ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဖုန်းဆိုင်ဖောက်ခံရ

diz_admin

September 9, 2021

မြိတ်မြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်ဖောက်ထွင်း ခံခဲ့ရပြီး ငွေသားသိန်းခြောက်ဆယ်နှင့် ဖုန်းတစ်ချို့ ယူဆောင်သွားကြောင်း ဖုန်းဆိုင်ပိုင်ရှင် ထံမှသိရသည်။ မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လူကြီးမင်း ဖုန်းအရောင်းဆိုင်အား စက်တင်ဘာ ၇ ရက်နေ့ နံက် ၃ နာရီခွဲခန့်က ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ငွေသား ကျပ် သိန်းခြောက်ဆယ်ကျော်နှင့် ဖုန်းဆယ်လုံးခန့်ကို ဖောက်ထွင်းသူက ယူဆောင်သွားခဲ့ကြောင်း ဆိုင်ပိုင်ရှင် ကိုစိုးမင်း ကပြောသည်။ “လာဖောက်တဲ့သူက တစ်ယောက်တည်းပဲ အသက် ၂၀ ကျော်လောက်လို့ စီစီတီဗွီမှာတွေ့ရတယ်”ဟု ၎င်းကပြောသည်။ဖောက်ထွင်းသူသည် ဖောက်ထွင်းမှုပြုရာ၌ သံချည်သံကွေး အလုပ်သမားများသုံးသည့် ငယ်နိုင် ခေါ် ကိရိယာအားအသုံးပြုခဲ့သည်ကို စီစီတီဗွီ မှတ်တမ်းများအရသိရကြောင်း ဆိုင်ပိုင်ရှင်ကပြောပြသည်။ “စုစုပေါင်းအားလုံး သိန်းတစ်ရာလောက် ပါသွားတယ်”ဟု ၎င်းကပြောသည်။ ဖောက်ထွင်းခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသာ အကြောင်းကြားထားပြီး […]

ထားဝယ်မြို့ပေါ်တွင် ယမန်နေ့က သေနတ်ပစ်

diz_admin

September 9, 2021

ထားဝယ်မြို့၊ ကမ်းနားလမ်းတွင် ယမန်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ လူငယ်များက သေနတ်ခြောက်ပစ်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် စစ်တပ်က VIGO ကားဖြင့် ရောက်ချလာသည်ဟု ဒေသခံအချို့က ပြောသည်။ စစ်တပ် ၎င်းတို့ကို ရှာမတွေ့သဖြင့် ထားဝယ်မြို့ ကမ်းနားလမ်းတွင် ကြောက်လန့်တကြား ထွက်ပြေးသူ ဆိုင်ကယ်စီးလူငယ်အချို့ကို လိုက်လံပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “ကျွန်တော် အနားထိုင်နေတဲ့ လူနှစ်ယောက်လည်း ကြောက်လန့်တကြားနဲ့ ဆိုင်ကယ်စီးပြေးတာ။ အဲဒါကိုလိုက်ပစ်တာ၊ ဆယ်ချက်ကျော်တယ်”ဟု မျက်မြင်တွေ့သူ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာ ၇ ရက်က အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီးနောက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ ဥတ္တံတားကြီးလမ်းဆုံနှင့် မြဝတီဘဏ်အနီးတွင် PDF […]

လောင်းလုံး ကဒက်ငယ်ထိန်တွင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

September 8, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာနေ အမျိုးသားတစ်ဦး စက်တင်ဘာလ ၇ ရက်က အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ် ဦးအေးမြင့်ဆိုသူဖြစ်သည်။ ညနေဘက် နေအိမ်တွင်ရှိနေစဉ် လက်လုပ်တူးမီးသေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ “တူမီးနဲ့လာပစ်သွားတာပါ။ လည်ပင်ထဲကို ကျည်အငယ်လေးခြောက်လုံးဝင်သွားတာ” ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက အတည်ပြုသည်။ အွန်လိုင်းပေါ်တွင်မူ ဒလန်ဦးအေးမြင့် ဂစ်အိုးပေါက်ကွဲသဖြင့် သေဆုံးကြောင်း ရေးသားနေကြသည်။ ဒေသခံအချို့၏ ပြောဆိုချက်အရမူ လက်ရှိရေဖြူကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူနှင့် သေဆုံးသူတို့မှာ ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟုဆိုသည်။ မည်သူတို့က မည်သည့်အကြောင်းကြောင့် လာရောက်ပစ်ခတ်သည်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ သေဆုံးသူ ဦးအေးမြင့်တွင် ဇနီးနှင့် သားနှစ်ဦး၊ သမီးတစ်ဦးရှိပြီး အကြီးဆုံးသားနှင့် သမီးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ်တွင် စားသောက်ကုန်ဈေး ပိုတက်

