ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အရှုံးပေါ်သဖြင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား

diz_admin

September 21, 2021

လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ကမ်းနီးငါးဖမ်းလှေငယ်အချို့ ရပ်နားထားရကြောင်း ကာယကံရှင်များ ထံမှသိရသည်။ ကမ်းနီးလှေငယ်များအနေဖြင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ငါးဈေးကျဆင်းခြင်း၊ လှေထွက်စရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် အရှုံးပေါ်ကာ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် ရပ်နားထားရကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ကပြောသည်။ ထားဝယ်ခရိုင်တွင် ကမ်းဝေးလှေများက ကမ်းနီးငါးဖမ်းကွက်များတွင် တရားမဝင် ငါးဝင်ဆွဲသဖြင့် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ မကြာခဏ ပျက်စီးသဖြင့် ကမ်းနီးငါးဖမ်းလုပ်သားများ ညည်းတွားလျက်ရှိသည်။ “(စက်သုံးဆီ) ဆီစရိတ်၊ စားစရိတ်တွေက ဈေးတက်ပြီး ငါးဈေးကထက်ဝက်ကျတယ်။ ငါးကလည်းအရင်လို မရတော့ဘူး ရပ်တဲ့လှေတွေလည်းရပ်ကုန်ကြပြီ”ဟု မြိတ်မြို့မှ ကမ်းနီး ငါးဖမ်းလှေလုပ်ကိုင်သူ ဦးမြင့်လွင်ကပြောသည်။ ယင်းသို့ အရှုံးပေါ်နေသည့်အတွက် အချို့လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ရပ်နားကာ လှေရောင်းချသူ များပြားလာနေကြောင်း မြိတ်မြို့မှ ကမ်းနီးငါးဖမ်းလှေလုပ်ငန်းရှင် ကိုထွန်းထွန်းနောင် ကပြောပြသည်။ “ရှုံးတဲ့လှေကရှုံး၊ ကျန်တဲ့လှေလည်း နည်းနည်းပါးပါးကျန်၊ […]

ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်း ကုလသမဂ္ဂ လာလှူ

diz_admin

September 21, 2021

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာလှူခဲ့ကြောင်း ထားဝယ်ဒေသ ကိုဗစ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ UNHCR မှ နှာခေါင်စည်းမျိုးစုံ ၊ လက်အိတ်မျိုးစုံ၊ လက်ဆေးရည်၊ PPE ဝတ်စုံ၊ ဖိနပ်၊ ပိုးသတ်ဆေး အစရှိသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို စက်တင်ဘာလ ၂၀ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း အထောက်အကူပြုအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လက်အိတ်ဆိုရင် အလောင်းတွေအတွက် သုံးတဲ့လက်အိတ်တွေပါတယ်၊ ဆေးခန်းတွေမှာသုံးတဲ့လက်အိတ်တွေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ပစ္စည်းများကို ထားဝယ်ဒေသရှိ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများနှင့် ပရဟိတ အဖွဲ့အစည်းများထံ မကြာမီရက်ပိုင်းအတွင်း ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းအတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။

ထားဝယ်အောက်ဆီဂျင်စက်ရုံ မနက်ဖြန် ပြန်လည်ပတ်မည် ဟုဆို

diz_admin

September 21, 2021

ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ရုံအား မနက်ဖြန်ပြန်လည် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း ယင်းစက်ရုံတွင် ဦးဆောင်ပြီး ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။ တိုင်းစစ်ကောင်စီ၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် အဆိုပါ အောက်ဆီဂျင်စက်အား မွမ်းမံပြင်ဆင်နိုင်ရန် ပြီးခဲ့သည့်အပတ်က ယာယီရပ်နားထားရာမှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ယင်းအမျိုးသားက ဆိုသည်။ ယခင်က အဆိုပါအောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် ၄၀ လီတာအောက်ဆီဂျင်အိုး ၁၆၅ လုံးခန့်ထုတ်လုပ်နေရာမှ စက်ပိုင်းဆိုင်ရာ မွမ်းမံမှုအချို့ လုပ်ဆောင်နိုင်ရန် ယင်းကဲ့သို့ ယာယီရပ်နားထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “လေဖိသိပ်တဲ့ကိရိယာ (ကွန်ဖရက်ဆာ)ကို ပြန်ပြုပြင်ပေးရတာ၊ ပိုပြီးအထွက်များလာအောင်လုပ်တာ။ မူလထွက်နေတဲ့ ကွန်ဖရက်ဆာထက် နည်းနည်းကောင်းတဲ့ဟာကို ပြန်လဲတဲ့သဘောရှိတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။ လက်ရှိ ပြုပြင်နေဆဲကာလတွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် မြိတ်မြို့ရှိ အောက်ဆီဂျင်စက်ရုံတွင် သွားရောက်ဖြည့်တင်းပြီး […]

