စစ်ဘေးရှောင်ကူညီရန် မဟာချိုင်တွင် အလှူခံနေသော မြန်မာလေးဦးဖမ်းဆီးခံရ
Dawei Watch
February 10, 2025မြန်မာပြည်တွင်းရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီရန် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အလှူခံနေကြ သော မြန်မာနိုင်ငံသား လေးဦး ဖေဖော်ဝါရီလ ၉ရက်က ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာနိုင်ငံသားများသည် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ နံနက် ၉နာရီခန့်က အုန်းယိုင်ဒေသရှိ လူကူးခုံးကျော်တံတားပေါ်တွင် အလှူခံခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ယင်းအချိန် မဟာချိုင်နယ်ရှိ ထိုင်းမျိုးချစ်ဆိုသူများအဖွဲ့က လာရောက်၍ မြန်မာနိုင်ငံသားအနေဖြင့် အလှူခံ၍ မရကြောင်း ပြောဆိုပြီး ရဲတပ်ဖွဲ့ကို တိုင်တန်းကာ ဖမ်းဆီးစေခဲ့ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အလှူခံနေလို့တဲ့ ညီအစ်ကိုရေ။ နှုတ်ခမ်းမွေးအဖွဲ့ (ထိုင်းမျိုးချစ်အဖွဲ့) က လာဖမ်းတာ။ အလှူခံနေတဲ့ တစ်ဖွဲ့လုံးကို ဖမ်းသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦး […]


