စစ်ကောင်စီနှင့် ထပ်မတွေ့ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့ ၁၀ ဖွဲ့က တောင်းဆို
diz_admin
September 16, 2022စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က မွန်ပြည်သစ်ပါတီထံ စာပေးပို့ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် ယနေ့ (စက်တင်ဘာ ၁၆) တိုက်တွန်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။ တိုက်တွန်းတောင်းဆိုသည့် အဖွဲ့များမှာ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ မော်လမြိုင်တက္ကသိုလ်သတင်းဌာန၊ မွန်အမျိုးသားကောင်စီ ဩစတြေလျား၊ မွန်အမျိုးသားကွန်ရက်၊ ရာမညဖက်ဒရယ်အင်အားစုသစ်နှင့် အမည်မဖော် လိုသည့် မွန်ပြည်နယ်အခြေစိုက်လူမှုအဖွဲ့အစည်း ငါးဖွဲ့တို့ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၀၈ အခြေခံဥပဒေကိုသာ အခြေခံသည့်အတွက် တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမှု အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အထောက်အပံ့ ပြုနိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား သွေးကွဲစေနိုင်သည်ဟုလည်း ၎င်းတို့က […]


