ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်း

diz_admin

January 30, 2020

မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီးရန်ကုန်ရှိ လူငယ်အသက်မွေး သင်တန်းကျောင်းတွင် အခမဲ့သင်ကြားပေးမည့်အခြေခံအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်းလျှောက်ထားနိုင်ပြီ ဖြစ်သည်။ ပရဟိတမောင်နှမများကွန်ရက် အနေနှင့် သင်တန်းအမှတ်စဉ် ၃ကြိမ် မြောက်မှစပြီး မြိတ်ဒေသမှသင်တန်းသားများအား အခမဲ့ပို့ဆောင်နေပြီး သင်တန်းပြီးဆုံးကာ လုပ်ငန်းခွင်အတွင်းဝင်ရောက် လုပ်ကိုင်နေသူများလည်းရှိနေပြီဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် ဦးမင်းလွင်ဦးက ပြောပြသည်။ ယခုအခါ သင်တန်း အမှတ်စဉ် ၉ ရှိပြီ ဖြစ်သည်။ အဆိုပါသင်တန်းတက်ရောက်ကြမည့်ရန်ကုန်မြို့နေသူများအတွက် စားစရိတ်ငြိမ်းနှင့်မြိတ်သူ^သားများအတွက် စားစရိတ်ငြိမ်းနှင့် သင်တန်းကာလအတွင်း နေထိုင်ရန်စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက် မှ မတ်လ၃၁ရက်အထိ ရတ်သတ္တပတ် ၆ ပတ်(တစ်ပတ်လျှင်၅ ရက်)အကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။ မြိတ်မြို့မှ သင်တန်းတက်ရောက် သူများအနေဖြင့် ပရဟိတမောင်နှမများကွန်ရက် ဦးမင်းလွင်ဦးဖုန်း-၀၉၄၅၀၉၉ ၃၅၃၈ ထံသို့ ဖေဖော်ဝါရီလ၁၁ရက် နောက်ဆုံးထားပြီး ဆက်သွယ်လျှောက် […]

ပြင်းထန်အဆုတ်ရောင်ရောဂါအတွက် အသင့်ပြင်

diz_admin

January 30, 2020

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိပါက အသင့်ဖြစ်ရန် ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေး အဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောကြားသည်။ သံသယလူနာတွေ့ရှိပါက သီးသန့်ခန်းတွင်းထားကာ စောင့်ကြည့်ရန်နှင့် ကုသရေးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားရှိရန် ညွှန်ကြားထားသည်ဟု ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။ သံသယလူနာတွေ့ရှိပါက နေပြည်တော် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန် ဇန်နဝါရီ ၆ ရက်နေ့ညွှန်ကြားထားကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။ “ဆေးရုံတွေမှာတော့ အားလုံးတော့ ပြင်ဆင်ထားတာတော့ ရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ သံသယလူနာ မတွေ့သေးဘူး”ဟု ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသော ထိုရောဂါသည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ခံစားနေရသူ၊ အသက် […]

သဘာ၀ဘေးအတွက် ထားဝယ် လေးမြို့နယ် ဖိုင်ဘာလှေတစ်စီးစီ ရမည်

diz_admin

January 30, 2020

ရေကြီးရေလျှံခြင်းကဲ့သို့ သဘာ၀ဘေးကျရောက်ချိန်တွင် အသုံးပြုရန်အတွက် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ဖိုင်ဘာလှေတစ်စီးစီ ခွဲဝေချပေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ လက်ရှိတွင် တိုင်းအစိုးရရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စပိဘုတ်တစ်စီးနှင့် ဖိုင်ဘာလှေလေးစီး ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လူ ၈ ဦးဆံ့ အဆိုပါဖိုင်ဘာလှေများကို သဘာ၀ဘေးဖြစ်ပွားပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ “ဒီရက်ပိုင်းအတွင်းမှာပဲ ဖြန့်ဝေပေးသွားမယ်။ မိုးတွင်းမှာ အဓိက ထုတ် သုံးရမှာ”ဟု ဦးအောင်စိုးမိုးက ပြောသည်။ မိုးရာသီ လမ်းမပေါ် ရေကြီးရေလျှံ လေ့ရှိသည့် နေရာများတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်များသို့ ခွဲဝေချထားမည့် ဖိုင်ဘာလှေများတွင် အသက်ကယ်အင်္ကျီ၊ ကြိုး၊ ချိန်းဆောများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါ […]