diz_admin

September 7, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စက်တင်ဘာ ၇ ရက် မနက်ပိုင်းက နိုင်ငံတော်ကိုအရေးပေါ်ကြေညာပြီး တော်လှန်ရန် လှုံ့ဆော်လိုက်ပြီးနောက် ထားဝယ်တွင် စားသောက်ကုန်ဈေးနှုန်းများ ပိုတက်လာကြောင်း ဒေသခံအချို့နှင့် ကုန်စုံဆိုင်ရောင်းချသူအချို့ထံမှ စုံစမ်း သိရှိရသည်။ ထိုင်းဘတ်ငွေဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးများတက်လာသဖြင့် ပြီးခဲ့သည့် နှစ်ပတ်ကတည်းက စားသောက်ကုန်ပစ္စည်းများ ဈေးတရိပ်ရိပ်တက်ရာမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကုန်ဈေးနှုန်းများ ပိုတက်လာကြောင်း ကုန်ပစ္စည်းရောင်းချသူအချို့နှင့် ထားဝယ်ဒေသခံအချို့က ပြောသည်။ စားသောက်ကုန်များတွင် ပြည်တွင်းထွက်သည့် ငရုတ်၊ ကြက်သွန်ဈေးများ မတက်သော်လည်း ထိုင်းဘက်ကတင်သွင်းသည့်ပစ္စည်းများအားလုံး ပစ္စည်းတန်ဖိုး အနည်းအများအလိုက် အမယ်တစ်မျိုးလျှင် ငွေတစ်ရာကျပ်မှ ခြောက်ထောင်၊ ခုနှစ်ထောင်ဂဏန်းထိ ဈေးတက်သည်ဟု ထားဝယ်မြို့၊ ကမ်းနားဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကုန်ပစ္စည်းဈေးတာက ငွေဈေးကြောင့်တက်တာ။ ကျန်တဲ့ဟာတွေတော့ ပုံမှန်ပဲ၊ ယိုးဒယားပစ္စည်းလောက်ပဲ ဈေးတက်တယ်” ဟု […]

မွန်တွင် စားသောက်ကုန် ဝယ်ယူမှု မြင့်တက်

diz_admin

September 7, 2021

မွန်ပြည်နယ်အတွင်း၌လည်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ဆီအစရှိသည့် စားသောက်ကုန်များ စက်တင်ဘာ ၇ ရက်နေ့တွင် ဝယ်ယူမှု သိသိသာသာ မြင့်တက်နေသည်ဟု ဈေးရောင်သူတို့ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် စိုးရိမ်မှုများဖြင့် ပြည်သူလူထုတို့က အခြေခံစားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူလာကြသည်။ “ခါတိုင်းနေ့တွေထက် ဒီနေ့ကတော့ ပိုရောင်းကောင်းနေတယ်၊ နိုင်ငံရေးအခြေအနေကြောင့်လား၊  ဘာလား တော့မသိဘူး၊ ဒါပေမယ့် အာဏာစသိမ်းတုန်းကလို လူတွေ ကြိတ်ကြိတ်တိုး လုဝယ်နေကြတာတော့ မဟုတ်ဘူး” ဟု စားသောက်ကုန်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။ အခြေခံစားသောက်ကုန်များ အဝယ်များလာသည့်အတွက် စားသောက်ကုန်များကို ပုံမှန်ဈေးဖြင့် ဆက်လက်ရောင်းချနေသူများရှိသလို တချို့ကလည်း ဈေးနှုန်တင် ရောင်းချလာနေသည်လည်းရှိနေသည်။ “ဆန်ကတော့ မရှိမဖြစ်ဆိုတော့ ဝယ်ထားတယ် ဈေးထပ်တက်မှာကြောက်လို့ပါ တခြားတော့မဟုတ်ဘူး၊ ဈေးကတော့ […]

