BREAKING
June 15, 2025

သတင်း

တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန် ဗိုင်းရပ်စ် စတင်စစ်ဆေး

diz_admin

February 5, 2020

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ် နေသည့် တနင်္သာရီတိုင်း၏ နယ်စပ်ဝင် ပေါက်များတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက် လူနာ ဝင်ရောက်မှု ရှိ/မရှိကို စတင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ဝင်ပေါက် သုံးခုရှိ သည်။ ကော့သောင်းနယ်စပ်တွင် ဇန်နဝါရီ ၂၆ ရက်တွင် စတင်စစ်ဆေးပြီး မောတောင် နှင့် ထီးခီးနယ်စပ်တွင်မူ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်စစ် ဆေးနေ ကြောင်း အထက်ပါ ဌာနထံမှ သိရ သည်။ ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ဇန်နဝါရီ ၃၁ ရက်နေ့နောက်ဆုံးစာရင်းအရ ၁၉ ဦး အထိရှိလာပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် […]

တိုင်းအစိုးရ တည်ဆောက်ရေးလုပ်ငန်း အချို့ တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်းနှင့်မညီ

diz_admin

February 5, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့က တည်ဆောက်ရေးလုပ်ငန်းအချို့ ကို တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်း နှင့်မညီဘဲ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း တိုင်းဒေသကြီး စာရင်း စစ်ချုပ်က တိုင်းလွှတ်တော်သို့ အစီရင်ခံ လာသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပ သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး တွင် တင်ပြလာခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိ ၆ လအတွင်း တိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သည့် “ဘဏ္ဍာရေး စည်းမျဉ်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရ မည့် လုပ်ငန်းလမ်းညွှန်ချက်များ၊ တင်ဒါ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် စစ်ဆေးတွေ့ရှိချက်များ”ကို အစီရင်ခံလာခြင်း ဖြစ်သည်။ ယင်းကာလမှာ လက်ရှိတွင် အဂတိ အမှု ၄ […]

ကြာဦးမည့် ထားဝယ်စီမံကိန်း

diz_admin

February 5, 2020

စီမံကိန်း ကြားနာပွဲမှ ကောက်နုတ်ဖော်ပြချက် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော ပြည်သူ့ကြားနာပွဲ တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ထားဝယ်မြို့၌ ကျင်းပခဲ့ သည်။ ယင်းပွဲမှ အချက်အချို့ကို တနင်္သာရီ အပတ်စဉ် စာဖတ်ပရိသတ်များ အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ထားဝယ်စီမံကိန်း ကြန့်ကြာရသည့် အကြောင်း ၂၀၀၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးကာ စတင်အကောင်အထည် ဖော်ခဲ့သော ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ရပ်နား ခဲ့သည်။ ထိုနောက် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတို့ အကောင်အထည်ဖော်သော စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ကြန့်ကြာလျက် ရှိသည်။ စီမံကိန်းကြန့်ကြာရခြင်းအကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ […]

ထားဝယ် နာရီစင်ဒီဇိုင်း အကြံပြုချက်တောင်း

diz_admin

January 30, 2020

ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ထားဝယ်မြို့၊ ရှမ္မလည်ဆွဲလမ်းဆုံတွင် နာရီစင်တည် ဆောက်ရန် ဒီဇိုင်းပုံစံလေးမျိုးကို ထုတ်ပြန်ပြီး ပြည်သူများ၏ အကြံပြုချက်ကို တောင်းခံလိုက်သည်။ ယင်းနာရီစင်ကို ရှမ္မလည်ဆွဲ ဆီဆိုင်အရှေ့ရှိ ပန်းခြံတွင် တည်ဆောက်ရန် လျာထားပြီး ဒီဇိုင်းအနေအထားအပေါ် ပြည်သူများ၏ အကြံပြုချက်တောင်းခံ ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။ “ပုံစံလေးမျိုးရှိတာပေါ့။ အဲဒါ အဆိုပြုချက်ပေါ့၊ လိုအပ်တာလေးတွေ ပြည်သူကို အကြံပြုနိုင်တယ်ဆိုပြီး ပေးထားတာပေါ့၊ ပြည်သူရဲ့ အသံကို နားထောင်တာပေါ့၊ အကြံပြုချက်တွေ ယူပြီးတော့ ဒီဇိုင်းတွေပြန်ပြီး ပြန်မွမ်းမံတာ လုပ်မှာပေါ့”ဟု ဦးအောင်ကိုဦးက ပြောသည်။ နာရီစင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ငွေကျပ်သိန်း ၅၅၀ ခန့် အကုန်အကျခံ တည်ဆောက်ရန် လျာထားပြီး စည်ပင်သာယာရေးအဖွဲ့ကပင် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက […]

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း မပါဝင်

diz_admin

January 30, 2020

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းကိုပါ ထည့်သွင်းကျင်းပမည်ဟု စီစဉ်ထားသော်လည်း မထည့်သွင်းတော့ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသမီးဘောလုံးအသင်းတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားများ မရှိခြင်းကြောင့် ပြိုင်ပွဲတွင် အမျိုး သမီးအသင်းကို မထည့်သွင်းရန် ထားဝယ်တက္ကသိုလ်ဘက်မှ ဇန်နဝါရီလ ၂၃ ရက်က အကြောင်းကြားလာကြောင်း အထက်ပါဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ “အမျိုးသမီးကစားသမားတွေက မရှိဘူး။ တစ်သင်းစာကို မပြည့်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါ ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားတွင် တစ်နေ့နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ယင်းပြိုင်ပွဲကို […]