ကော့သောင်းနာရီစင်ဒီဇိုင်းသစ်ဖြင့် ပြန်ဆောက်မည်

diz_admin

January 30, 2020

ကော့သောင်းမြို့၏လက်ရှိနာရီစင်ကိုဖြိုချကာဒီဇိုင်းသစ်ဖြင့်ပြန်ဆောက်မည်ဟု ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ နှစ်သုံးဆယ်ခန့် သက်တမ်းရှိသော လက်ရှိနာရီစင်မှာ ဆောက်လုပ်စဉ်ကရေငန်သဲများသုံးစွဲခဲ့သဖြင့်အင်္ဂတေအတွင်းရှိသံချောင်းများပါ ဆွေးမြည့်နေပြီး အန္တရာယ်ရှိအဆောက်အအုံဖြစ်နေပြီဟု ဦးတင်မြင့်က ပြောသည်။ နာရီစင်အသစ်ဆောက်ရန်ဘတ် ဂျက်ကျပြီဖြစ်ပြီးဒီဇိုင်းအသစ်ကို ဆွေးနွေးနေဆဲ ဖြစ်သည်။ ကနဦးတွင်၎င်းနာရီစင်ကိုဖြိုချကာ မူလပုံစံအတိုင်း ပြန်ဆောက်ရန်လျာထားခဲ့သော်လည်း ကော်မတီအဖွဲ့အတွင်း ဝိုင်းဝန်းဆွေးနွေးပြီးနောက်ပုံစံသစ်ဖြင့် ပြန်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဦးတင်မြင့်က ပြောသည်။ “ပုံစံ(အသစ်)ပြန်ဆွဲကြည့်ပေါ့။သုံး၊ လေးမျိုးလောက်ဆွဲလိုက်၊ ပြီးရင် ကော်မတီမှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတော့ ကော်မတီကအတည်ပြုပေးပြီး တိုင်းအစိုးရကိုထပ်တင်ရမယ်ပေါ့”ဟု ဦးတင်မြင့်က ပြောသည်။ တိုင်းအစိုးရက ခွင့်ပြုပါက စဆောက်မည်ဟု ဦးတင်မြင့်က ပြောသည်။ ကော့သောင်းမြို့ခံတို့အကြားတွင် လည်းနာရီစင်ဒီဇိုင်းနှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုံကြဆဲ ဖြစ်သည်။ အချို့က လက်ရှိပုံကို ပြန်လိုချင်ကြသည်။ အချို့ကလက်ရှိပုံစံကိုအခြေခံကာ ခေတ်မီပုံစံဖြင့် ပြန်ဆောက်သည်ကို မြင်လိုကြသည်။ အချို့က လက်ရှိပုံကို မလိုချင်ဘဲ ဒီဇိုင်းသစ်ဖြင့် မြင်လိုကြောင်း […]

ပါချန်လင်းပိုင် ထိန်းပေးကြပါ

diz_admin

January 30, 2020

ကော့သောင်းမြို့နယ်ထိုင်း-မြန်မာ နယ်ခြား ပါချန်မြစ်ရိုးတစ်လျှောက် နေထိုင်ကျက်စားနေသည့် လင်းပိုင်တို့ကို ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပါချန်မြစ် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏အတွင်းရေးမှူး ဦးမျိုးဇော်ဦးက ပြောသည်။ ဒေသခံများနှင့် မြစ်အတွင်းသားငါး ရှာဖွေသူများက လင်းပိုင်ကို တမင်တကာ ဖမ်းဆီးသတ်ဖြတ်ခြင်း မရှိသော်လည်း ၎င်းလင်းပိုင်တို့က ငါးဖမ်းပိုက်များတွင် တိုးဝင်သေဆုံးခြင်း၊ ပိုက်တွင်မိလာသည့် လင်းပိုင်များကို ပြန်မလွှတ်ခြင်းတို့ ပြု လုပ်မည်ကို စိုးရိမ်ရကြောင်း ဦးမျိုးဇော်ဦးက ပြောသည်။ သို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများက ပါချန် လင်းပိုင်ကို ထိန်းသိမ်းခြင်း၊ ထိန်းသိမ်းရန် ဒေသခံများကို အသိပညာပေးခြင်းတို့ လုပ်ဆောင်စေလိုကြောင်း ၎င်းက ပြောသည်။ “သူတို့(လင်းပိုင်းတွေ)ကို ဘယ်သူမှ အန္တရာယ်မပြုပါဘူး။ ဒါပေမယ့် မြစ်ထဲချထားတဲ့ ပိုက်တန်းတွေမှာမိပြီးသေဆုံးတာတွေ ရှိရင်ရှိမှာပေါ့။ ဒေသခံတွေကို အသိပညာပေး လိုက်လုပ်ရင်တော့ ပိုကောင်းတာပေါ့”ဟု ဦးမျိုးဇော်ဦးက ပြောသည်။ ပါချန်လင်းပိုင်အဖြူနှင့်အမည်း […]

