို့ခံများထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသည်ဆိုပြီး နယ်စပ်တလျှောက်ရှိ နေရာငါးခုကို လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများကို ဖြတ်တောက်ရန် ထိုင်းအစိုးရက ဖေဖော်ဝါရီလ ၄ရက်တွင် အမိန့်ထုတ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၅ရက် နံနက်တွင် ဖြတ်တောက်ခဲ့သည်။ ဘုရားသုံးဆူတွင် ယနေ့ နံနက် ၈ နာရီခွဲမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်သွားကြောင်း မြို့ခံများက ပြောသည်။ လျှပ်စစ်မီးပြတ်တောက်သွားပြီးနောက် မြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူသူများပြားလာသဖြင့် ဓာတ်ဆီဆိုင်အချို့တွင် စက်သုံးဆီပြတ်လပ်သွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “မီးကတော့ ဒီမနက် ၈နာရီခွဲလောက်မှာ စဖြတ်လိုက်တယ်။ ဓာတ်ဆီဖြတ်မယ်ဆိုတော့ မြို့ကလူတွေက အထူးသဖြင့် […]

ထားဝယ်ခရိုင်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နေ့ဘက် ရှစ်ရက်ကြာ လျှပ်စစ်ဓာတ်အားပြတ်မည်

Dawei Watch

February 5, 2025

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ တွင် ဖေဖော်ဝါရီလ ၈ ရက်ကစပြီး နေ့ဘက် လျှပ်စစ်ဓာတ်အား ရှစ်ရက်ကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း Petro & Trans ကုမ္ပဏီက ယနေ့ ထုတ်ပြန်သည်။ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအထွေထွေရန်ပုံငွေဖြင့် ထားဝယ်ဆေးရုံကြီးနှင့် ထားဝယ်လေဆိပ်သို့ ၁၁ ကေဗွီ သီးသန့် ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သောကြောင့် နံနက် ၉ နာရီမှ ညနေ ၃နာရီအတွင်း တစ်ရက်လျှင် ခြောက်နာရီကြာ ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဖေဖော်ဝါရီလ ၈ရက်၊ ၉ရက်၊ ၁၃ရက်၊ ၁၅ရက်၊ ၁၆ရက်၊ ၁၇ရက်၊ ၁၉ရက်နှင့် ၂၂ရက်တို့တွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ […]

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ

Dawei Watch

February 5, 2025

ထားဝယ်-ထီးခီးလမ်းပိုင်း မေတ္တာမြို့အထွက် ကားလမ်းမပေါ် တွင် ဆိုင်ကယ်စီးလာသည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖေဖော်ဝါရီလ ၂ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းနင်းမိကြောင်း ကာယကံရှင်နှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိသူမှာ နော်ဂျူးနီးထာ ဖြစ်ပြီး မေတ္တာမြို့တွင် (ခရစ်ယာန်) ဘုရားရှိခိုးကျောင်းလာတက်ပြီးနောက် မြို့ပြင် ဥယျာဥ်ခြံထဲရှိ နေအိမ်သို့ ပြန်လာစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ကတော့ မိုင်းနင်းမိပြီး ပျက်စီးသွားတယ်။ လူမှာက ခြေဖနှောင့် နည်းနည်းထိတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါမြေမြှုပ်မိုင်းအား မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကိုမူ မသိရပေ။ ယခု မိုင်းနင်းမိသည့် လမ်းပိုင်းတွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲပြီးနောက် လမ်းပိုင်းတွင် မိုင်းများရှိနေသည်ဟု […]

