ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကွမ်းသီးအဟောင်း တစ်ပိဿာ ရှစ်ထောင်ကျပ်အထိဖြစ်လာ

diz_admin

August 27, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်အဟောင်း အရည်အသွေးကောင်း (ပါကင်) တစ်ပိဿာ ငွေကျပ်ရှစ်ထောင်ခန့် အထိ ဈေးတက်လာကြောင်း ပွဲရုံအချို့ထံက သိရသည်။ ဩဂုတ်လ ၂၁ ရက်နေ့အထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်သာ ဈေးရှိသော်လည်း ယခုရက်ပိုင်း အတွင်း ကျပ်ရှစ်ထောင်ခန့်ဖြစ်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ်မှ ကွမ်းသီးခြောက်ပွဲရုံအချို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ၆၅၀၀ ကျပ်ခန့်ဖြင့် စတင်ဝယ်ခဲ့ပြီးနောက် တဖြေးဖြေး ဈေးတက်လာရာ ယခု ဩဂုတ်လ ၂၁ ရက်နောက်ပိုင်းတွင် ၈၀၀၀ ကျပ်ခန့်အထိ ဈေးတက်လာကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ကွမ်းသီးပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ အရည်အသွေးကောင်းသည့် ကွမ်းသီးခြောက် (ပါကင်) ပွဲရုံဈေးမှာ တစ်ပိဿာ ၈၀၀၀ ကျပ်ခန့်ရှိပြီး အရည်အသွေး ပေါ်မူတည်၍ […]

မွန်တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ခြိမ်းခြောက် ငွေညှစ်မှုများရှိနေ

diz_admin

August 27, 2022

မွန်ပြည်နယ် မြို့နယ်အချို့တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ခြိမ်းခြောက်ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်များကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၎င်းနှင့် ရင်းနှီးသည့် လုပ်ငန်းရှင်အချို့ ငွေညှစ်ခံနေရမှုကို အဆိုပါလုပ်ငန်းရှင်က Dawe Watch သို့ ပြောဆိုခြင်းဖြစ်သည်။ တောင်းခံသည့်ငွေကို မပေးလျှင် ဆိုင်ကို ဖောက်ခွဲမည်ဟု ခြိမ်းခြောက်နေသည့်အတွက် ကြောက်ရွံ့ကာ ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်များလည်းရှိကြောင်း ၎င်းက ဆိုသည်။ “ဒီရက်ပိုင်းမှာ ရွှေဆိုင်တွေ လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းခံတာတွေ ရှိနေတယ်လို့ သိရတယ်။ မပေးရင် ဆိုင်ကို ဗုံးဖောက်ခွဲမယ် ဘာညာဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။ လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံနေသူတို့သည် […]

ဆလုံများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်ဆောက်

diz_admin

August 27, 2022

ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်တစ်ခု ဆောက်လုပ်နေကြောင်း ဂျလန်းကျွန်းကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက မိန့်ကြားသည်။ စွန့်ပစ်ပုလင်းအမျိုးအစားအစုံ ပုလင်းခွံအလုံးရေ နှစ်ထောင်ကျော်ဖြင့် အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၉ပေ ခန့်ရှိ ရွှေပုလင်း နားနေဆောင်အမည်ရှိ အဆောက်အအုံကို ဂျလန်းကျွန်းကျောင်းတိုက်တွင် ဆောက်လုပ် နေဆဲဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ ဂျလန်းကျွန်းပေါ်ရှိ စွန့်ပစ်ပုလင်းခွံများနှင့် ကမ်းခြေတလျှောက်ရှိ ပုလင်းအကွဲအစတို့သည် ရေရှည်တွင် သဘာဝ သယံဇာတပျက်ဆီးခြင်းနှင့် လူသားတို့အတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ဆရာတော်က မိန့်ကြားသည်။ “သဘာဝသယံဇာတတွေ မပျက်ဆီးအောင်၊ လူတွေလည်း အန္တရာယ်မဖြစ်အောင် စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုအကောင်းဆုံးအသုံးချရမလဲဆိုတာ စဉ်းစားရကနေ ဒီလိုလည်း အသုံးပြုလို့ရပါလားဆိုတာ အားကျအတုယူအောင် နားနေဆောင်ကို စလုပ်ပေးလိုက်တာ” ဟု ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက ဆက်လက်မိန့်ကြားသည်။ […]

ထိုင်းတွင် တစ်ရက်လုပ်အားခ တိုးမြှင့်သတ်မှတ်၊ မြန်မာလုပ်သားများလည်း ခံစားခွင့်ရမည်

diz_admin

August 26, 2022

ထိုင်းအစိုးရအဖွဲ့က နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်သတ်မှတ်လိုက်ပြီး လာမည့် အောက်တိုဘာလ ၁ရက်တွင် စတင်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ယနေ့ (ဩဂုတ် ၂၆) ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိ ပေးနေသည့်လုပ်အားခ၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းကို တိုးမြင့်ခံစားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယခုပေးနေသည့် နှုန်းထားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလက သတ်မှတ်ပေးထားသည့် နှုန်းထားဖြစ်ပြီး ၂ နှစ်ကျော် အကြာတွင် နှုန်းထားသစ် ပြင်ဆင်လာခြင်းဖြစ်သည်။ ယင်းမှာ ထိုင်းနိုင်ငံ၌ ၁၄ နှစ်အကြာတွင် အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရင်ဆိုင် ကျော်လွှားရန်အတွက်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonchob Suthamanaswong က ပြောသည်။ ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အလုပ်သမားများတွင် အဆိုပါ တစ်ရက်လုပ်အားခ တိုးမြှင့်ပေးမှုက အကူအညီအထောက်အပံ့ဖြစ်စေနိုင်ကြောင်း ၎င်းက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 26, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းဝန်ကြီးချုပ်ကို တာဝန်က ဆိုင်းငံ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ ဩဂုတ် ၂၄ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ် အာဏာသိမ်းပြီးတဲ့နောက် ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး ၈ နှစ်ထက်ကျော်လွန်ကာ တာဝန်ထမ်းဆောင်ခွင့် မရှိလို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန် ယူလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်တာ ၈နှစ် သက်တမ်းပြည့်ပြီဖြစ်လို့ ရာထူးကနေ ရပ်ဆိုင်းပေးဖို့ […]