တပ်မတော်က တရားစွဲထားမှု ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ ကော့သောင်းတွင် အမှုရင်ဆိုင်မည်

diz_admin

January 30, 2020

တပ်မတော်ကတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောဝေတို့က ကော့သောင်းတရားရုံးတွင် အမှုရင်ဆိုင်သွားမည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။ ကော့သောင်းမြို့တွင် ၂၀၁၉ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့်”၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည် ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ၅၀၅ (က) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။ အမှုတွဲပါ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဇန်နဝါရီလ၂၀ရက်က ကော့သောင်းတရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ တိုက် ကြီး၊ ဝါးခယ်မ၊ ခင်ဦးမြို့နယ်တို့တွင် ဟောပြောမှုများက နိုင်ငံတော်အကြည် ညိုပျက်စေသည်ဟုဆိုကာ မြို့နယ်တရားရုံး အသီးသီးက စုစုပေါင်း ထောင်၄ နှစ် ချမှတ်ထားပြီး အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည်။ ယခု ကော့သောင်းတွင် အမှုရင်ဆိုင်ရန် အင်းစိန်အကျဉ်းထောင်မှကော့ သောင်းအကျဉ်းထောင်သို့ လွှဲပြောင်းရောက်ရှိလာပြီး ဇန်နဝါရီ […]

တပ်မတော်က တရားစွဲထားသည့်အမှု စာရေးဆရာ မာန်(တောင်လုံးပြန်) အပြစ်ရှိဟု အမိန့်ချ

diz_admin

January 30, 2020

တပ်မတော်က တရားစွဲဆိုထားသည့် အမှုတွင် စာရေးဆရာမာန် (တောင်လုံးပြန်)ကို ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချလိုက်ကြောင်း မြိတ်မြို့နယ်တရားရုံးနှင့် ကာယကံရှင်ထံမှ သိရသည်။ ဆရာမာန်(တောင်လုံးပြန်)သည် ၂၀၁၉ မေလ ၉ ရက်က မြိတ်မြို့၊ ကမ်းနားလမ်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွင် တပ်မတော်အား အကြည် ညိုပျက်အောင် ဟောပြောသည်ဟုဆိုကာ တနင်္သာရီတိုင်း ကမ်းရိုးတန်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းဦးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းကမ်းရိုးတန်းစစ် ဌာနချုပ်က ဇွန်လ ၄ ရက်တွင် မြိတ်မြို့ နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကာ စက်တင်ဘာလ ၂၄ ရက်ကစပြီး အမှုစတင်ရင်ဆိုင်ရကြောင်း ဆရာမာန် (တောင်လုံးပြန်)က […]

အမှိုက်ခွဲပစ်ရေး ကျောင်းများတွင် ဆက်တိုက်ပညာပေးမည်

diz_admin

January 30, 2020

အမှိုက်အစို အခြောက်ခွဲပစ်နိုင်ရေး အတွက် မြိတ်မြို့ရှိ စာသင်ကျောင်းများတွင် ဆက်တိုက်ပညာပေးသွားမည် ဖြစ်ကြောင်း Clean & Green အဖွဲ့ထံ မှသိရသည်။ Clean & Green အဖွဲ့ အနေနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးကော် မတီအဖွဲ့၊ လောကအလင်းအဖွဲ့နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်မှစတင်နေပြီး တစ်နေ့လျှင် ကျောင်းနှစ်ကျောင်းနှုန်းဖြင့် ပညာပေးလျက်ရှိကြောင်း Clean & Green အဖွဲ့၏ ဥက္ကဋ္ဌ ဦးကောက်ရိုက်က ပြောကြားသည်။ “မြိတ်ဒေသရဲ့ အနာဂတ်လှပဖို့ လူကြီးတွေထက် လူငယ်တွေကိုပဲ အားကိုးပြီး လုပ်ရတော့မယ်”ဟု ဦးကောက်ရိုက်က ပြောသည်။ မြိတ်မြို့တွင်း၌ရှိသည့် ကျောင်းပေါင်းစုံတွင် ပညာပေးမှုများ ပြုလုပ်ပြီးသည့်နောက် ရပ်ကွက်များသို့လည်း သွားရောက်ကာ ပညာပေးဟောပြောသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အမှိုက်နှင့်ပတ်သက်၍ ပညာပေးမှု […]