ထိုင်းကလျှပ်စစ်မီးဖြတ်လိုက်၍ ကျားဖြန့်လုပ်ငန်းများ လာအိုမှ လျှပ်စစ်ရယူရန်စီစဉ်

Dawei Watch

February 5, 2025

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်တွင် အခြေစိုက်လုပ်ကိုင်နေသော ကျားဖြန့်လုပ်ငန်းများထံ ထိုင်းဘက်က လျှပ်စစ်မီးပေးနေမှု ဖြတ်တောက်လိုက်ပြီးနောက် လာအိုနိုင်ငံမှ လျှပ်စစ်မီးရယူရန် ယင်းလုပ်ငန်းများက စီစဉ်လုပ်ဆောင်နေကြောင်း လာအိုသတင်းဌာနဖြစ်သည့် The Laotian Times သတင်းဌာနက ဖော်ပြသည်။ သို့သော်လည်း မည့်သည့်ပုံစံဖြင့် တင်သွင်းမည်ကိုမူ အသေးစိတ်ရေးသားထားခြင်းမရှိသေးပေ။ အွန်းလိုင်းရာဇဝတ်မှုများ ပြုလုပ်နေသည့် ကျားဖြန့်လုပ်ငန်းများအား လျှပ်စစ်မီးပေးနေမှုကို ထိုင်းဘက်က ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီမှစ၍ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ မြန်မာဘက်ခြမ်းမှ နေရာ ၅ နေရာကို သွယ်တန်းထားသော ဓါတ်အားလှိုင်းများကို ယနေ့နံနက်ပိုင်းက စ၍ ထိုင်းလျှပ်စစ်ဦးစီးဌာနက ဖြတ်တောက်ခဲ့ဟုဆိုသည်။ အထူးသဖြင့် ဘုရားသုံးဆူနယ်စပ်၊ မြဝတီ-မဲဆောက်နယ်စပ်နှင့် တာချီလိတ်-မယ်ဆိုင်နယ်စပ်များသို့ လျှပ်စစ်မီးပေးနေမှုများကို ဖြတ်တောက်ထားပြီဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ လျှပ်စစ်မီးဖြတ်တောက်ခံရမှုကြောင့် ဘုရားသုံးဆူရှိ မြပန်းစက်မှုလုပ်ငန်း၊ […]

ထားဝယ်တွင် ကလေးငယ်များ ပါးချိတ်ရောင်ရောဂါ ကူးစက်ဖြစ်ပွားမှုများ

Dawei Watch

February 5, 2025

ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့တွင် ဇန်နဝါရီလလယ်ခန့်ကစ၍ မူကြိုအရွယ်ကလေးငယ်များ ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါ အဖြစ်များနေကြောင်း ဆေးရုံ၊ ဆေးခန်းများနှင့် မြို့ခံများထံမှ သိရသည်။ ကျောင်းများတွင် ကူးစက်ခံရမှုပိုများပြီး ကူးစက်ခံရပြီးလျှင် တစ်ပတ်ခန့် ပါးချိတ်ရောင်လက္ခဏာဖြင့် ဖျားကြောင်း ပါးချိတ်ရောင် ရောဂါဖြစ်ခဲ့သည့် ထားဝယ်မြို့ခံကလေးတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။ ပါးချိတ်ရောင်လက္ခဏာဖြင့် နေမကောင်းဖြစ်လျှင် ကျောင်းမလာကြရန် မူကြိုကျောင်းအချို့တွင်လည်း စာဖြင့် သတိပေးထားကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။ “ကျောင်းမှာဆို ကလေး ၂၀ လောက် ခွေးပါးရောင်နေကြလို့ ခွင့်ယူထားကြတယ်။ မြို့ထဲမှာလည်း ကလေးတွေမှာ ဖြစ်နေကြတယ်” ဟု ထားဝယ်မြို့ခံ မူကြိုဆရာမတစ်ဦးက ပြောဆိုသည်။ ယခုရက်ပိုင်းအတွင်း ဆေးရုံ၊ ဆေးခန်းများတွင် ပါးချိတ်ရောင်ရောဂါလက္ခဏာဖြင့် ဆေးခန်းလာပြသည့် ကလေးလူနာ များနေပြီး ကလေးမှတစ်ဆင့်ပြန်ကူးစက်ခံရသည့် လူကြီးများလည်း ပါးချိတ်ရောင်လက္ခဏာဖြင့် ဆေးခန်းလာပြကြကြောင်း […]

