ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

February 1, 2022

ထားဝယ်မြို့ လမ်းများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁) နံနက် ၉ နာရီခွဲတွင် တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု တစ်နှစ်ပြည့်နေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) လုပ်နေကြခြင်း ဖြစ်သည်။

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း ဖမ်းဆီးခံရသည့် မြန်မာလုပ်သား တစ်ထောင်ကျော်ရှိပြီ

diz_admin

January 28, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် ယခုဇန်နဝါရီလအတွင်း ဖမ်းမိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀၃ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ပထမအပတ်အတွင်းက ၁၉၅ ဦး၊ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦး၊ ၂၀ ရက်နေ့တွင် ၂၀၄ ဦး၊ ၂၂ ရက်နေ့တွင် ၁၆ ဦး၊ ၂၄ ရက်နေ့တွင် ၂၂၅ ဦးနှင့် ၂၇ ရက်နေ့တွင် ၁၃၅ ဦးတို့ကို […]

မြိတ်တွင် ကြံဈေး ယမန်နှစ်ထက် ဈေးကောင်းရ

diz_admin

January 26, 2022

မြိတ်မြို့နယ်တစ်ဝိုက်က ထွက်ရှိသည့် ကြံများ ယမန်နှစ်ကထက် ယခုနှစ်တွင် ဈေးပိုရလာကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။ ယမန်နှစ်က (၁၁ ချောင်းပါ) ကြံတစ်စည်းလျှင် ကျပ်သုံးထောင်ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တွင် ကြံတစ်စည်း ကျပ်ရှစ်ထောင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ကြံစိုက်တောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် မြို့ပေါ်တွင် ရောင်းချနေသည့် လဖက်ရည်ဆိုင်၊ အအေးဆိုင်များ ရပ်နား ပိတ်သိမ်းသည်အထိ ဖြစ်ခဲ့ရပြီးနောက် ဈေးကွက်အတွင်း ကြံဝယ်ယူသူနည်းပါးခဲ့ကြောင်း ကြံစိုက် တောင်သူများက ဆိုသည်။ “ကိုဗစ်ဖြစ်လိုက်တော့ ပုံမှန်ဈေးကွက်က ပျက်သွားပြီး ကြံစိုက်သူ တော်တော်များများ အရှုံးပေါ်ကြတယ်။ တချို့ဆို ရန်ကုန်သကြားစက်ရုံအထိ တင်ပို့ပြီး ရောင်းလိုက်ရတယ်။ စရိတ်စကနဲ့ မကိုက်ဘူး” ဟု မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုမှ ကြံစိုက်တောင်သူ ကိုဇော်က ပြောသည်။ ယခုနှစ်တွင် အထက်ပါ လုပ်ငန်းများ ပြန်လည် […]

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား ၂၉ ဦး အဖမ်းခံရ

diz_admin

January 22, 2022

ကော့သောင်း – ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၉ ဦးကို ဖမ်းမိကြောင်း ထိုင်းဘုရင့်ရေတပ်က သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့ဘက်မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ညဘက်တွင် စက်လှေများဖြင့် တရားမဝင် ဝင်ရောက် ကြသဖြင့် ထိုင်းကင်းလှည့်‌ ရေယာဉ်တို့၏ စောင့်ကြည့်ရေဒါမှတစ်ဆင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်ဦး၊ ၁၃ ရက်နေ့တွင် ၁၇ ဦးနှင့်၁၉ ရက်နေ့တွင် ခြောက်ဦး စုစုပေါင်း ၂၉ ဦးတို့အား ဖမ်းမိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် သွားရောက်ရာတွင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှလည်း ဝင်ရောက်လေ့ရှိကြသဖြင့် မကြာခဏ ဖမ်းဆီးခံကြရသည်ကို တွေ့ရသည်။

မြိတ် ငါးလေလံဈေးကြီးစီမံကိန်း စတင်ရန် လအနည်းငယ် ကြာဦးမည်ဟုပြော

diz_admin

January 21, 2022

မြိတ်မြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံဈေးကြီး စီမံကိန်း စတင်နိုင်ရန် ပြင်ဆင်ချိန် တစ်လနှစ်လခန့် အချိန်ယူရမည်ဖြစ်ကြောင်း စီမံကိန်း လုပ်ခွင့်ရရှိထားသည့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမီတက်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ စီမံကိန်းကို စန္ဒဝတ်ကျေးရွာအုပ်စု၌ မြေဧရိယာဧက ၂၀၀၀ ကျော်ပေါ်တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စီမံကိန်းအကောင်အထည်ဖော်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံအောင်ဆောင် ရွက်ပြီးမှသာ ငါးလေလံဈေးအား တည်ဆောက်သွားမည်ဖြစ်ကြောင်း ‌အထက်ပါတာဝန်ရှိသူက ပြောဆို သည်။ “တစ်လ နှစ်လခန့် ကြာဦးမယ်။ စာရွက်စာတမ်းတွေ လုပ်ရဦးမယ်” ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်း၏ တာဝန်ရှိသူက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြောသည်။ အဆိုပါ စီမံကိန်းမှာ ၂၀၂၈ ခုနှစ်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း […]

