ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

Stay at home ကာလ မီးအိမ်လုပ်ငန်း အခက်တွေ့

diz_admin

October 15, 2021

မြိတ်မြို့အား Stay at home မြို့နယ်အဖြစ် သတ်မှတ်ထားသည့်အတွက် မီးအိမ်လုပ်ငန်းမှာ အခက်အခဲတွေ့နေရကြောင်း သိရသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် အသုံးပြုကြသည့် လက်လုပ်မီးအိမ်(မီးပုံး)မှာ ပြီးခဲ့သည့်နှစ်က ကိုဗစ်ဂယက်ကြောင့် ဈေးကွက်ပျက်လုနီးဖြစ်ခဲ့ရပြီး ယခုနှစ်တွင် Stay at home ကာလနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။ Stay at home ကာလ၌ မိသားစုတစ်စုလျှင် တစ်ဦးသာ အပြင်ကတ်ပြားဖြင့် သွားလာခွင့်ပေးထားသည့်အတွက် မီးအိမ်များ လှည့်လည်ရောင်းချရာတွင် အခက်အခဲတွေ့နေရခြင်းဖြစ်ကြောင်း ဇေယျာသီရိ ၃ ရပ်ကွက်နေ လက်လုပ်မီးအိမ်များ ယက်လုပ်ရောင်းချနေသူ ဒေါ်မြဝင်းက ပြောပြသည်။ “ကတ်ပြားက တပြားပဲရှိတာ” ဟု ဒေါ်မြဝင်းက ပြောသည်။ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချရန်အတွက် ဈေးရောင်းကတ်ပြား ထပ်မံပြုလုပ်ရမည်ဖြစ်ပြီး အစစ်အဆေးများသည့်အတွက် လိုက်လံရောင်းချရန် မဝံ့မရဲဖြစ်နေရကြောင်း ဒေါ်မြဝင်းက ပြောပြသည်။ ယင်းကဲ့သို့ အခက်အခဲများရှိနေသဖြင့် […]

ရေး-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ဗုံးခွဲခံရ

diz_admin

October 15, 2021

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသအခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီနောက် ယာဥ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံတို့က ပြောသည်။ ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့ မွန်လွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က ဗုံးခွဲဖျက်ဆီးခံရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားပေါ်ကြမ်းခင်းတွင် ခြောက်ပေခန့် အပေါက်ဖြစ်သွားသည့် အပြင် တံတားယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။ လက်ရှိတွင် တံတားကြံ့ခိုင်မှုအနေအထားအရ တန်ချိန်များသည့် ယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့လည်း ဒေသခံတို့က ပြောသည်။ “အခုလောလောဆယ်ကတော့ ကားကြီးတွေကို ပေးမဖြတ်တော့ဘူး။ ကားအငယ်တွေကိုလည်း တစ်စီးပြီးမှ တစ်စီး ပေးဖြတ်ခိုင်းနေတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် စစ်တပ်က ရှာဖွေစစ်ဆေးမှုများ […]

ပင်လယ်ကျွန်းပေါ်ရှိ ကျေးရွာတစ်ချို့ လျှပ်စစ်မီးတစ်ယူနစ် တစ်ထောင်ဝန်းကျင်ဖြစ်

diz_admin

October 15, 2021

ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်ရှိ သွားလာခက်ခဲသော ပင်လယ်အတွင်း ကျွန်းများပေါ်ရှိ ကျေးရွာတစ်ချို့တွင် လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်တစ်ထောင်ဝန်းကျင်အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်ရှိ ကြိမ်မဲတောင်ကျေးရွာတွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ်တစ်ထောင် ပေးဆောင်နေရသည်ဟု ကြိမ်မဲတောင်ရွာသူ အသက် ၅၅ နှစ်ရှိ အမျိုးသမီးကပြောသည်။ “အရင်လက ကိုးရာ ခုဒီလမှာ တစ်ထောင်ဖြစ်သွားပြီ”ဟု ၎င်း ကပြောသည်။ အဆိုပါကျေးရွာတွင် အိမ်ခြေသုံးရာကျော်ခန့်ရှိပြီး ဆိုလာဖြင့် မီးသုံးစွဲကြသူများလည်းရှိကြောင်း သိရသည်။ အလားတူ အလယ်မန်ရွာတွင်လည်း ယခင်လက လျှပ်စစ်မီးတစ်ယူနစ် ခုနှစ်ရာကျပ်ကောက်ခံခဲ့ရာမှ ယခုလတွင် တစ်ယူနစ်ကို ရှစ်ရာငါးဆယ်ကျပ်အထိ တိုးမြင့်လိုက်သည်ဟု မီးစက်ပိုင်ရှင် ဦးဘငယ် ကပြောသည်။ “ဆီဈေးကလည်း တစ်အားတက်လာတယ်။ သယ်ယူခစရိတ်ကလည်း ရှိသေးတယ် တစ်ချို့ရွာတွေဆို တစ်ထောင်ဖြစ်နေပြီ” ဟု ၎င်းကပြောသည်။ အလယ်မန်ရွာတွင် အိမ်ခြေရှစ်ရာနီးပါးရှိပြီး ဆိုလာဖြင့် မီးသုံးစွဲကြသူများလည်း […]