ထိုင်းတွင် အခြေခံလုပ်အားခ တိုးမြှင့်သတ်မှတ်သည့်အတိုင်း ဒေသအချို့တွင် စတင်ရရှိ

Dawei Watch

February 5, 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံအတွင်း ခရိုင်အလိုက် အခြေခံလုပ်အားခများကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပြီး ဒေသအချို့တွင် ယင်းနှုန်းထားအတိုင်း စတင်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေးလှုပ်ရှားနေသူများထံမှ သိရသည်။ မြန်မာအများဆုံးလုပ်ကိုင်နေသော စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ၊ အုန်းနွဲ့၊ အုန်းယိုင်နှင့် ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ၊ စမွတ်ပရကန်ခရိုင်ရှိ စက်ရုံကြီးများတွင် အခြေခံလုပ်အားခ တိုးမြှင့်သတ်မှတ်ထားသော တစ်နေ့ ဘတ် ၃၇၂ ဘတ်ကို ခံစားနေရပြီဖြစ်ကြောင်း သိရသည်။ ယခင်က တစ်နေ့ ဘတ် ၃၆၃ ဘတ်ရရှိနေပြီး ၉ ဘတ်တိုးလာခြင်းဖြစ်သည်။ စမွတ်စခွန်ခရိုင်ထဲရှိ စက်ရုံကြီးများက တစ်နေ့လုပ်အားခနှင့် အချိန်ပိုကြေးများကို တိုးမြှင့်သတ်မှတ်ထားသော အခြေခံလုပ်အားခအတိုင်း အလုပ်သမားများကို ပေးနေပြီဖြစ်ကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ပြောသည်။ “ထိုင်းနိုင်ငံက ကြေညာချက်အတိုင်း […]

ပန်းရောင်ဘတ်အသစ်လုပ်သူများကို နိုင်ငံကူးလက်မှတ်ထဲ ဗီဇာထည့်ခွင့်ပြု

Dawei Watch

February 5, 2025

ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ထားသော ရွှေ့ပြောင်းအလုပ်သမား များကို သက်တမ်းကျန်ရှိသော နိုင်ငံကူးလက်မှတ်ထဲသို့ အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းခွင့်ပြုပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။ ဗီဇာထည့်သွင်းလိုသူများသည် အမည်စာရင်း (Name List) စာရွက်၊ ဘိုင်အနုမတ် ဟုခေါ် သည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ် စာရွက်များ ရရှိထားပြီး ထိုင်း လဝကတွင် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်၍ ကိုယ်ရေးအချက်အလက် သွင်းပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းလုပ်ငန်းစဉ် ပြီးဆုံးသူများအနေဖြင့် Non L-A ဟုခေါ်သည့် အခြေခံအလုပ်သမားဗီဇာကို သက်တမ်းကျန်ရှိနေသော နိုင်ငံကူးလက်မှတ် (PV၊ PJ) ထဲသို့ ဖြစ်စေ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထဲသို့ ဖြစ်စေ ထည့်သွင်း […]

အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ဝန်ထမ်းများ ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန်ကမ်းလှမ်း

Dawei Watch

February 5, 2025

အမေရိကန် ထောက်လှမ်းရေးဗဟိုဌာန(CIA)က ၎င်း၏ဝန်ထမ်းအားလုံးကို ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန် အင်္ဂါနေ့က ကမ်းလှမ်းခဲ့ကြောင်း Wall Street Journal က ဖော်ပြထားသည်။ ဝန်ထမ်းအသစ် ခန့်အပ်မှုကိုပါ ရပ်နားလိုက်ကြောင်း CIA ညွှန်ကြားရေးမှူးဂျွန်ရက်ကလစ်ဖ်၏ အမည်မဖော်လိုသည့် လက်ထောက်တစ်ဦးကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ဦးစားပေးမူဝါဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် CIA က ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ ရန်သူအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသည့် အနောက်အုပ်စုဝင်နိုင်ငံများကိုပါ CIA က ပိုပစ်မှတ်ထားလာတော့မည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။ သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် CIA ၏ ရည်မှန်းချက်အသစ်များတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ဖျက်ရေး ၊ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ်ကို အနိုင်ယူရေးတို့တွင် သမ္မတအား အထောက်အကူပြုရေးတို့ ပါဝင်သည်။ ဝန်ထမ်းများကို အလုပ်ထုတ်ပြီး […]