ထိုင်းတွင် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား လေးရာကျော် အဖမ်းခံရ

diz_admin

January 21, 2022

တနင်္သာရီမြိုနယ် မောတောင်-စင်ခွန်းနယ်စပ်မှတစ်ဆင့် ထိုင်နိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၁၁၈ ဦး၊ ၁၉ ရက်နေ့တွင် ၁၁၀ ဦးနှင့် ၂၀ ရက်နေ့တွင် ၂၀၄ ဦး စုစုပေါင်း ၄၃၂ ဦးတို့အား ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခရိုင်အတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီလ ပထမပတ်ကလည်း ‌၁၉၅ ဦးအား ဖမ်းမိခဲ့ကြောင်း အထက်ပါ ဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ နယ်စပ်တစ်လျှောက်တွင် […]

မြိတ်တွင် ယခုနှစ် စပါးထွက်နှုန်းလျော့သဖြင့် လယ်သမားများအရှုံးပေါ်

diz_admin

January 18, 2022

မြိတ်မြို့နယ်တွင် ယခုနှစ် စပါးအထွက်နှုန်း လျော့ကျပြီး စရိတ်များ ကြီးမြင့်မှုကြောင့် တောင်သူ လယ်သမားများ အရှုံးပေါ်ကြောင်း စပါးစိုက်တောင်သူလယ်သမားများထံမှ သိရသည်။ ဝတ်ပန်းလန်းချိန် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရိတ်သိမ်းချိန်တွင် ပြီးခဲ့သည့် နှစ်ကထက် စပါးလျော့ကျခဲ့ရကြောင်း ၎င်းတို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က စပါးတင်း တစ်ထောင်ထွက်ခဲ့သည့် လယ်မြေမှာ ယခုနှစ်တွင် တင်းရှစ်ရာခန့်သာ ထွက်တော့ကြောင်း မြိတ်မြို့နယ် သစ်ရာဝကျေးရွာမှ လယ်သမား ဦးအေးမင်းက နှိုင်းယှဉ်ပြောသည်။ ၎င်းသည် လယ်ဧက ၃၀ စိုက်ပျိုးထားသူဖြစ်သည်။ “ဆယ့်တစ်လပိုင်း (နိုဝင်ဘာ) နောက်ဆုံးအပတ်အထိ မိုးကရွာလိုက်တာ လယ်သမားတွေ တော်တော် ခံလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။ သစ်ယာဝရွာနည်းတူ မြိတ်မြို့နယ်အတွင်းရှိ တစ်ခြားရွာများတွင်လည်း ယခုနှစ် စပါးလျော့ကျခဲ့ကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။ နှစ်စဉ်ပုံမှန် စပါးတင်း […]

တနင်္သာရီတိုင်းတွင် အသတ်ခံရသူ ၆၀ကျော်၊ ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိပြီ

diz_admin

January 18, 2022

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပစ်ခတ်သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးသွားသူများ၊ ဖမ်းဆီးခံလိုက်ရ သူများနှင့် ပြစ်ဒဏ်ချခံလိုက်သူများ အရေအတွက်တို့ကို ခရိုင်အလိုက် ဖော်ပြအပ်ပါသည်။ ယခုအချက်အလက်များမှာ အထက်ပါအခြေအနေများကို စာရင်းပြုစုနေသည့် Bee Tenasserim အဖွဲ့ထံမှ ကိုးကားထားခြင်း ဖြစ်ပါသည်။ ယင်းအဖွဲ့က ထုတ်ပြန်ထားသည့် သေဆုံးသူများစာရင်းတွင် ဒလန်၊ ပျူစောထီးဟု စွပ်စွဲသတ်ဖြတ်ခံရသူများ မပါဝင်သဖြင့် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။ သတင်းအပြည့်အစုံကို အောက်ပါသတင်းလင့်တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိသည်ဟုဆို တနင်္သာရီတိုင်းတွင် သေဆုံး၊ ဖမ်းဆီးခံ၊ ပြစ်ဒဏ်ချခံရမှု အခြေအနေ