ခဲသတ္တု ပြင်ပပေါက်ဈေးမငြိမ်
diz_admin
September 8, 2022ထားဝယ်အရှေ့တောနယ်မှ ထွက်ရှိသည့် ခဲသတ္တုဈေးနှုန်းမှာ ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျများနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ခဲထုတ်လုပ်(ဒေသအခေါ် ခဲယင်းသူ)သူများက ပြင်ပဝယ်လက်များထံ ရောင်းချသည့် ဈေးနှုန်းမှာ မတည်ငြိမ်ဖြစ်နေခြင်းဖြစ်သည်။ ဩဂုတ်လနှောင်းပိုင်းက ခဲသတ္တု ၈၀ ရာခိုင်နှုန်းပါ ခဲတစ်ပိဿာ စျေးနှုန်းမှာ အရှေ့တောကျေးရွာများတွင် ၅၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ထားဝယ်မြို့ပေါ်တွင် ၅၅၀၀၀ကျပ်ဖြစ်ကြောင်း ခဲရောင်းသည့် ဒေသခံအချို့ထံမှ သိရသည်။ ယခုလဆန်းတွင်မူ ကျေးရွာများတွင် ၄၈၀၀၀ ကျပ်နှင့် ထားဝယ်မြို့ပေါ်တွင် ၅၃၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်ဟု ဆိုသည်။ လက်ရှိတိုက်ပွဲဖြစ်နေသော ထားဝယ်အရှေ့တော ကျေးရွာများဖြစ်သည့် ဟိန္ဒား၊ ကျောက်မဲတောင်၊ ဘဝပင် တောင်သုံးလုံး အစရှိသည့်ကျေးရွာ အနီးတစ်ဝိုက်တွင် ခဲသတ္တုထုတ်လုပ်ကြသည်။ မြို့ပေါ် ခဲသတ္တုပေါက်ဈေးမှာ ထားဝယ်မြို့နှင့် နယ်ကျေးရွာအကြား လမ်းခရီးတွင် စစ်ဆေးမှု(လမ်းကြောင်း) […]


