ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောတောင်နယ်စပ်တွင် နှာခေါင်းစည်း တစ်သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီး

diz_admin

July 24, 2021

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ်ဂိတ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က နှာခေါင်းစည်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ်တွင် သစ်သီးများသယ်ဆောင်လာသည့် တိုရိုတာဟိုင်းလတ် အမျိုးအစား မော်တော်ယာဉ်တစ်စီး၏ သစ်သီးများအောက်ဘက်တွင် စက္ကူကြုပ်တို့ဖြင့် ထုတ်ပိုးထားသည့် နှာခေါင်းစည်းတို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပရာကျွတ်ခီရီခန်မှလာသော သတင်းများအရ သိရသည်။ ထိုသို့ နှာခေါင်းစည်းသယ်ခြင်းမှာ တရားမဝင်ဟုဆိုကာ ထိုင်းဘက်မှ ဖမ်းဆီးခြင်း ဖြစ်သည်။ “မျက်နှာစည်းတွေက ထိုင်းဂိတ်မှာပဲ ဖမ်းမိတာ အမှန်ပါပဲ” ဟု မြိတ်-ပရာကျွတ် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုင်းဘက်မှ မြန်မာဘက်သို့ သယ်ယူမည့် နှာခေါင်းစည်းတို့အား ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်ပေါ်တွင် KF94 တံဆိပ်နှင့် […]

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဆလုံလူမျိုးများ တောင်းဆို

diz_admin

July 24, 2021

မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မော်ကင်း ဆလုံလူမျိုးများက တောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာနေ ဆလုံလူမျိုးများက ဇူလိုင် ၂၃ ရက်ည ၁၁ နာရီခန့်တွင် လမ်းပေါ်ထွက်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ဆလုံလူမျိုးရော ဗမာလူမျိုးပါ ပူးပေါင်းပြီး အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ထားတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော် ခဲ့ကြတာ”ဟု (မော်ကင်း) ဆလုံလူမျိုးအခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က အင်းစိန်အကျဉ်းထောင်နှင့် မန္တလေး အိုးဘိုထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းဆန္ဒထုတ်ဖော်မှု အပေါ် ပင်လယ်ပျော် မော်ကင်းဆလုံလူမျိုးများလည်း အတူရှိကြောင်း ထုတ်ဖော်ခဲ့ကြ သည်။ မကြုံဂလက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဉီးရေ တစ်ထောင်ဝန်းကျင်ရှိပြီး ဆလုံလူမျိုးများနှင့် အခြားလူမျိုးများ […]

ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံး

diz_admin

July 24, 2021

ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၂၃ ရက် တစ်ရက်အတွင်း ကိုဗစ်လူနာ ခြောက်ဦးသေဆုံးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းနေ့ တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၌ ကိုဗစ်လူနာ ငါးဦး သေဆုံးခဲ့ပြီး သရက်ချောင်းမြို့နယ်တွင် ၁ ဦးသေဆုံးခဲ့သည်ဟု အထက်ပါဌာနက ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင်လ ၁ ရက်မှ ၂၃ ရက်နေ့အထိ(၁၈-၁၉-၂၀ ရက်များမပါဘဲ) ရက် ၂၀ အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၆၅၄ ဦးရှိပြီး သေဆုံးသူမှာ ၁၃ ဦးရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။ ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြင့် (ရောဂါပိုးမစစ်ဘဲ) သေဆုံးမှုများလည်း ရှိနေနိုင်သဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ ရောဂါဖြစ်ပွားမှု ဦးရေနှင့် […]

ထားဝယ်မြို့အတွင်း ၉ ရက်တိတိ ပရိတ်ရွတ်မည်

diz_admin

July 23, 2021

ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ကာ သံဃာတော် ၁၈ ပါးက ၉ ရက်တိတိ ပရိတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လူထူအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်) ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ထားဝယ်မြို့အတွင်းရှိ လမ်းများအတိုင်း လှည့်လည်ရွတ်ဖတ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ညနေ ၃ နာရီမှ ည၇ နာရီခန့်အထိ ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေချိန်တွင် ရောဂါဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အထောက်အကူပြုအဖွဲ့နှင့် မြို့မယဉ်ငေးသာသနာ့ရိပ်သာတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ရောဂါဘေးအန္တရာယ်တွေ ကင်းရှင်းအောင်ပေါ့နော်၊ ဘာသာရေးထုံးတမ်းအစဉ်အလာအရလို့ ပြောရမှာပေါ့”ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ပြောသည်။ ယင်းသို့ ပရိတ်ရွတ်လှည့်လည်ရာတွင် […]