မြိတ်တွင် ဈေး အလုအယက်ဝယ်

diz_admin

September 7, 2021

အမျိုးသားညီညွတ်ရေး အစိုးရက အရေးပေါ်ကြေညာလိုက်ပြီးနောက် မြိတ်ရှိဈေးများနှင့် ဆန်ဆိုင်၊ ကုန်ခြောက်ဆိုင်များတွင် အလုအယက် ဝယ်ယူလျက်ရှိသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ကြေငြာခဲ့ပြီးနောက် နံက် ၉ နာရီခန့်မှစတင်ကာ နေ့လယ် ၁၂ နာရီအထိ ဈေးများတွင် တိုးဝှေ့ဝယ်ယူခဲ့ကြကြောင်း မြို့ခံတို့ကဆိုသည်။ “ဒီပစ္စည်းဘယ်ဈေးလည်း မေးတာ ရောင်းသူက ပြန်တောင် မဖြေနိုင်တော့ဘူး” ဟု အသက် ၄၀ ကျော်ရှိ အမျိုးသမီး ကပြောသည်။ တိုးဝှေ့ဝယ်ယူမှုကြောင့် ဆန်နှင့်ဆီအပါအဝင် ခြေခံစားသောက်ကုန်အချို့လည်း အနည်းငယ်ဈေးတက်သွားသည်ဟု ၎င်းကဆိုသည်။ စက်တင်ဘာလဆန်းမှ စပြီး မြိတ်မြို့ပေါ်ရှိလမ်းများတွင် လူအသွားအလာ နည်းပါးနေခဲ့ပြီး ယနေ့နံက်ပိုင်းတွင် အသွားအလာများပြားခဲ့သည်။ 

ထားဝယ်၊ သရက်ချောင်းတွင် တိုက်ပွဲ ဆက်ဖြစ်

diz_admin

September 7, 2021

ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်တပ်တို့ကြား ညနေပိုင်းတွင်  တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်အတွင်းရှိ ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲ၊ သဲချောင်းကြီး၊ အလယ်စု၊ ရေပူစသည့်ကျေးရွာများတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ညနေ ၃ နာရီခန့်တွင်လည်း တောင်ပျောက်နှင့် ကျွဲခြံရွာအကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီခန့်တွင် ဝင်းကဖော်ရွာနှင့် ကျောက်အိုင်ရွာကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ “ညနေ ၃ နာရီမှာတစ်ကြိမ်ဖြစ်တယ်၊ တောင်ပျောက်နဲ့ ကျွဲခြံနဲ့ကြားမှာ၊ ခုနက ည ၇ နာရီကျော်လောက်က ဝင်းကဖော်နဲ့ ကျောက်အိုင်နဲ့ကြားမှာ တိုက်ပွဲတစ်ခုဖြစ်တယ်၊ PDF ဒီဘက်က ပစ်ပြီးနဲ့ ပြန်ဆုတ်တယ်၊ […]

သရက်ချောင်းမြို့နယ်တွင် လူငယ် အချို့ အဖမ်းခံရ

diz_admin

September 7, 2021

ထားဝယ်ဒေသ၊ သရက်ချောင်းမြို့၊ မိုးရွှေကုန်းရွာရှိ စာသင်ကျောင်းတွင် ကိုဗစ်လူနာများကို ကြည့်ရှုပေးနေသော လူငယ်အချို့ ဖမ်းဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်တို့၏ လမ်းပြခေါ်ဆောင်မှုဖြင့် စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက စာသင်ကျောင်းတွင် လူငယ်သုံးဦးကိုလည်းကောင်း၊ ထိုနောက် လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သွားသော လူငယ်တစ်ဦးကိုလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်သား တစ်ဦးထံမှ သိရသည်။ အဆိုပါလူငယ်သုံးဦးမှာ ကိုဗစ် Test Kit စစ်ပေးခြင်း၊ ကိုဗစ်လူနာများကို ကြည့်ရှုပေးခြင်း၊ အရေးပေါ်လူနာများကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးနေသူများဖြစ်ကြောင်း ဒေသခံရွာသားက ပြောသည်။ ယင်းအပြင် သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာနှင့် မိုးရွှေကုန်းရွာရှိ နေအိမ်အချို့ကို အင်အားနှစ်ဆယ်ကျော်ခန့်ရှိ စစ်တပ်က ကျေးရွာအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးသည်ဟု ဒေသခံရွာသားက ဆိုသည်။ အလားတူ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင်လည်း […]