ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မှာ ကိုဗစ်ကြောင့် သေဆုံးမှု သုံးရက်ဆက်တိုက်ရှိ

diz_admin

February 22, 2022

ထားဝယ်တွင် ကိုဗစ်ကြောင့် ယနေ့လည်း သေဆုံးသူတစ်ဦးရှိပြီး သေဆုံးမှု သုံးရက်ဆက်တိုက်ရှိလာပြီ ဖြစ်ကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂) ထားဝယ်ဆေးရုံကြီးတွင် ကိုဗစ်ရောဂါဖြင့် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ သေဆုံးသူ အမျိုးသားမှာ အသက် ၅၄ ခန့်ရှိပြီဖြစ်ပြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဦး၊ ၂၀ ရက်နေ့တွင် တစ်ဦး၊ ယနေ့ ၂၂ ရက်နေ့တွင် တစ်ဦး ရှိလာခြင်း ဖြစ်သည်။ ဖေ‌ဖော်ဝါရီလ ၂၁ ရက်က တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၉၅ ဦးရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ် […]

ထားဝယ်တွင် ကိုဗစ်သေဆုံးလူနာ စတင်တွေ့ရှိပြီးနောက် မြို့ဝင်ထွက် ဂိတ်တွင် ဆေးထိုးလက်မှတ်ပြန်စစ်

diz_admin

February 22, 2022

ထားဝယ်တွင် ကိုဗစ်သေဆုံးလူနာ စတင်တွေ့ရှိရပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ မြို့အဝင်အထွက်ဂိတ်များတွင် ကိုဗစ်ဆေးထိုးပြီးကြောင်း လက်မှတ်အပါအဝင် မှတ်ပုံတင်လည်း စစ်ဆေး နေသည်ဟု ဒေသခံတို့ထံမှသိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် ရေဖြူမြို့နယ်မှ အသက် ၅၉ နှင့် အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် လောင်းလုံးမြို့နယ် လေးသွန်းခံရွာမှအသက် ၆၀ အရွယ်ခန့် အမျိုးသမီးတို့သည် ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ထားဝယ်နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ မြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးထိုးပြီးလက်မှတ်အပါအဝင်၊ မှတ်ပုံတင်၊ ထောက်ခံစာများလည်း စစ်ဆေးနေကြောင်း ခရီးသွားဒေသခံများက ပြောသည်။ “ကမြောကင်းတံတားဂိတ်မှာ စစ်တယ်။ ဆေးထိုးလက်မှတ် မပါရင် ပြန်သွားယူခိုင်းတယ် မြို့ထဲပေးမဝင်ဘူး”ဟု ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာနေသော […]

မွန်တွင် ကိုဗစ်လူနာ သေဆုံးမှု တိုးလာ

diz_admin

February 22, 2022

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေပြီး သေဆုံးမှုလည်း တိုးလာနေကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက်မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လူနာ ၃ ဦး၊ ၂၁ ရက်နေ့က ၂ ဦးနှင့် ၂၂ ရက်နေ့က ၄ ဦး ဆက်တိုက်သေဆုံးခဲ့သည်။ သေဆုံး အတည်ပြုလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် သက်ကြီးပိုင်းများ ဖြစ်ကြောင်း သိရသည်။ “ဒီရက်ပိုင်းမှာ အတည်ပြုလူနာ သေဆုံးတာတွေ ဆက်တိုက်ရှိလာတယ်၊ အများစုက ရောဂါအခံရှိတယ်တဲ့ လူကြီးတွေ အသက် ၇၀ ကျော်၊ ၅၀ ကျော်တွေဖြစ်တယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် အတည်ပြုလူနာ သေဆုံးမှုရှိနေသည့်အပြင် […]

