ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် ငှက်သိုက်ရောင်းအား စံချိန်တင်

diz_admin

August 14, 2021

မြိတ်ဒေသ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငှက်သိုက်ရောင်းအားမှာ စံချိန်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ လတ်တလော ကူးစက်မှုနှုန်းမြင့်မားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ကိုယ့်ခံအားကောင်းစေရန် အားဆေးတစ်မျိုးအဖြစ် ငှက်သိုက်အား ဝယ်ယူသောက်သုံးသူများလာသဖြင့် ရောင်းအားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ “ဈေးက နှစ်ဆလောက်တက်သွားတာ၊ ငှက်သိုက်ဈေးကွက်မှာ အရောင်းရဆုံးအချိန်ပဲ” ဟု မြစ်ငယ်ရပ်နေ ငှက်သိုက်အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိ ငှက်သိုက်တစ်ပိဿာလျှင် သိန်းလေးဆယ်ကျော်ခန့်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ငှက်သိုက်‌ပေါင်း တစ်ဗူးလျှင် ၃၅၀၀ ကျပ်မှ ၈၀၀၀ ဝန်းကျင်ခန့်အထိ၊ သန့်စင်ပြီး ငှက်သိုက်ခြောက် တစ်ကျပ်သားလျှင် ၄၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိသည်။ ယင်းအပြင် ငှက်သိုက်အကြမ်း၊ သန့်စင်ပြီး၊ ပေါင်းရည် ပုံစံအမျိုးမျိုးဖြင့် ရောင်းချလေ့ရှိကြကြောင်း သိရသည်။ မြိတ်တွင် သဘာဝငှက်သိုက်နှင့် ငှက်အော်သံစနစ်ပါသည့် နည်းပညာအသုံးပြုပြီး စီးပွားဖြစ်မွေးမြူလေ့ရှိကြသည်။

ထားဝယ်တွင် အောက်ဆီဂျင်အိုး စရောင်း

diz_admin

August 14, 2021

ထားဝယ်ဈေးကွက်တွင် ထိုင်း၊ တရုတ်နှင့် ရန်ကုန်မြို့မှဝင်လာသည့် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) များ စတင် ရောင်းချနေကြပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးတစ်လုံးလျှင် ကျပ်ငါးသိန်းကျော်၊ ၁၅ လီတာအိုးတစ်လုံးလျှင် ကျပ်သုံးသိန်းကျော် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) ဆယ်လီတာ တစ်လုံးလျှင် ကျပ် ၁၄ သိန်းကျော်၊ ၇ လီတာ တစ်လုံးလျှင် ၁၃ သိန်းကျော် စသည်ဖြင့် ဈေးအမျိုးမျိုးရှိသည်။ ယင်းဈေးနူန်းများသည် ရောင်းသူဘက်မှ အမြတ်မယူဘဲ ရောင်းချပေးသည့် နူန်းထားများဖြစ်ကြောင်း ပြောဆိုကြသည်။ ထားဝယ်ဈေးကွက်ထဲတွင် ၄၀ လီတာအောက်ဆီဂျင်အိုး မှာယူသူပိုများကြောင်း အောက်ဆီဂျင်အိုးရောင်းချနေသူ မသီရိတိုးတိုးက ပြောသည်။ “မှာတဲ့သူတွေက တော်တော်များတယ်။ ဘယ်အိုးပေးပါဆိုပြီးတော့ မှာတာတော့မရှိဘူး။ […]

ပုလောတွင် ဗုံးပေါက်ကွဲ

diz_admin

August 12, 2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၀ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ “ဗုံးကွဲတာက နှစ်နေရာပေါ့ သုံးလုံးကွဲတယ် အသံကအကျယ်ကြီးပဲ။ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်ကအိမ်တစ်လုံးမှာ ပေါက်ကွဲခဲ့တာ”ဟု ဒေသခံရွာသားတစ်ဉီးကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့်နေအိမ်တစ်လုံးပျက်စီးကာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရွာသားကပြောပြသည်။ အဆိုပါဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသော်လည်း ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပဝတ်ကုန်းရွာသားတစ်ဦးအား ရဲနှင့်စစ်သားများမှ လာရောက်ခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်းတွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ခဲ့ဖူးပြီး ယခုအခါ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ရွာသားများထံမှသိရသည်။ ပဝတ်ကုန်းကျေးရွာသည် ထားဝယ်-မြိတ် လမ်းပေါ်တွင် […]