လောင်းလုံး ကမြောကင်း အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ ဗုံးပေါက်၊ ကလေးတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

diz_admin

September 21, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ကျေးရွာရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိစု ဒဏ်ရာရကာ တူမဖြစ်သူ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ သောကြာပြင်ကျေးရွာမှာ ထားဝယ်-မောင်းမကန်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့မှ သုံးမိုင်ကျော် ကွာဝေးသည်။ သောကြာပြင်ကျေးရွာ ဆင်ဘုရားရပ်ရှိ နေအိမ်တွင် နံနက် ခြောက်နာရီဝန်းကျင်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုအသံကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များပင်တုန်ခါသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ကြမ်း‌တာက တော်တော်ကြမ်းတယ်။ ကျွန်မတောင် […]

ဥတ္တူရွာတွင် ရုတ်တရက်ရေးကြီး၊ နေအိမ်ထဲ ရေဝင်

diz_admin

September 20, 2021

သရက်ချောင်းမြို့နယ် ဥတ္တူရွာတွင် ယနေ့ည ၈ နာရီဝန်းကျင်မှစပြီး ထူးထူးခြားခြား ရုတ်တရက်ရေကြီးလာသဖြင့် နေ‌အိမ်တွေထဲ ရေဝင်နေကြောင်း သိရသည်။ ည ၁၁ နာရီအချိန်အထိ ရေတဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး လယ်နှင့်နီးသည့်နေအိမ်များ ညတွင်းချင်း ရေလွတ်ရာပြောင်းရွေ့နေရကြောင်း ယင်းရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရေက အရင်ကလည်းကြီးဖူးပါတယ်။ ဒါပေမယ့် အခုလို ရေကြီးတဲ့ပုံစံမျိုးတော့ တခါမှကို ကျွန်မတို့ရွာမှာ မကြုံဖူးဘူး” ဟု ၎င်းက ပြောသည်။ ရေစကြီးလာသည့်အချိန်က မိုးဖွဲဖွဲသာရွာနေရာမှာ ယခုအခါ မိုးပိုသည်းလာသဖြင့် ရေထပ်တက်နိုင်ခြေရှိကြောင်း ဆိုသည်။ ရေမြင့်ခန့်မှန်း လေးပေမှ ငါးပေအထိ မြင့်တက်နေသည့် နေရာများရှိနေပြီး အထူးသဖြင့် လယ်နှင့်နီးသည့် နေရာများတွင် ယင်းကဲ့သို့မြင့်တက်နေသည်ဟုဆိုသည်။ ဖြစ်နိုင်ပါက လယ်အနီးနားနေသူများကို ညတွင်းချင်း ရေလွတ်ရာနေရာသို့ပြောင်းရွှေ့ပေးရန် လိုအပ်နေကြောင်း ဆိုသည်။ မကြုံစဖူး ယင်းကဲ့သို့ ရုတ်တရက်ရေမြင့်တက်လာသဖြင့် […]