မြို့နယ်ငါးခုက စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများလိုအပ်

diz_admin

February 21, 2022

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ငါးခုက စစ်ဘေးရှောင် ငါးထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ စော်ဖျားရွာ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုတို့မှ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူအချို့က ပြောသည်။ တိုင်းအတွင်း စစ်ဘေးရှောင်စခန်းများမှာ ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် နှစ်ခု၊ ပုလောမြို့နယ်တွင် တစ်ခု စုစုပေါင်း နေရာ သုံးခုသာရှိကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများထံမှ သိရသည်။ ထားဝယ်၊ ရေဖြူ စစ်ရှောင်စခန်း နှစ်ခုနှင့် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ အဝတ်အထည်နှင့် နေထိုင်ရန် အဆောက်အအုံများ လိုအပ်နေကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]

မြိတ်က သေဆုံးသူအမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့

diz_admin

February 21, 2022

မြိတ်မြို့ ကန်ကြီးရပ်ရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သေဆုံးသည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ အသက် ၇၀ နှစ်ကျော်ရှိ အမျိုးသမီးသည် ရုတ်တရက်သေဆုံးပြီးနောက် ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးရာ ပိုးတွေ့ရှိသဖြင့် နေ့ချင်းပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူ၏ နေအိမ်အား lock down ချထားကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦး၊ ၁၈ ရက်နေ့တွင် ၁၈ ဦး၊ ၁၇ ရက်နေ့တွင် ၁၅ ဦး၊ ၁၆ ရက်နေ့တွင် ရှစ် ဦးတို့ရှိကြကြောင်း […]

တနင်္သာရီတွင် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာလိုအပ်

diz_admin

February 20, 2022

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် လယ်သစ်ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသူများ ထံမှသိရသည်။ လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပေါ် နေသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာသားများက ပြောသည်။ “ရွာကိုလည်း မပြန်ရဲသေးဘူး။ ရက်ကြာလာရင်တော့ ကျွန်မတို့အတွက် စားရေးသောက်ရေး အခက်အခဲ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်” ဟု ပဝကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ဘေးရှောင် ရွာသားများသည် နီးစပ်ရာရွာများရှိ အသိမိတ်ဆွေများထံတွင် သွားရောက် ခိုလုံနေကြသလို တောအတွင်းသို့ ဝင်ရောက်တိမ်းရှောင်နေကြသူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။ ပဝကျေးရွာအုပ်စုနှင့် လယ်သစ်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်များနှင့် PDF တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး ရွာသားအချို့ ဖမ်းဆီးခံရခြင်း၊ […]

ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူထပ်တိုး

diz_admin

February 20, 2022

ထားဝယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၀) ကိုဗစ်ကြောင့် သေဆုံးသူ အမျိုးသမီးတစ်ဦး ထပ်တိုးလာကြောင်း နာရေးကူညီမှု-ထားဝယ် ထံမှ သိရသည်။ ယခုသေဆုံးသူ အသက် ၆၀ ခန့်ရှိ အမျိုးသမီးမှာ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာမှဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ အဆိုပါနေ့တွင်ပင် ရေဖြူမြို့နယ်က အသက် ၅၉ အရွယ် အမျိုးသမီးတစ်ဦးလည်း ကိုဗစ်ကြောင့် သေဆုံး သွားသဖြင့် မီးသင်္ဂြိုလ်ပေးခဲ့ရကြောင်း နာရေးကူညီမှု-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “ဒီဟာကို ပေါ့ပေါ့ပါးပါးနဲ့ သွားနေရတယ်ဆိုပြီး ထင်နေတုန်း။ တကယ်လည်း ပေါ့ပေါ့ပါးပါးနဲ့ သွားနေကြ တာကိုး။ အခုကူးနေတာ အိုမီခရွန်လား၊ […]

မွန် NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

February 20, 2022

မွန်ပြည်နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်း နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူနှင့် သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ နေအိမ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်။ ထို့အတူ ဘီးလင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏နေအိမ်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ “(၁၈ ရက်နေ့) ညနေပိုင်းလောက်မှာ နေအိမ်ကို စာလာကပ် ချိတ်ပိတ်သွားတယ်။ ဒေါ်သီရိရတနာတို့က တော့ အဲဒီအိမ်မှာ မရှိတာကြာပြီ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်စပ်သည်ဆိုသည့်စာကို လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်တွင် ကပ်ကာ ချိတ်ပိတ်သွားခြင်း ဖြစ်သည်။ […]