အမေရိကန်နှင့် တောင်ကိုရီးယားက တာဝေးဒုံးကျည် ရှစ်စင်းပစ်၍ မြောက်ကိုရီးယားကို တန်ပြန်သတိပေး
diz_admin
June 6, 2022မြောက်ကိုရီးယားက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒုံးပျံလက်နက်များ ပစ်ခတ်ပြသည်ကို တန်ပြန်သည့် အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကိုရီးယားကျွန်းဆွယ်တွင် တာဝေးဒုံးကျည် ၈ စင်း ပစ်ခတ်ပြခဲ့ကြောင်း သတင်းများက ဆိုသည်။ မြောက်ကိုရီးယားဘက်မှ ရန်စမှုများကို ခိုင်မာစွာ ပြန်လည်တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယော က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်တွေနဲ့ ပိုင်ဆိုင်မှုတွေအပေါ် အပ်ရာလေးတောင် မထင်အောင် ကျွန်တော်တို့ သေချာဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောကြားသည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များသည် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးသာမက အာရှအရှေ့မြောက်ပိုင်းနှင့် ကမ္ဘာ့အရေးအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်ကြောင်း စစ်ပွဲအမှတ်တရအခမ်းအနားတွင် တောင်ကိုရီးယားသမ္မတက ဆိုသည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပုံမှန် စစ်ရေးပူးတွဲလေ့ကျင့်မှု များ ပြုလုပ်လေ့ရှိရာ မြောက်ကိုရီးယားက […]