ထားဝယ်မြို့ပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

September 20, 2021

ဒလံဟု လူသိများသူ အမျိုးသမီးတစ်ဦး စက်တင်ဘာ ၂၀ ရက် ယနေ့ ညနေ ၄ နာရီ ဆယ့်ငါးမိနစ်ခန့်က ထားဝယ်မြို့လယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးကို အမည်မသိအဖွဲ့က ထားဝယ်မြို့၊ ရွှေတောင်စားစေတီအနီးရှိ မလိငပိလက်ဆောင်ပစ္စည်းအရောင်းဆိုင်အနီးတွင် သေနတ်နှင့် ပစ်သတ်သွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ဘယ်သူတွေပစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး၊ ရဲကားတွေရောက်လာတော့ ကျွန်တော်တို့လဲ တခြားနေရာကိုထွက်လာလိုက်ရတယ်၊ သူတစ်ယောက်တည်းမဟုတ်ဘူး၊ အဖော်တစ်ယောက်ပါသေးတယ်၊ တယောက်ကတော့ နေရာတင် ပွဲချင်းပြီး သေသွားတယ်၊ တယောက်ကတော့ ဒဏ်ရ ရတယ်ပြောတယ်” ဟု ဖြစ်စဉ် ဖြစ်ပွားရာ နေရာ အနီးနေထိုင်သူ အမျိုးသားတစ်ဦးကဆိုသည်။ သေဆုံးသူမှာ ဒေါ်စန်းဝေဆိုသူ ဖြစ်ပြီး ထားဝယ်မြို့၊ ဘုံမ္မော်ရပ်ကွက် ၄ လမ်းတွင်နေထိုင်သူဖြစ်ပြီး အသက် ငါးဆယ်နီးပါးခန့်ရှိပြီဖြစ်ကြောင်း […]

မြိတ်တွင် လက်လုပ်မုန့်ရောင်းသူများအား ဆန်အိတ်ငယ် တစ်ထောင်လှူ

diz_admin

September 20, 2021

မြိတ်တွင် လက်လုပ်မုန့်ရောင်းချနေသူ များအား ငါးပြည်ဝင် ဆန်အိတ်ငယ် တစ်ထောင်ပေးလှူခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၉ ရက်နေ့က လက်လုပ်မုန့်ရောင်းချသူ လူဉီးရေတစ်ထောင်အား ဆန်နွဲ့၊ ဆန်ကြမ်းနှင့် ကောက်ညှင်းအပါအဝင် လူတစ်ဦးလျှင် ငါးပြည်ဝင် တစ်အိတ်နှုန်း ပေးလှူခဲ့ကြောင်း မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေးမှ အလှူရှင် ကိုသန်းဇော်မျိုး ကပြောသည်။ ကပ်ဘေးကာလအတွင်း လက်လုပ်မုန့်ရောင်းချသည့် လူတန်းစားအချို့သည် အရင်းအနှီးမဲ့နေသည့် အခြေအနေနှင့် ကြုံနေရသဖြင့် “မတည်”လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “နေ့ပြန်တိုးချေးပြီးတော့ မုန့်လုပ်ရောင်းနေကြရတယ်။ အဲဒီသူတွေရဲ့ဘဝတွေ အဆင်ပြေပါစေဆိုပြီး လှူခဲ့တာပါ”ဟု ၎င်းကပြောသည်။ ဆန်လာရောက်အလှူခံသူများအနေဖြင့် ရပ်ကွက်အတွင်း လက်လုပ်မုန့်ရောင်းချနေကြောင်း ရာအိမ်မှူး ထောက်ခံစာ ဖြင့်လာရောက်ယူခဲ့ကြသည်ဟု အလှူရှင်ကပြောပြသည်။ မြိတ်မြို့ကမ်းနားလမ်းတွင် နံနက် ၈ နာရီမှစတင်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ပလတွင် ဆယ်ကျော်သက် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

diz_admin

September 20, 2021

မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့က မွန်းလွဲပိုင်းအချိန်က ဆယ်ကျော်သက် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ပလမြို့ခံတစ်ချို့ထံမှ သိရသည်။ ပလမြို့နေ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦးအား အဖမ်းဆီးပြီးနောက် ယင်းလူငယ်မှ တစ်ဆင့် အခြားလူငယ်တစ်ဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း ပလမြို့နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။ “ပထမတစ်ယောက်ကို လမ်းကနေဖမ်းခဲ့တာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အမှတ် ၄ ရပ်ကွက် အောင်သစ္စာလမ်းထိပ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လမ်းမကြီးတွင် စစ်တပ်ယာဉ်နှစ်စီး ရပ်နားထားသည်ကို တွေ့ရှိရကြောင်း အမျိုးသမီးက ပြောပြသည်။ ထို့ပြင် အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး နေအိမ်အား ဝင်ရောက်ရှာဖွေသွားခဲ့ကြောင်း သိရသည်။ အဆိုပါ […]