မြိတ်တွင်ရေငန်တား တမံကျိုးပြီး လယ်ဧက ရာချီ ရေမြုပ်
diz_admin
May 11, 2020မြိတ်မြို့၏ မြောက်ဘက်ပင်လယ်ကမ်းနဘေးရှိ ကလွင်ကျေးရွာတွင် ရေငန်တားတမံရိုးကျိုးသဖြင့် ပြီးခဲ့သည့်နှစ်ကတည်းက လယ်ဧကသုံးရာခန့်နှင့် ကျေးရွာနေအိမ်အချို့ ရေနစ်မြုပ်လျက် ရှိသည်။ ယမန်နှင့် စပါးရိတ်ရာသီမတိုင်မီ တာရိုးကျိုးသဖြင့် လယ်ဧကရာချီရှိ စပါးများဆုံးရှုံးခဲ့သေးသည်။ ယင်းနောက် တာရိုးကျိုးမှု တဖြည်းဖြည်းများလာပြီး မေလဆန်း၌ လယ်ဧက သုံးရာခန့်အထိ ရေမြုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် ရေနစ်မြုပ်နေသည့် နေအိမ်အချို့မှမိသားစုများသည် နီးစပ်ရာအိမ်များတွင် ယာယီနေထိုင်နေကြကြောင်း ယင်းကျေးရွာနေသူများက ပြောပြသည်။ “ဒီရေတက်လာရင် အနီးအနားအိမ်တွေမှာတောင်းပြီး လိုက်နေကြတယ်။ ရေကျသွားရင်တော့ တိုက်ချွတ်ဆေးကြောပြီး ပြန်နေကြရတာပေါ့”ဟု ယင်းတံငါရွာနေသူတစ်ဦး ပြောပြသည်။ လယ်ကွင်းများမှာ နေ့စဉ်ဒီရေတက်ချိန်တွင်း ရေမြုပ်နေပြီး ရွာရှိနေအိမ် ၁၀ အိမ်ဝန်းကျင်မှာ ဒီရေထရက်များတွင် တစ်လနှစ်ကြိမ်ပုံမှန် ရေနစ်မြုပ်လေ့ရှိသည်။ ယင်းကျေးရွာတွင် အိမ်ခြေတစ်ရာကျော်နှင့် လူဦးရေလေးရာခန့်ရှိကာ ကျောင်းသူကျောင်းသား ရှစ်ဆယ်ဦးခန့်သည် ပုံမှန်ကျောင်းဖွင့်ချိန် မိုးရာသီတွင် ဗွက်ထနေသည့် […]