တနင်္သာရီတိုင်းတွင် အလုပ်သမားရှားပါးလာ

diz_admin

August 26, 2022

သွင်းအားစုဈေးနှုန်းများအဆမတန် မြင့်တက်နေသဖြင့် ညည်းတွားနေကြသည့် ရော်ဘာနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူတို့မှာ အလုပ်သမားရှားပါးသည့် အခက်အခဲနှင့်ပါ ရင်ဆိုင်လာနေရကြောင်း ဒေသခံတောင်သူများက ပြောဆိုကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် ဒေသခံ အများအပြား အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ ထွက်ခွာသွားကြသည်။ အချို့မှာ မိသားစုအလိုက်ပြောင်းရွှေ့သွားကြသဖြင့် ဒေသတွင်း ရှိရင်းစွဲ လုပ်ငန်းများတွင် ‌ဝင်ရောက်လုပ်ကိုင်မည့် အလုပ်သမားများ ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံတောင်သူတို့က ပြောဆိုကြသည်။ “ရော်ဘာအ‌နေနဲ့ အခုအခြေအနေပြောရမယ်ဆိုရင် လုံခြုံရေးအခြေအနေကြောင့် အလုပ်သမားငှားလို့ မရဘူး။ အဲဒါစိုးရိမ်နေရတယ်။ ရော်ဘာရာသီရောက်ရင် အစေးခြစ်မယ့်သူမရှိရင် ရှိတဲ့ခြံတွေ ဒီအတိုင်းပဲ ထားရတော့မလို ဖြစ်နေတယ်။ နောက်တစ်ခုကတော့ စက်သုံးဆီလိုမျိုး သွင်းအားစုဈေးနှုန်းတွေ အရမ်းဈေးကြီးလာတယ်” ဟု ထားဝယ်မြို့ရှိ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ဒေသထွက်စပါးမှာ ဈေးကွက်တွင် မျက်နှာပန်းမရသဖြင့် လူငယ်များမှာ […]

ရေဖြူ ရလိုင်ရွာသား စိတ်ဝေဒနာရှင်တစ်ဦး ပစ်သတ်ခံရ

diz_admin

August 26, 2022

ရေဖြူမြို့နယ် ရလိုင်ရွာတွင် ဩဂုတ်လ ၂၄ရက်ညက စိတ်ဝေဒရှင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ည ၇နာရီခွဲခန့်က ရလိုင်ရွာသား ဦးဝင်းတင်ဆိုသူ၏နေအိမ်ရှေ့တွင် လက်နက်ကိုင်လူတစ်စုက ဦးဝင်းတင် အမည်ကို ခေါ်၍ နေအိမ်ကို ပစ်ခတ်နေစဉ် စိတ်ဝေဒနာသည် အမျိုးသားရောက်ရှိလာရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ဦးနိုင်သားဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “စိတ်ရောဂါခံစားနေရတာ သုံးနှစ်လောက်ရှိပြီ။ အဲဒီညက သေနတ်သံကြားရပြီးနောက် ကြက်သွန်လှီး ဓါးတစ်ချောင်းယူပြီး သူ့အမေ ချုပ်ထားတဲ့ကြားက အဲဒီဘက် ထွက်‌ပြေးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးနိုင်သားကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးဝင်းတင်မှာ […]

ကွမ်းရွက်ဈေး လေးဆခန့်တက်လာ

diz_admin

August 26, 2022

အာဏာမသိမ်းမီက ကွမ်းရွက်တစ်စည်း ကျပ်သုံးရာသာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ထောင့်နှစ်ရာ ပေးဝယ်နေရကြောင်း ကွမ်းယာရောင်းချနေသူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ယင်းနှုန်းထားအတိုင်းသာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိခဲ့ရာမှ အောက်တိုဘာလမှစပြီး ကွမ်းရွက်ဈေးများ စတင်တက်ရိပ်ပြလာကြောင်း ကွမ်းယာရောင်းချသူများက ပြောသည်။ “တဖြေးဖြေးနဲ့ တက်လာလိုက်တာ အခုဆိုရင် တစ်ထောင်ကျော်သွားပြီ” ဟု မြိတ်မြို့ရှိ ကွမ်းယာရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းရွက်များကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုတွင် အများအပြားစိုက်ပျိုးကြပြီး ဖောက်သည်မှတစ်ဆင့် ဈေးများတွင် ပြန်လည်ရောင်းချကြလေ့ရှိသည်။ “ကွမ်းပင်ရေလောင်းဖို့ (စက်မောင်းဖို့) စက်သုံးဆီတွေ ဈေးတက်တယ်။ အစာစရိတ်တွေ ဈေးတက်တယ်၊ သူတို့ တက်တော့ အကုန်တက်ပေါ့” ဟု ကလွင်ကျေးရွာအုပ်စုမှ ကွမ်းခြံစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းရွက်ဈေးတက်သလို ဆက်စပ်ပစ္စည်းများလည်း ဈေးနှစ်ဆတက်လာကြောင်း ကွမ်းရောင်းချသူများက ဆိုသည်။ ယခင်က […]