မြိတ်တွင် ရေတစ်ယူနစ် ကျပ်နှစ်ထောင်နီးပါးဖြစ်

diz_admin

October 15, 2021

မြိတ်တွင် အိမ်သုံးရေယူနစ်ဈေးနှုန်းတက်သွားပြီး တစ်ယူနစ်လျှင် ကျပ်နှစ်ထောင်နီးပါး ဖြစ်လာကြောင်း မြိတ်ဒေသခံအချို့ ထံမှသိရသည်။ ယခင်က ရေတစ်ယူနှစ်လျှင် ၁၅၀၀ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်ယူနစ်လျှင် ၁၇၀၀ ကျပ် ဖြစ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် စက်သုံးဆီဈေးတက်သည်ဟုဆိုကာ ရေတစ်ယူနစ်လျှင် ၂၀၀ ကျပ် ဈေးတက်သွားကြောင်း မြိတ်မြို့ မြိတ်တောင်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။ “ရေရော မီးရော စားသောက်ကုန်ရော ဈေးမတက်တဲ့အရာ ဘာမှမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။ မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပုဂ္ဂလိလုပ်ငန်းရှင်များက ရေပိုက်လိုင်းများတပ်ဆင်ကာ အခကြေးငွေဖြင့် သောက်သုံးရေဖြန့်ဝေပေးနေသည်။ နေအိမ်များသို့ ပိုက်လိုင်းဖြင့် ပေးဝေနေသည့် ရေဈေးတက်သွားသကဲ့သို့ ရေသယ်ကားဖြင့် ရပ်ကွက်အတွင်း လာရောက်ရောင်းချနေသည့် ရေဈေးနှုန်းလည်း တက်သွားကြောင်း သိရသည်။ “အရင်က ကားနဲ့တစ်အိမ်လုံး […]

နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား သုံးသိန်းကျော်ဈေးကျ၊ ထားဝယ်ဈေးကွက် အရောင်းအဝယ်ပါး

diz_admin

October 14, 2021

အချိန်နှစ်ပတ်ခန့်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သုံးသိန်းကျော် ဈေးကျသွားသော်လည်း ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါးနေဆဲဖြစ်ကြောင်း ရွှေဆိုင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်နှစ်သိန်းကျော်အထိ ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဝန်းကျင်သာ ဈေးရှိခဲ့သည်။ ထိုသို့ ရွှေဈေးကျနေသော်လည်း အရောင်းအဝယ်နည်းပါးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ လက်ရှိရွှေဈေးကျနေချိန်တွင် ငွေကြေးလိုအပ်ချက်များသူအချို့သာ လာရောင်းကြကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအရှေ့ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ရွှေပြန်ရောင်းသူနည်းပါးနေသကဲ့သို့ ဝယ်ယူမည့်သူများလည်း ဈေးထပ်ကျမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ဟုထင်ကြောင်း အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ “အခုက အရောင်းရော အဝယ်ပါ အရမ်းနည်းပါးနေတယ်၊ ဈေးအခြေအနေ စောင့်ကြည့်နေကြတယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။ စည်ပင်သာယာဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကမူ ရွှေဈေးပြန်ကျနေသည့်အတွက် ရောင်းသူထက် ဝယ်သူပိုများနေသည်ဟု ဆိုသည်။ “အရောင်းအဝယ်ရှိတယ်ဆိုပေမယ့် အရင်တုန်းကလိုတော့ လိုတော့ မဟုတ်သေးဘူး”ဟု ယင်းရွှေဆိုင်ပိုင်ရှင်က […]

