ခေတ်သစ် ထားဝယ်ရိုးရာ ဝါဆိုကန်တော့ အခင်းအကျင်း
diz_admin
July 23, 2021ဝါဆိုလဆန်း ၁၄ ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ ထားဝယ်ရိုးရာ ဝါဆိုကန်တော့တဲ့နေ့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဝါဝင်တော့မယ့်အချိန်မှာ လူကြီးမိဘတွေ၊ ဆရာသမားတွေကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။ မိမိထက် အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ရာထူးကြီးသူ၊ ဘိုးဘွား၊ မိဘ၊ ဆွေမျိုးသားချင်းတွေကို ဖယောင်းတိုင်၊ အမွှေးတိုင်၊ အဝတ်ထည်၊ မုန့် စတာတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။ ကိုဗစ်ဖြစ်နေတဲ့ ဒီအချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းတွေကိုပါ ထည့်သွင်းကန်တော့လာကြတာကို တွေ့လာရပါတယ်။ အရင်နှစ်တွေက ဝါဆိုကန်တော့တဲ့ နေ့ဆိုရင် ထားဝယ်ဒေသက လမ်းတွေပေါ်မှာ အဝတ်အစားလှလှပပ ဝတ်ပြီး သွားနေကြသူတွေက အများကြီးတွေ့ရမှာပါ။ ဒီနှစ်မှာတော့ မြို့ပေါ်မှာရော ရွာတွေဘက်မှာပါ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့်မို့ ဝါဆိုကန်တော့ သွားတဲ့သူတွေ သိသိသာသာ နည်းပါးနေတာကို တွေ့ရပါတယ်။ ကူးစက်မှုများပြားနေတဲ့ ကိုဗစ်ရောဂါကြောင့်ရော သွားရေး […]