ကိုဗစ်ကြောင့် တိုတယ်ကုမ္ပဏီဝန်ထမ်း ဆုံးပါးမှု ဝေဖန်သဖြင့် အလုပ်ထုတ်ခံရ

diz_admin

August 11, 2021

တိုတယ် ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးရာတွင် ကုမ္ပဏီ အနေနှင့် တာဝန်ယူမှု ပျက်ကွက်သည်ဟု ဝေဖန်ခဲ့သော လုံခြုံရေးအရာရှိ ဝန်ထမ်းကို အလုပ်မှ ထုတ်ပယ်လိုက်သည်။ ကုမ္ပဏီ၏ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်သည်ဟုဆိုကာ တနင်္သာရီတိုင်း ကံပေါက်ဒေသတွင် အခြေစိုက်ပြီး ကမ်းလွန်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ထုတ်ယူနေသည့် တိုတယ်ကုမ္ပဏီတွင် လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်နေသူ မထားရည်မွန်အား အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။ တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအောင်မိုးမြင့်မှာ ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြောဆိုခဲ့သည်။ တိုတယ်ဝန်ထမ်းဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ရောဂါကူးစက်ခံရပြီး လူနာစင်တာတွင်ရှိနေချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီအနေဖြင့် တာဝန်ယူမှုပျက်ကွက်ခဲ့သည်ဟု မထားရည်မွန်က လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “တိုတယ်(ကုမ္ပဏီ)ဘက်က အမြဲတမ်းပြောနေတဲ့စကားက Safety […]

လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

diz_admin

August 9, 2021

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက်က အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံး‌သွားကြောင်း ဒေသခံများထံမှ သိရသည်။ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူမှာ အင်းဇောက်ရွာသား ဦးသိန်းလွင်ဖြစ်ပြီး နေအိမ်တွင်စက်သုံးဆီဆိုင်ဖွင့်ထားကြောင်း သိရသည်။ ယနေ့နံနက် ၅ နာရီကျော်တွင် သေနတ်ပစ်သံကြားရသည့်အတွက် ထွက်ကြည့်ရာ ဆီဆိုင်အတွင်း လဲနေသည်ကို တွေ့ရကြောင်း အိမ်နီးချင်းအချို့က ဆိုသည်။ “ဆိုင်ကယ်ဆီဖြည့်ဟန်ဆောင်ပြီး ပစ်သတ်သွားတာဖြစ်နိုင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။ ဦးသိန်းလွင်သည် ကျေးရွာ နာရေးကူညီမှုအသင်းကို ကနဦးတည်ထောင်ခဲ့စဉ်က ဦးဆောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ လက်ရှိတွင်လည်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ၎င်းရွာရှိ စေတနာ့ဝန်ထမ်းအဖွဲ့တွင် ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။ လက်ရှိတွင် ဦးသိန်းလွင်၏ ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီးသို့ […]