ထားဝယ်ခရိုင်တွင် ဆယ်ရက်ကြာ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်

diz_admin

October 14, 2021

ထားဝယ်ခရိုင်တွင် ဆယ်ရက်ကြာ လျှပ်စစ်မီးအချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် Petro &Trans ကုမ္ပဏီထံမှ သိရသည်။ မီးသုံးသူများအား အောက်တိုဘာလ ၁၅ ရက်မှ ၂၄ ရက်နေ့အထိ အချိန်ပိုင်းအလှည့်ကျ လျှပ်စစ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။ အထက်ပါရက်များအတွင်း ညနေ ၅ နာရီမှ ည ၈ နာရီအထိ အလှည့်ကျဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ ကုမ္ပဏီက သဘာဝဓာတ်ငွေ့သုံး မီးစက်များဖြင့် လျှပ်စစ်ထုတ်လုပ်နေခြင်းဖြစ်သည်။ ထားဝယ်ခရိုင် လျှပ်စစ်မီးအတွက် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးနေသည့် ဇောတိကဓာတ်ငွေ့ပိုက်လိုင်းအား နှစ်စဉ်ပြုလုပ်နေကြအတိုင်း အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ Gas Full Shutdown လုပ်မည်ဖြစ်သည့်အတွက် အချိန်ပိုင်းမီးပြတ်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးသက်ဇော်အောင်က ဆိုသည်။ ထိုကဲ့သို့ ဓာတ်ငွေ့ပိုက်လိုင်းပိတ်ထားချိန်တွင် ဓာတ်အားခွဲရုံများရှိ […]

တနင်္သာရီတိုင်းရှိ မြို့နယ်သုံးခုမှ နိုင်ငံခြားသားများ ထွက်ခွာရန် တပ်ကောင်စီညွှန်ကြားဟု အမေရိကန်သံရုံးထုတ်ပြန်

diz_admin

October 14, 2021

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်သုံးခုတွင် နေထိုင်သည့် နိုင်ငံခြားသားများ ထွက်ခွာရန် တိုင်းဒေသကြီး တပ်ကောင်စီက ညွှန်ကြားထားကြောင်း အမေရိကန်နိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တွင် နေထိုင်သည့် နိုင်ငံခြားသားများ ထွက်ခွာရန် ညွှန်ကြား ထားကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားအားလုံး၏ လုံခြုံရေး စိုးရိမ်မှုနှင့် အာမခံချက် မရှိတော့သည့်အတွက် ယင်းမြို့နယ်သုံးခုမှ ချက်ချင်းထွက်ခွာကြရန် ဒေသအာဏာပိုင်က အောက်တိုဘာ ၁၁ ရက်တွင် ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထိုကြောင့် နိုင်ငံခြားသားများအားလုံး အန္တရာယ်ကင်းစွာ အမြန်ဆုံးထွက်ခွာရန် အကြံပေးထားပြီး အရေးပေါ်အခြေအနေ ကြုံရပါက သံရုံးအနေဖြင့် အကူအညီပေးရန် အကန့်အသတ်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထားဝယ်ဒေသရှိ နိုင်ငံခြားသားများ ထွက်ခွာရန် […]

တနင်္သာရီတိုင်းမှ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၃၅ သန်းကျော် လျော့ကျ

diz_admin

October 13, 2021

တနင်္သာရီတိုင်းအတွင်းမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၅ သန်းကျော် ကျသွားကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၃၄၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၃၁၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ အထက်ပါ ပမဏမှာ တနင်္သာရီတိုင်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းနှင့် ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ခြင်းလည်း ပါဝင်သည်။ ယင်းကဲ့သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့ကျသွားရခြင်းမှာ ပြီးခဲ့သည့် မေလမှစကာ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ အချိန်စောရပ်နားလိုက်ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကော့သောင်းဒေသတွင် ဝိုင်းကြီးချုပ်(ဝါတန်း) ငါးဖမ်းလှေနှင့် ကင်းမွန်လှေအများဆုံးဖြစ်ပြီး ယင်းလှေများက မေလတွင်အဓိက ငါးဖမ်းဆီးရမိမှုများကြောင်း ၎င်းက ရှင်းပြသည်။ “အဲဒီလမှာပိတ်လိုက်တော့ […]