တနင်္သာရီဘောလုံးအသင်း ဗိုလ်ထပ်စွဲနိုင်မလား

diz_admin

January 30, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပသော သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၂၁ နှစ်အောက် တနင်္သာရီအမျိုးသားအသင်းသည် တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲဝင်ရန်အတွက် နေပြည်တော်ကို ဇန်နဝါရီလ ၂၃ ရက်က ထွက်ခွာသွားပြီ ဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူကာ ဆယ်စုနှစ်တစ်ခုစာခန့် ဝေးကွာနေသည့် ဆုဖလားကို ပထမဆုံး ရယူပေးနိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ တနင်္သာရီတိုင်း နောက်ဆုံးရရှိခဲ့ စသည့် ဆုဖလားမှာ ၂၀၁၁ ခုနှစ်က ကျင်းပသည့် ၅၆ ကြိမ်မြောက် အလွတ်တန်း ဘောလုံးပြိုင်ပွဲမှ ရရှိသည့် တံခွန်စိုက်ဒိုင်း ဆုဖလားဖြစ်သည်။ ယခုနှစ်တွင် ချန်ပီယံဆုကို ကာကွယ် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတို့တွင် ထိပ်တန်းလေးသင်းဝင် အသင်းများဖြစ်သည့် မွန်နှင့် […]

ဝူရှူးပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးအသင်း နှစ်နှစ်ဆက် တံခွန်စိုက်ဒိုင်းဆု ဆွတ်ခူး

diz_admin

January 30, 2020

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဝူရှူးပြိုင်ပွဲအမျိုးအစားတစ်ခု ဖြစ်သည့် ဆန်ဆိုအတိုက်အခိုက် အားကစားနည်းတွင် တနင်္သာရီတိုင်း အမျိုးသမီးအသင်းက တံခွန်စိုက်ဒိုင်းဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း ယင်းအသင်းနည်းပြဖြစ်သူ စောကျော်စိုးမိုးက ပြောသည်။ ယင်းပြိုင်ပွဲကို တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်တစ်ခုရရှိကာ အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုကို ရရှိခဲ့ကြောင်း စောကျော်စိုးမိုးက ပြောသည်။ အားကစားသိပ္ပံကျောင်းများတွင် အထူးလေ့ကျင့်နေသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း ယမန်နှစ်က ရရှိထားသည့် တံခွန်စိုက်ဒိုင်းဆုကို တနင်္သာရီ အမျိုးသမီးအသင်းက ကာကွယ်သွား နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့အသင်းမှာက အားကစားသိပ္ပံတက်နေတဲ့သူတစ်ယောက်မှ မပါဘဲ အပြင်က ကစားသမားတွေနဲ့ ဝင်ပြိုင်ခဲ့တာ။ အဲမှာဘာဖြစ်လဲဆိုတော့ အားကစားသိပ္ပံတက်နေတဲ့သူတွေက နည်းပြနဲ့ အံမဝင်ဘဲဖြစ်နေကြတယ်။ ကျွန်တော်တို့ကတော့ […]

အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်း

diz_admin

January 30, 2020

မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီးရန်ကုန်ရှိ လူငယ်အသက်မွေး သင်တန်းကျောင်းတွင် အခမဲ့သင်ကြားပေးမည့်အခြေခံအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်းလျှောက်ထားနိုင်ပြီ ဖြစ်သည်။ ပရဟိတမောင်နှမများကွန်ရက် အနေနှင့် သင်တန်းအမှတ်စဉ် ၃ကြိမ် မြောက်မှစပြီး မြိတ်ဒေသမှသင်တန်းသားများအား အခမဲ့ပို့ဆောင်နေပြီး သင်တန်းပြီးဆုံးကာ လုပ်ငန်းခွင်အတွင်းဝင်ရောက် လုပ်ကိုင်နေသူများလည်းရှိနေပြီဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် ဦးမင်းလွင်ဦးက ပြောပြသည်။ ယခုအခါ သင်တန်း အမှတ်စဉ် ၉ ရှိပြီ ဖြစ်သည်။ အဆိုပါသင်တန်းတက်ရောက်ကြမည့်ရန်ကုန်မြို့နေသူများအတွက် စားစရိတ်ငြိမ်းနှင့်မြိတ်သူ^သားများအတွက် စားစရိတ်ငြိမ်းနှင့် သင်တန်းကာလအတွင်း နေထိုင်ရန်စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက် မှ မတ်လ၃၁ရက်အထိ ရတ်သတ္တပတ် ၆ ပတ်(တစ်ပတ်လျှင်၅ ရက်)အကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။ မြိတ်မြို့မှ သင်တန်းတက်ရောက် သူများအနေဖြင့် ပရဟိတမောင်နှမများကွန်ရက် ဦးမင်းလွင်ဦးဖုန်း-၀၉၄၅၀၉၉ ၃၅၃၈ ထံသို့ ဖေဖော်ဝါရီလ၁၁ရက် နောက်ဆုံးထားပြီး ဆက်သွယ်လျှောက် […]