ယခုလလယ်မှစပြီး တစ်ရက် အောက်ဆီဂျင်အလုံးရေ နှစ်ရာအထိ ထားဝယ်တွင် စထုတ်မည် ဟုဆို

diz_admin

August 9, 2021

ထားဝယ်မြို့တွင် သြဂုတ်လ လယ်ပိုင်းမှစကာ တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံးရေ နှစ်ရာဝန်းကျင်အထိ စထုတ်နိုင်တော့ မည်ဖြစ်ကြောင်း တပ်ကောင်စီ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံမှ သိရသည်။ တပ်ကောင်စီ၏ တိုင်းအစိုးရအစီအစဉ်ဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ ယခုလ ၁၂ ရက်နေ့ခန့်တွင် ထားဝယ်သို့ ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက် ရောက်ရှိလာပါက တိုင်းလွှတ်တော်ရုံးအနောက်ဘက် တွင် ထားရှိမည်ဖြစ်ပြီး လက်ရှိတွင် အဆောက်အအုံဆောက်လုပ်နေပြီဖြစ်ကြောင်း တပ်ကောင်စီ ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆိုသည်။ အဆိုပါစက်မှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၈၀လုံးနှင့် ၂၀၀ အကြားထုတ်လုပ်နိုင်မည်ဖြစ်ပြီး သြဂုတ်လလယ်ပိုင်းတွင် စထုတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ထားဝယ်မြို့ရှိ အာယုဒါနအဖွဲ့ပိုင် အောက်ဆီဂျင်စက်တစ်လုံးရှိပြီး တစ်ရက်လျှင် ၄၀ […]

တနင်္သာရီတိုင်းနေ လူသုံးသောင်းအား ကိုယ်ခံစွမ်းအားမြင့်စေသည့် ဗီတာမင် D3 တိုက်မည်

diz_admin

August 7, 2021

ကိုယ်ခံစွမ်းအားမြင့်တက်စေသည့် ဗီတာမင် D3 အား တနင်္သာရီတိုင်းနေ လူဦးရေသုံးသောင်းအား တိုက်ကျွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုက်ကျွေးမည့် ဗီတာမင် D3 ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးအသင်းချုပ်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထားဝယ်ဒေသ၌ သြဂုတ်လ ၆ ရက်နေ့တွင် စတင်တိုက်ကျွေးမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် တိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဝင်တစ်ဦးက ဆိုသည်။ သြဂုတ်လ ၆ ရက်နေ့တွင် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးတွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်းကာ အခမဲ့တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တစ်ခါသုံးခွက်နဲ့ လူတစ်ယောက် ခွက်တစ်လုံးထည့်ပြီးတော့ တစ်ခါတည်း တိုက်မယ်ခင်ဗျား” ဟု အထက်ပါ အသင်းဝင်က ဆိုသည်။ ယင်းအပြင် ရဟန်း၊ သီလရှင် စာသင်တိုက်များတွင်လည်း တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗီတာမင်D3 မှာ လူတစ်ယောက်အတွက် […]

တစ်ရက် အောက်ဆီဂျင်အိုးအလုံး နှစ်ရာခန့် ထုတ်နိုင်မည့်စက် ထားဝယ်သို့ မကြာမီရောက်မည်

diz_admin

August 7, 2021

တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံးနှစ်ရာ ထုတ်လုပ်နိုင်မည့်စက်တစ်လုံး မကြာမီ ထားဝယ်မြို့သို့ရောက်လာမည် ဖြစ်ကြောင်း ခရိုင်အုပ်ရေးမှူးနှင့် တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုင်းဒေသကြီး ကိုဗစ်ကော်မတီစီစဉ်မှုဖြင့် ရောက်ရှိလာမည့် အဆိုပါ အောက်ဆီဂျင်စက်မှာ တစ်ရက်လျှင် ၄၀ လီတာအိုးအလုံး ၂၀၀ မှ ၂၅၀ အကြား ထွက်နိုင်မည်ဖြစ်ပြီး လာမည့် ငါးရက်ခန့်တွင် ထားဝယ်သို့ရောက်လာမည် ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ဆိုသည်။ “အလုံး နှစ်ရာ၊ နှစ်ရာ့ငါးဆယ်လောက်တော့ထွက်မယ်လို့ အကြမ်းဖျင်းသိရတာပဲ၊ အသေးစိတ်တော့ မသိရသေးဘူး”ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ စက်ရုံမှ ထွက်လာမည့် အောက်ဆီဂျင်အား မည်ကဲ့သို့ ဖြန့်ဝေသွားမည်ကိုမူ မသိရသေးပေ။ အဆိုပါအောက်ဆီဂျင်စက်ကို ရွှေဝယ်သီရိအားကစားကွင်းအနီးတွင် ထားရှိရန်အတွက် တိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းက အဆောက်အအုံလှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။ အဆောက်အအုံကို […]