ငါးအထိအမိနည်းသည့်အပြင် ငါးဈေးပါကျ၍ တစ်နိုင်တစ်ပိုင်ငါးဖမ်းလှေရှင်များ အရှုံးပေါ်

diz_admin

July 23, 2021

ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါကျလာသည့်အတွက် ထားဝယ်ဒေသရှိ ဒေသခံငါးဖမ်းလှေငယ်များ အရှုံးပေါ်နေကြကြောင်းရေလုပ်သား အချို့က ညည်းတွားနေကြသည်။ ပြီးခဲ့သည့် ဇွန်လက ငါးဈေးကောင်းခဲ့သော်လည်း ယခုလတွင်မူ ရာသီဥတုအခြေအနေကြောင့် ငါးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါ ကျသွားသည့်အတွက် ဒေသခံငါးဖမ်းလှေအချို့ အရှုံးပေါ်နေသည်ဟု လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ ငါးဖမ်းလှေပိုင်ရှင် ဒေါ်ချိုကဆိုသည်။ ထိုသို့ အရှုံးပေါ်နေသည့်အတွက် ပင်လယ်ပြင်သို့ငါးဖမ်းမထွက်တော့ဘဲ အခြေအနေစောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။ ကမ်းနီးငါးဖမ်းလှေငယ်အချို့မှာ ပျမ်းမျှအားဖြင့် ပင်လယ်ပြင်ငါးဖမ်းရာတွင် ၁၅ ရက်တစ်ကြိမ် ကမ်းသို့ပြန်ဝင်လေ့ရှိသည်။ “တစ်လ သိန်းငါးဆယ်နဲ့အထက်ရမှ ပိုင်ရှင်အတွက် ကျန်တယ်။ အခုက ငါးပုံး လေးငါးပုံးလောက်နဲ့ရှုံးတာပေါ့။ ဒီလတော့ အခြေအနေစောင့်ကြည့်ရင်း (လှေ) တစ်ခေါက် နားလိုက်တယ်”ဟု ဒေါ်ချိုက ပြောသည်။ ပြီးခဲ့သည့်ဇွန်လက လှေတစ်တစ်ခေါက်ဝင် (၁၅ရက်ကြာ) လျှင် ငါး ၁၅ ပုံးခန့် […]

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး

diz_admin

July 23, 2021

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ ခံယူနေသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် နေအိမ်တွင် သေဆုံးသည့် သံသယလူနာ ၅ ဦးတို့ဖြစ်သည်ဟု သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “လူနာသေဆုံးမှုကတော့ နေ့တိုင်းတိုးလာနေတယ်၊ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ် ၁၀ […]

ကိုဗစ်ကပ်ဘေးနဲ့ ဝါဆိုသင်္ကန်း

diz_admin

July 23, 2021

ကိုဗစ်ကပ်ဘေးအကြား ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြိတ်မြို့ရှိ နေရာအချို့တွင် ထူးခြားစွာ မြင်တွေ့ရသည် လူစုလူဝေးမပြုလုပ်ရသဖြင့် သံဃာတော်များသည် မော်တော်ယာဉ်ငယ်ဖြင့် တစ်လမ်းချင်း ဝင်ထွက်ပြီး ဝါဆိုသင်္ကန်းအား ကပ်လှူ အပူဇော်ခံယူကြခြင်း ဖြစ်သည်။

သံဖြူဇရပ်တွင် လိုအပ်သည့် ဆေးဝါးများ အိမ်အရောက် အခမဲ့ကူညီ

diz_admin

July 23, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖျားနာသူများ၊ ဆေးရုံ ဆေးခန်းသွားရန် အဆင်မပြေသူများအတွက် Safe for Sick အစီအစဉ်ဖြင့် လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးလျက်ရှိသည်။ Safe for Sick အစီအစဉ်ကို စေတနာ့ဝန်ထမ်း ဆရာဝန်များ စုပေါင်း ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ Safe for Sick အစီအစဉ်သည် ကိုဗစ်ကာလ ဖျားနာသူများနှင့် ဆေးရုံ ဆေးခန်းသွားရန် အခက်အခဲကြုံတွေ့နေရသူများအတွက် ရည်ရွယ် ကူညီပေးနေခြင်းလည်းဖြစ်သည်။ Safe for Sick မှ ဆရာဝန်များနှင့် Volunteers များက ဖုန်းဖြင့်ဆက်သွယ်လာသူများကို ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပေးပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးနေသည်။ “ဖုန်းနံပါတ်တွေ ပေးထားပါတယ်၊ ဖျားတာပဲဖြစ်ဖြစ် နေမကောင်း တစ်ခုခုဖြစ်ရင် […]