မလေးရှားပို့မည့် သစ်တန်ခြောက်ဆယ်နီးပါး တင်ဆောင်ထားသည့် လှေတစ်စီး ဖမ်းမိ
diz_admin
February 17, 2020မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ ပို့ ဆောင်မည့် ပိတောက်အမျိုးအစား သစ်တန်ခြောက်ဆယ်ခန့်တင်ဆောင်ထားသည့် လှေတစ်စီးကို မြန်မာ-အိန္ဒိယ နယ်နိမိတ်မျဉ်းမှ ငါးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါလှေပေါ်တွင် လှေပဲ့နင်း အပါအဝင် လှေသား ၇ ဦးကို ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်မတော်စစ်ရေ ယာဉ်က ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ လှေပေါ်ပါသူများကို စစ်မေးရာ အဆိုပါသစ်များကို ကော့သောင်းမြို့တွင် သစ်တောရုံးချုပ်၏ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူထားပြီး အဆိုပါသစ်များကို ကော့သောင်းမြို့မှ ဧရာ၀တီတိုင်း မြောင်းမြမြို့သို့ သယ်ဆောင်ခွင့်မျှောစာ ဖြင့် သယ်ဆောင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မြောင်းမြမြို့သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ဆင်ကျွန်းနှင့် လငန်းကျွန်းအကြားရေပြင်သို့ရောက်ရှိချိန်တွင် လှေပိုင်ရှင်ဖြစ်သူက ပီနန်မြို့သို့ ပို့ဆောင် ရန် […]


